SIN DING THU 20
LA 7 Jehovah, I Thahatna
Jehovah Kiang Pan Hehnepna Zong Un
“Hehpihna hong pia i Pa le hehnepna khempeuh hong pia Pasian, . . . tungah phatna om tahen.”—2 KOR. 1:3. (ZSV)
အာရုံစိုက်ရာ
ဗာဗုလုန်ရောက် ဂျူးသုံ့ပန်းတွေကို ယေဟောဝါ နှစ်သိမ့်အားပေးပုံကနေ ဘာသင်ယူနိုင်သလဲ။
1. Saltang Jew mite ii dinmun gen in.
ယေဟောဝါဘုရားကို ဂျူးတွေ အကြိမ်ကြိမ် ပုန်ကန်ကြတယ်။ ကိုယ်တိုင်နဲ့ ဘိုးဘေးတွေရဲ့ အပြစ်ကြောင့် ဗာဗုလုန်ပြည်ကို သုံ့ပန်းအဖြစ် ဖမ်းသွားခံရကြတယ်။ နေရင်းပြည်လည်း ဖျက်ဆီးခံလိုက်ရပြီ။ (၂ ရာ. ၃၆:၁၅၊ ၁၆၊ ၂၀၊ ၂၁) သုံ့ပန်းဘဝ ရောက်သွားတဲ့ ဂျူးတွေ ဘယ်လို ခံစားကြရသလဲ။ သုံ့ပန်းအဖြစ် ပါသွားပေမဲ့ ဗာဗုလုန်ပြည်မှာ အတော်အတန် လွတ်လွတ်လပ်လပ် နေခွင့်ရကြတယ်။ (ယေ. ၂၉:၄-၇) ဘယ်လောက်ပဲ လွတ်လပ်ပါစေ အဆင်မပြေတာတွေ ရှိတယ်။ သုံ့ပန်းဘဝဆိုတာ သူတို့ နေချင်တဲ့ ဘဝမျိုး မဟုတ်တာလည်း သေချာတယ်။ “ဇိအုန်ကို လွမ်းဆွတ်တဲ့အခါ ဗာဗုလုန်မြို့ရဲ့ မြစ်ကမ်းဘေးတွေမှာ ထိုင်ပြီး ငါတို့ ငိုကြတယ်” လို့ သစ္စာရှိ ဂျူးသုံ့ပန်းတစ်ယောက် ပြောတယ်။ (ဆာ. ၁၃၇:၁) ဂျူးသုံ့ပန်းတွေ စိတ်ဓာတ်ကျနေလို့ နှစ်သိမ့်မှု လိုနေတယ်။ ဘယ်ကနေ နှစ်သိမ့်မှု ရမလဲ။
2-3. (a) Jehovah in saltang Jew mite ading bang sepsak a hiam?(b) Hih sin ding thu-ah bang thu kikum ding i hiam?
၂ ယေဟောဝါဟာ “နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” ဖြစ်တယ်။ (၂ ကော. ၁:၃) ကျေးကျွန်တွေကို ချစ်တယ်၊ နှစ်သိမ့်ပေးချင်တယ်။ သုံ့ပန်းတချို့ နောင်တရပြီး မိမိဆီ ပြန်လှည့်လာမယ်ဆိုတာ သိတယ်။ (ဟေရှာ. ၅၉:၂၀) ဒါကြောင့် ဂျူးတွေ သုံ့ပန်းဘဝ မရောက်ခင် အနှစ် ၁၀၀ ကျော်ကတည်းက ပရောဖက် ဟေရှာယကို စွမ်းအားတော်နဲ့ လမ်းညွှန်ပြီး ကျမ်းတစ်စောင် ရေးခိုင်းတယ်။ ဟေရှာယကျမ်းလို့ ခေါ်တယ်။ ဘာကြောင့် ရေးခိုင်းသလဲ။ သုံ့ပန်းဘဝမှာ ဂျူးတွေ နှစ်သိမ့်မှု လိုမယ်ဆိုတာ သိလို့ ဟေရှာယကျမ်းကတစ်ဆင့် နှစ်သိမ့်ပေးရအောင် ရေးခိုင်းတာပါ။ ‘ဘုရားသခင်က “ငါ့လူတွေကို နှစ်သိမ့်ပေးကြ။ နှစ်သိမ့်ပေးကြပါ” လို့ ပြောတယ်’ ဆိုပြီး ဟေရှာယ ဖော်ပြတယ်။—ဟေရှာ. ၄၀:၁၊ ၂။
၃ ဂျူးသုံ့ပန်းတွေလိုပဲ ကျွန်တော်တို့လည်း နှစ်သိမ့်မှု လိုချိန်တွေ ရှိတယ်။ ဂျူးသုံ့ပန်းတွေကို ယေဟောဝါ နှစ်သိမ့်ပေးတဲ့ နည်းသုံးနည်းကို ဒီဆောင်းပါးမှာ ဆွေးနွေးကြမယ်။ (၁) နောင်တရသူတွေကို ခွင့်လွှတ်မယ်လို့ ကတိပေးခြင်း၊ (၂) မိမိလူမျိုးကို မျှော်လင့်ချက် ပေးခြင်း၊ (၃) စိုးရိမ်ထိတ်လန့်စိတ် လျော့စေခြင်းဆိုတဲ့ နည်းသုံးနည်းပါ။ အဲဒီနည်းတွေ သုံးပြီး ကျွန်တော်တို့ကိုလည်း ယေဟောဝါ ဘယ်လို နှစ်သိမ့်ပေးကြောင်း ဆွေးနွေးကြမယ်။
JEHOVAH’N HEHPIHNA NEI IN HONG MAISAK
4. Hehpihna tawh a kidim Pa ahih lam Jehovah in koi bangin lakkhia a hiam? (Isaiah 55:7)
၄ ယေဟောဝါဟာ “ကရုဏာကြီးတဲ့အဖ” ဖြစ်တယ်။ (၂ ကော. ၁:၃) နောင်တရတဲ့ သုံ့ပန်းတွေကို ခွင့်လွှတ်မယ်လို့ ကတိပေးတာကို ထောက်ရင် ကရုဏာကြီးတာ ထင်ရှားတယ်။ (ဟေရှာယ ၅၅:၇ ကို ဖတ်ပါ။) “ထာဝစဉ် ခိုင်မြဲတဲ့ မေတ္တာမျိုးနဲ့ ကရုဏာပြမယ်” လို့ ပြောတယ်။ (ဟေရှာ. ၅၄:၈) ကရုဏာ ဘယ်လို ပြသလဲ။ မနာခံမှုရဲ့ ဆိုးကျိုးတွေကို ဂျူးတစ်မျိုးလုံး နှစ်နဲ့ချီ ခံရဦးမှာ ဖြစ်ပေမဲ့ ဗာဗုလုန်ပြည်မှာ တစ်သက်လုံး နေရမှာ မဟုတ်ဘူးလို့ ယေဟောဝါ ကတိပေးတယ်။ (ဟေရှာ. ၄၀:၂) နောင်တရတဲ့ ဂျူးတွေ ဒီကတိကြောင့် နှစ်သိမ့်မှု ရသွားကြမှာပဲ။
5. Jehovah in hehpihna nei in hong maisak ding ahih lam saltang Jew mite sangin eite in ba’hang lungmuang zaw thei i hiam?
၅ သင်ခန်းစာ။ ကျေးကျွန်တွေကို ယေဟောဝါ အကြွင်းမဲ့ ခွင့်လွှတ်ပေးချင်တယ်။ ယေဟောဝါ ကရုဏာထားပြီး ခွင့်လွှတ်ပေးမယ်ဆိုတာကို ဂျူးသုံ့ပန်းတွေထက် ကျွန်တော်တို့ ပိုစိတ်ချနိုင်တယ်။ ဘာကြောင့်လဲ။ ခွင့်လွှတ်လို့ ရအောင် ယေဟောဝါ ဘာလုပ်ပေးခဲ့သလဲဆိုတာ သိထားလို့ပဲ။ ဟေရှာယ ကြိုဟောပြီး နှစ်ရာချီအကြာမှာ ချစ်သားယေရှုကို မြေကြီးပေါ် ယေဟောဝါ စေလွှတ်ခဲ့တယ်။ နောင်တရတဲ့ အပြစ်သားအားလုံးအတွက် ရွေးဖိုးပေးဖို့ပါ။ အဲဒီရွေးဖိုးကို အခြေခံပြီး အပြစ်တွေကို အပြီးတိုင် “ပယ်ဖျက်” လိုက်တယ်။ (တ. ၃:၁၉။ ဟေရှာ. ၁:၁၈။ ဧ. ၁:၇) ယေဟောဝါဟာ တကယ် ခွင့်လွှတ်တဲ့ ကရုဏာရှင်ပါပဲ။
6. Jehovah’ maisakna thu i mitsuanna in koi bangin hehnepna hong ngahsak a hiam? (Lim zong en in.)
၆ နောင်တယူပြီးနောက်မှာတောင် အတိတ်က အမှားတွေအတွက် အပြစ်ရှိတယ်လို့ တချို့ တနုံ့နုံ့ ခံစားရနိုင်တယ်။ အထူးသဖြင့် ကိုယ့်အမှားကြောင့် ဆိုးကျိုးတွေ ခံစားနေရရင်ပေါ့။ အဲဒီလိုခံစားနေရတယ်ဆိုရင် ဟေရှာယ ၅၅:၇ မှာ ပါတဲ့ ယေဟောဝါရဲ့ စကားတွေက နှစ်သိမ့်မှု ဖြစ်စေနိုင်တယ်။ အမှား ဝန်ခံပြီးပြီ၊ အမှား ဆက်မလုပ်တော့ဘူးဆိုရင် ယေဟောဝါ ခွင့်လွှတ်လိုက်ပြီဆိုတာ စိတ်ချနိုင်တယ်။ ယေဟောဝါက ခွင့်လွှတ်ပြီဆိုရင် ကျွန်တော်တို့ရဲ့ အပြစ်တွေအကြောင်း မစဉ်းစားတော့ဘူး။ (ယေရမိ ၃၁:၃၄ နဲ့ နှိုင်းယှဉ်ပါ။) ယေဟောဝါတောင် မစဉ်းစားတော့ရင် ကျွန်တော်တို့လည်း မစဉ်းစားသင့်တော့ဘူး။ ကျွန်တော်တို့ ဘာအမှားတွေ လုပ်ခဲ့တယ်ဆိုတာထက် လက်ရှိ ဘာတွေ လုပ်နေတယ်ဆိုတာကသာ ယေဟောဝါအတွက် အရေးကြီးတာပါ။ (ယေဇ. ၃၃:၁၄-၁၆) အမှားကြောင့် ခံစားရတဲ့ ဆိုးကျိုးမှန်သမျှကို ကရုဏာကြီးတဲ့အဖ မကြာခင် အပြီးတိုင် ဖယ်ရှားပေးပါတော့မယ်။
ကျွန်တော်တို့ ဘာအမှားတွေ လုပ်ခဲ့တယ်ဆိုတာထက် လက်ရှိ ဘာတွေ လုပ်နေတယ်ဆိုတာကသာ ယေဟောဝါအတွက် အရေးကြီး (စာပိုဒ် ၆ ကို ကြည့်ပါ)
7. Mawhna lian selcip kha leng pawlpi upate kiangah i pulak theih nadingin bangin hong hanthawn thei a hiam?
၇ ကြီးလေးတဲ့အပြစ် ဖုံးထားလို့ အမှားအမှန်သိစိတ် ဒုက္ခပေးနေရင် ဘာလုပ်သင့်သလဲ။ အကြီးအကဲတွေဆီ အကူအညီ တောင်းဖို့ ကျမ်းစာ အားပေးတယ်။ (ယာ. ၅:၁၄၊ ၁၅) အပြစ်ဝန်ခံပြီး အကူအညီ တောင်းဖို့ဆိုတာ လွယ်တော့ မလွယ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ကူညီဖို့ အကြီးအကဲတွေကို ယေဟောဝါ သုံးတယ်၊ ယေဟောဝါလိုပဲ သူတို့ မေတ္တာကရုဏာရှိတယ်ဆိုတာ သတိရပါ။ ဒီအချက်ကို သတိရရင်၊ တကယ် နောင်တရရင် အကြီးအကဲတွေဆီ အကူအညီ တောင်းမှာ ဖြစ်တယ်။ လုပ်ခဲ့မိတဲ့ အမှားတွေကြောင့် စိတ်ဒုက္ခရောက်ခဲ့တဲ့ ညီအစ်ကို အာသာa အကြောင်း သုံးသပ်ကြည့်ပါ။ အကြီးအကဲတွေကို သုံးပြီး ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။ “တစ်နှစ်လောက် ညစ်ညမ်းရုပ်ပုံ၊ ဗီဒီယိုတွေ ကျွန်တော် ကြည့်ခဲ့တယ်။ ဒါပေမဲ့ သိစိတ်အကြောင်း ဟောပြောချက်တစ်ခု ကြားပြီးနောက် ဇနီးနဲ့ အကြီးအကဲတွေကို ဝန်ခံလိုက်တယ်။ အဲဒီတော့မှပဲ စိတ်ပေါ့သွားတယ်။ ဒါပေမဲ့ ကိုယ့်လုပ်ရပ်ကို စိတ်ပျက်မိနေတုန်းပဲ။ ကျွန်တော့်ကို ယေဟောဝါ မပစ်ပယ်ဘူးဆိုပြီး အကြီးအကဲတွေ အားပေးကြတယ်။ ကျွန်တော့်ကို ယေဟောဝါ ချစ်လို့ ဆုံးမတာ။ အကြီးအကဲတွေရဲ့ နှစ်သိမ့်စကားကြောင့် ကျွန်တော် စိတ်ထိမိသွားတယ်။ ကိုယ့်ကို ယေဟောဝါ တကယ် ခွင့်လွှတ်မှန်း စိတ်ချသွားတယ်” လို့ အာသာ ပြောတယ်။ အခုဆိုရင် မှန်မှန်ရှေ့ဆောင်၊ အသင်းတော် အမှုထမ်းအဖြစ် အမှုဆောင်နေပြီ။ နောင်တစစ်ရရင် ကရုဏာရှင် ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိကြောင်း သိရတာ နှစ်သိမ့်မှု ဖြစ်စေတယ်။
JEHOVAH’N LAMETNA HONG PIA
8. (a) Jehovah in saltang Jew mite bang lametna pia a hiam? (b) Isaiah 40:29-31-a a gen mah bangin, Pasian piak lametna hanga a kisikkik Jew mite’ lungsim koi bangin om a hiam?
၈ လူ့အမြင်အရ ကြည့်ရင် ဂျူးသုံ့ပန်းတွေ မျှော်လင့်ချက် မဲ့နေပုံပဲ။ ဗာဗုလုန်ကမ္ဘာ့အာဏာစက်ဟာ သုံ့ပန်းတွေကို ပြန်လွှတ်ပေးရိုး ထုံးစံ မရှိဘူး။ (ဟေရှာ. ၁၄:၁၇) ဒါပေမဲ့ ယေဟောဝါ မျှော်လင့်ချက် ပေးတယ်။ သုံ့ပန်းဘဝကနေ လွတ်ပြီး ပြည်တော်ပြန်ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ပါ။ ယေဟောဝါရဲ့ စကားတွေ ပြည့်စုံမလာအောင် ဘာကမှ မတားဆီးနိုင်ဘူး။ (ဟေရှာ. ၄၄:၂၆။ ၅၅:၁၂) ယေဟောဝါရဲ့ အမြင်မှာ ဗာဗုလုန်ဟာ ဖုန်မှုန့်သာသာပဲ။ (ဟေရှာ. ၄၀:၁၅) ဗာဗုလုန်ပြည်ကနေ မိမိလူမျိုးကို ကယ်လွှတ်ဖို့ဆိုတာ အလွယ်လေးပဲ။ ဖုန်မှုန့်တွေ လွင့်သွားအောင် လေတစ်ချက် မှုတ်လိုက်ရုံလောက်ကို လွယ်တာ။ ဘုရားပေး မျှော်လင့်ချက်ကြောင့် နောင်တရတဲ့ ဂျူးတွေ ဘယ်လို ခံစားရသလဲ။ နှစ်သိမ့်မှု ရသွားကြတယ်။ ဒါ့အပြင် “ယေဟောဝါကို မျှော်လင့်တဲ့သူတွေကတော့ ခွန်အား ပြန်ပြည့်လာလိမ့်မယ်” လို့ ဟေရှာယ ပြောတယ်။ (ဟေရှာယ ၄၀:၂၉-၃၁ ကို ဖတ်ပါ။) မှန်ပါတယ်၊ မျှော်လင့်ချက်ကြောင့် အားတက်သွားတဲ့ ဂျူးတွေဟာ “တောင်ပံဖြန့်ပြီး ပျံဝဲ” တဲ့ “လင်းယုန်” လို ဖြစ်လာကြတယ်။
9. Jehovah’ gen bangin hong piang takpi ding ahih lam saltang Jew mite in ba’hang um uh a hiam?
၉ မိမိ ပြောတဲ့အတိုင်း တကယ် ဖြစ်လာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တဲ့ အထောက်အထားတွေလည်း ဂျူးသုံ့ပန်းတွေကို ယေဟောဝါ ပေးတယ်။ ဘာအထောက်အထားတွေလဲ။ သူတို့ခေတ်မှာ ပြည့်စုံသွားပြီး ဖြစ်တဲ့ ကြိုဟောချက်တွေကို စဉ်းစားကြည့်ပါ။ ဥပမာ၊ မြောက်ပိုင်း အစ္စရေးဆယ်နွယ်နိုင်ငံကို အဆီးရီးယားတွေ သိမ်းပြီး လူတွေကို သုံ့ပန်းအဖြစ် ခေါ်သွားတာ သူတို့ သိတယ်။ (ဟေရှာ. ၈:၄) ဗာဗုလုန်တွေလက်ချက်နဲ့ ဂျေရုဆလင်မြို့ ဖျက်ဆီးခံရပြီး မြို့သားတွေ သုံ့ပန်းအဖြစ် ပါသွားတာ မြင်ရတယ်။ (ဟေရှာ. ၃၉:၅-၇) ဇေဒကိမင်း မျက်စိဖောက်ခံရပြီး ဗာဗုလုန်ကို ခေါ်သွားခံရတာလည်း သူတို့ သိနေတာပဲ။ (ယေ. ၃၉:၇။ ယေဇ. ၁၂:၁၂၊ ၁၃) ယေဟောဝါ ကြိုဟောသမျှ ပြည့်စုံခဲ့တယ်။ (ဟေရှာ. ၄၂:၉။ ၄၆:၁၀) ဒါကြောင့် လွတ်မြောက်စေမယ်ဆိုတဲ့ ကြိုဟောချက်လည်း ပြည့်စုံလာမယ်ဆိုတာ အခိုင်အမာ စိတ်ချသွားကြမှာပဲ။
10. Hun nunung sungah lametna i neihsuak nadingin bangin hong huh thei a hiam?
၁၀ သင်ခန်းစာ။ စိတ်ပျက်အားငယ်ချိန်မှာ အနာဂတ် မျှော်လင့်ချက်က နှစ်သိမ့်ပေးနိုင်တယ်၊ ခွန်အားပြန်ပြည့်စေနိုင်တယ်။ ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ ကျွန်တော်တို့ အသက်ရှင်ကြရတယ်။ အင်အားကြီး ရန်သူတွေ ဆန့်ကျင်တာ ကြုံရတယ်။ ဒါပေမဲ့ စိတ်ပျက်အားငယ်စရာ မလိုဘူး။ သိပ်ကောင်းတဲ့ မျှော်လင့်ချက် ယေဟောဝါ ပေးထားလို့ပဲ။ ငြိမ်သက်လုံခြုံတဲ့ အသက်တာနဲ့ ထာဝစဉ် နေထိုင်ရမယ်ဆိုတဲ့ အံ့ဖွယ်မျှော်လင့်ချက်ပါ။ အဲဒီမျှော်လင့်ချက်ကို တောက်ပနေစေရမယ်။ မျှော်လင့်ချက် မှေးမှိန်နေရင် မြင်ကွင်း သိပ်လှပေမဲ့ ဖုန်တက်နေတဲ့ ပြတင်းပေါက်မှန်ကနေ ကြည့်လို့ မှုန်ဝါးဝါးပဲ မြင်နေရတာနဲ့ တူသွားမယ်။ “ပြတင်းပေါက်မှန် ကြည်အောင်၊” တစ်နည်းအားဖြင့် မျှော်လင့်ချက် တောက်ပနေအောင် ဘာလုပ်ရမလဲ။ ကမ္ဘာသစ်အသက်တာကို မှန်မှန် အချိန်ယူ တွေးတောပါ။ မျှော်လင့်ချက်အကြောင်း ဆောင်းပါးတွေ ဖတ်ပါ။ ဗီဒီယိုတွေ ကြည့်ပါ။ သီချင်းတွေ နားထောင်ပါ။ ပြည့်စုံစေချင်လှပြီ ဖြစ်တဲ့ ကတိတွေအကြောင်း ယေဟောဝါဆီ ဆုတောင်းပြောပြပါ။
11. Kum sawt natnate a nei unaunu khat tha a dimkik nadingin bangin na huh a hiam?
၁၁ နာတာရှည်ရောဂါတွေ စုံနေတဲ့ ညီအစ်မ ဂျွိုင်းကို မျှော်လင့်ချက်က ဘယ်လို ခွန်အားပြန်ပြည့်စေခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ “ကျွန်မခံစားချက်တွေကို ယေဟောဝါဘုရား နားလည်ပေးမယ်ဆိုတာ ယုံလို့ စိတ်မွန်းကျပ်လာတဲ့အခါ ခံစားရသမျှကို အိတ်သွန်ဖာမှောက် ဆုတောင်းပြောပြတယ်။ အဲဒီလိုပြောပြလိုက်တဲ့အခါ ‘သာမန်ထက် ထူးကဲတဲ့ တန်ခိုး’ ယေဟောဝါ ပေးတယ်” ဆိုပြီး ပြောတယ်။ (၂ ကော. ၄:၇) ‘“နေမကောင်းဘူး” လို့ ပြည်သူပြည်သားတွေ မညည်းရတော့မယ့်’ ကမ္ဘာသစ်မှာ ရောက်နေတယ်လို့ ညီအစ်မ မြင်ယောင်ကြည့်တယ်။ (ဟေရှာ. ၃၃:၂၄) ကျွန်တော်တို့လည်း ယေဟောဝါကို ရင်ဖွင့်မယ်၊ မျှော်လင့်ချက်ကို တောက်ပနေစေမယ်ဆိုရင် ခွန်အားပြန်ပြည့်လာပါလိမ့်မယ်။
12. Jehovah’ gen mah bangin hong piang takpi ding ahih lam ba’hang um thei i hiam? (Lim zong en in.)
၁၂ မိမိ ပြောတဲ့အတိုင်း တကယ် ဖြစ်လာမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တဲ့ အထောက်အထားတွေ ဂျူးသုံ့ပန်းတွေကို ယေဟောဝါ ပေးသလို ကျွန်တော်တို့ကိုလည်း ပေးတယ်။ ကျွန်တော်တို့ခေတ်မှာ ပြည့်စုံနေတဲ့ ကြိုဟောချက်တွေကို စဉ်းစားကြည့်ပါ။ ဥပမာ၊ “ခိုင်မာခြင်းတစ်ဝက်၊ ကျိုးပဲ့လွယ်ခြင်းတစ်ဝက် ရောနှောနေ” တဲ့ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်ကို မြင်ရတယ်။ (ဒံ. ၂:၄၂၊ ၄၃) ‘တစ်နေရာပြီး တစ်နေရာ ငလျင်လှုပ်တဲ့’ သတင်းတွေ ကြားရတယ်။ “လူမျိုးအားလုံး” ဆီ သတင်းကောင်း ရောက်နေတယ်။ (မ. ၂၄:၇၊ ၁၄) ဒီကြိုဟောချက်တွေနဲ့ တခြားကြိုဟောချက်တွေ ပြည့်စုံနေတာ မြင်ရလို့ ကျွန်တော်တို့ မျှော်လင့်နေတာတွေလည်း တကယ် ဖြစ်လာမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။
ကြိုဟောချက်တွေ ပြည့်စုံနေတာကို မြင်ရတဲ့အခါ ယေဟောဝါရဲ့ ကတိတွေကို ယုံလာ (စာပိုဒ် ၁၂ ကို ကြည့်ပါ)
JEHOVAH’N I LUNGHIMAWHNA KIAMSAK
13. (a) A suahtak ding uh a naih hun ciang Jew mite in bang haksatna tuakkha ding uh a hiam? (b) Isaiah 41:10-13-a a gen mah bangin, Jehovah in saltang Jew mite koi bangin hehnem a hiam?
၁၃ လွတ်မြောက်မယ်ဆိုတဲ့ မျှော်လင့်ချက် သုံ့ပန်းတွေကို ပေးပေမဲ့ လွတ်မြောက်ဖို့ နီးလေ ခက်လေ ဖြစ်မယ်ဆိုတာ ယေဟောဝါ သိတယ်။ ဂျူးသုံ့ပန်းဘဝ အဆုံးတိုင်ခါနီးမှာ ဗာဗုလုန်တစ်ဝိုက်က မြို့တွေကို၊ အဲဒီနောက် ဗာဗုလုန်ကို အင်အားကြီး မင်းတစ်ပါး တိုက်ခိုက်သိမ်းပိုက်မယ်ဆိုပြီး ကြိုဟောတယ်။ (ဟေရှာ. ၄၁:၂-၅) ဂျူးတွေ စိုးရိမ်ထိတ်လန့်စရာ လိုသလား။ “မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။ မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ ဘုရားသခင်ပါ” ဆိုပြီး ဟိုးနှစ်ပေါင်းများစွာကတည်းက ယေဟောဝါ ကြိုပြောထားတယ်။ (ဟေရှာယ ၄၁:၁၀-၁၃ ကို ဖတ်ပါ။) “ငါဟာ မင်းရဲ့ ဘုရားသခင်ပါ” ဆိုတာ ဘာကို ဆိုလိုသလဲ။ ယေဟောဝါဟာ ဘုရား ဖြစ်မှန်း ဂျူးတွေ သိပြီးသားပဲ။ ဒါကြောင့် မိမိကို ဝတ်ပြုဖို့ သတိပေးနေတာ မဟုတ်ဘူး။ ဂျူးတွေနဲ့ အတူ မိမိ ရှိနေဆဲပဲဆိုတာ သတိပေးနေတာပါ။—ဆာ. ၁၁၈:၆။
14. Jehovah in saltang Jew mite pen a dang koi bang dan tawh a lunghimawhna uh kiamsak a hiam?
၁၄ မိမိရဲ့ အံ့မခန်းဖွယ် တန်ခိုး၊ ဉာဏ်ပညာအကြောင်း အမှတ်ရစေခြင်းအားဖြင့်လည်း ဂျူးသုံ့ပန်းတွေကို ယေဟောဝါ စိုးရိမ်ထိတ်လန့်စိတ် လျော့စေတယ်။ ကောင်းကင်ကို မော့ကြည့်ဖို့ ယေဟောဝါ ပြောတယ်။ ကြယ်တွေကို ဖန်ဆင်းခဲ့ရုံမက ကြယ်တစ်လုံးစီရဲ့ နာမည်ကို သိကြောင်း သူတို့ကို ပြောပြတယ်။ (ဟေရှာ. ၄၀:၂၅-၂၈) ကြယ်တစ်လုံးစီရဲ့ နာမည်ကို သိရင် ကျေးကျွန်တစ်ယောက်စီရဲ့ နာမည်ကို သိမှာ အသေအချာပါပဲ။ ကြယ်တွေကို ဖန်ဆင်းနိုင်စွမ်း ရှိရင် ကျေးကျွန်တစ်ယောက်စီကို ခွန်အားပေးနိုင်စွမ်း ရှိမှာ အသေအချာပါပဲ။ ဂျူးသုံ့ပန်းတွေ စိုးရိမ်ထိတ်လန့်စရာအကြောင်း မရှိဘူး။
15. Pasian in saltang Jew mite mailam ah a tuahkhak ding nate ading koi bangin kithawi kholsak a hiam?
၁၅ ရှေ့မှာ ကြုံရမယ့်အရာတွေအတွက် ဂျူးသုံ့ပန်းတွေကို ယေဟောဝါ ပြင်ဆင်ပေးတယ်။ “အတွင်းခန်းတွေထဲ ဝင်သွားပြီး တံခါးပိတ်ထားကြ။ ငါ့အမျက် ပြေသွားချိန်အထိ ခဏလေး ပုန်းရှောင်နေကြပါ” လို့ ဟေရှာယ ၂၆:၂၀ မှာ ယေဟောဝါ ပြောတယ်။ ဗာဗုလုန်ကို ဆိုင်းရပ်မင်း တိုက်ခိုက်ချိန်မှာ ဒီလမ်းညွှန်ချက်ကို ဂျူးတွေ လိုက်နာခဲ့ပုံရတယ်။ ဗာဗုလုန်ကို တိုက်ခိုက်ချိန်မှာ “အိမ်ပြင်မှာ တွေ့သမျှ လူအားလုံးကို သတ်ပစ်ဖို့” စစ်သားတွေကို ဆိုင်းရပ်မင်း အမိန့်ပေးတယ်ဆိုပြီး ရှေးဂရိသမိုင်းပညာရှင်တစ်ယောက် ဆိုတယ်။ ဗာဗုလုန်မြို့သားတွေ စိုးရိမ်ထိတ်လန့်နေနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာတဲ့ ဂျူးသုံ့ပန်းတွေကတော့ လွတ်မြောက်သွားပုံရတယ်။
16. Ba’hang mailam ading lunghimawh luat ding kisam lo i hiam? (Lim zong en in.)
၁၆ သင်ခန်းစာ။ လူ့သမိုင်းမှာ တစ်ခါမှ မကြုံဖူးသေးတဲ့ ကြီးစွာသောဒုက္ခ မကြာခင် စတော့မယ်။ ကြီးစွာသောဒုက္ခ စတဲ့အခါ လောကက လူတွေ စိုးရိမ်ထိတ်လန့်သွားကြမှာ။ ယေဟောဝါရဲ့ လူမျိုး ကျွန်တော်တို့ကတော့ စိုးရိမ်ထိတ်လန့်မှာ မဟုတ်ဘူး။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ဘုရား ဖြစ်မှန်း သိထားလို့ပါပဲ။ “ကယ်တင်မယ့်အချိန် ရောက်ခါနီးပြီ ဖြစ်လို့ မတ်မတ်ရပ်ပြီး ခေါင်းမော့ထား” နိုင်ကြမယ်။ (လု. ၂၁:၂၈) နိုင်ငံပေါင်းစုံ မဟာမိတ် တိုက်ခိုက်လာချိန်မှာလည်း အခိုင်အမာ ရပ်တည်နိုင်ကြမယ်။ ကောင်းကင်တမန်တွေ သုံးပြီး ကျွန်တော်တို့ကို ယေဟောဝါ ကာကွယ်ပေးမယ်။ အသက်ကယ် လမ်းညွှန်ချက်တွေ ပေးမယ်။ လမ်းညွှန်ချက်တွေ ဘယ်လို ပေးမလဲဆိုတာတော့ မသိသေးဘူး။ အသင်းတော်တွေကတစ်ဆင့် ပေးတာ ဖြစ်နိုင်တယ်။ ဒါကြောင့် “အတွင်းခန်းတွေ” ဆိုတာ အသင်းတော်တွေကို ပြောတာ ဖြစ်နိုင်တယ်။ အသင်းတော်က လာတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာခြင်းအားဖြင့် ကျွန်တော်တို့ ငြိမ်သက်လုံခြုံနိုင်ကြတယ်။ ရှေ့မှာ ကြုံရမယ့်အရာတွေအတွက် ဘယ်လို ပြင်ဆင်နိုင်သလဲ။ ညီအစ်ကို/မတွေနဲ့ နီးနီးကပ်ကပ် နေပါ။ အဖွဲ့အစည်းရဲ့ လမ်းညွှန်ချက်တွေကို နာခံဖို့ အသင့်ရှိပါ။ အဖွဲ့အစည်းကို ယေဟောဝါ ဦးဆောင်နေတယ်ဆိုတာ စိတ်ချပါ။—ဟီ. ၁၀:၂၄၊ ၂၅။ ၁၃:၁၇။
ယေဟောဝါရဲ့ တန်ခိုး၊ ကယ်တင်နိုင်စွမ်းကို တွေးတောဆင်ခြင်တာက ကြီးစွာသောဒုက္ခအတွင်း ဘာတွေ ကြုံရမလဲဆိုတာ အလွန်အမင်း မစိုးရိမ်ဖို့ ကူညီပေး (စာပိုဒ် ၁၆ ကို ကြည့်ပါ)b
17. Jehovah kiang pan hehnepna koi bangin kingah thei i hiam?
၁၇ သုံ့ပန်းဘဝမှာ အဆင်မပြေတာတွေ ရှိပေမဲ့ ဂျူးတွေကို ယေဟောဝါ နှစ်သိမ့်အားပေးခဲ့တယ်။ ကျွန်တော်တို့ကိုလည်း နှစ်သိမ့်အားပေးမယ်။ အနာဂတ်မှာ ဘာပဲကြုံကြုံ ယေဟောဝါဆီက နှစ်သိမ့်မှု ဆက်ရယူနေပါ။ ဘယ်လို ရယူနိုင်သလဲ။ နောင်တရသူတွေကို ယေဟောဝါ တကယ် ခွင့်လွှတ်တယ်၊ ဂရုစိုက်တယ်ဆိုတာ စိတ်ချပါ။ မျှော်လင့်ချက်ကို တောက်ပနေစေပါ။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ ဘုရား ဖြစ်လို့ ဘာကိုမှ စိုးရိမ်ထိတ်လန့်နေစရာ မလိုဘူးဆိုတာ သတိရပါ။
LA 3 တို့မျှော်လင့်ကိုးစားရာ
a အမည်လွှဲများ။
b ပုံအညွှန်း– ညီအစ်ကို/မတစ်စု အတူတူ စုဝေးနေ။ ယေဟောဝါ တန်ခိုးကြီးမားတယ်၊ မိမိလူမျိုး ဘယ်နေရာမှာ ရှိနေပါစေ ကာကွယ်နိုင်တယ်ဆိုတာ သူတို့ စိတ်ချ။