Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 May laim. 20-25
  • Jehovah Min—Jesuh Ading Thupi

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • Jehovah Min—Jesuh Ading Thupi
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • “NANGMA MIN KA PULAK KHINZO TA HI”
  • “NANGMA HONG PIAK NA MIN”
  • “PA AW, NANGMA MIN THANGSAK TA IN”
  • ‘KA NUNTAKNA KA PIAKHIA HI’
  • ‘SEP DINGIN NA HONG PIAK NASEP KHEMPEUH SEM KHINTA ING’
  • Jehovah Min—Ei Ading A Thupi Dan
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • “Jehovah’ Min Phat Un”
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Tatkhiatna In Hong Theihsak Thute
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Kua’ Na Sem Ding Cih Tu Ni-in Teel Un
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 May laim. 20-25

SIN DING THU 22

LA 15 ယေဟောဝါရဲ့ သားဦးကို ကြိုဆို​ဂုဏ်ပြု

Jehovah Min—Jesuh Ading Thupi

‘Nangma min ka gen khin hi.’—JOH. 17:26.

အာရုံစိုက်​ရာ

ယေဟောဝါရဲ့​နာမည်ကို ယေရှု ဘယ်လို သိစေ​သလဲ၊ သန့်ရှင်း​မြင့်မြတ်​စေ​သလဲ၊ သံသယ ကင်းရှင်း​စေ​သလဲ။

1-2. (a) Jesuh in a sihma zanin bang hih a hiam? (b) Hih sin ding thu ah bang dotnate kikum ding i hiam?

အေဒီ ၃၃၊ နိသန်လ ၁၄ ရက်၊ ကြာသပတေးနေ့ ညနေ၊ အထက်ခန်း​တစ်ခန်း​မှာ သစ္စာရှိ တမန်တော်တွေနဲ့​အတူ ယေရှု နောက်ဆုံး​ညစာ စားတယ်။ မကြာခင် မိမိ သစ္စာ​ဖောက်​ခံရမယ်၊ စီရင်ချက် ချ​ခံရမယ်၊ နှိပ်စက်​ညှဉ်းပန်း​ခံရမယ်၊ အသတ်​ခံရမယ်​ဆိုတာ သိတယ်။ ဒါကြောင့် ညစာ​စား​ပြီးနောက် တမန်တော်တွေကို နောက်ဆုံး​အမှာစကား ပြော​ရင်း အားပေးတယ်။ အထက်ခန်း​ကနေ တမန်တော်တွေနဲ့​အတူ ထွက်မသွားခင် ဆုတောင်းတယ်။ အဓိပ္ပာယ် သိပ်​ပြည့်ဝ​တဲ့ ယေရှုရဲ့ ဆုတောင်းချက်ကို ယောဟန် အခန်းကြီး ၁၇ မှာ တမန်တော် ယောဟန် မှတ်တမ်း​တင်ထားတယ်။

၂ ယေရှု မသေဆုံးခင်​မှာ ဘာကို စိတ်ပူ​နေသလဲ။ မြေကြီးပေါ် အမှုဆောင်စဉ်​တစ်လျှောက် ဘာကို အလေးထား​သလဲ။ ဒီ​မေးခွန်းတွေနဲ့ပတ်သက်ပြီး ယေရှုရဲ့ ဆုတောင်းချက်​ကနေ ဘာတွေ သိနိုင်​ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

“NANGMA MIN KA PULAK KHINZO TA HI”

3. Jesuh in “nangma min ka pulak khinzo ta hi,” ci-in a genna in bang a cihnopna a hiam? (Johan 17:6, 26)

၃ ယေရှု ဆုတောင်း​တုန်းက “အဖရဲ့​နာမည် သိအောင် ကျွန်တော် ဖော်ပြပါ​ပြီ” လို့ ပြောတယ်။ နှစ်ကြိမ်​တောင် အဲဒီလို​ပြော​ထားတာ ကြည့်ရင် တပည့်တွေကို အဖရဲ့​နာမည် ဘယ်လောက် သိစေချင်​သလဲ နားလည်နိုင်တယ်။ (ယောဟန် ၁၇:၆၊ ၂၆ ကို ဖတ်ပါ။) အဖရဲ့​နာမည် သိစေတယ်​ဆိုတာ ဘာကို ဆိုလို​သလဲ။ ဘုရား​နာမည်ကို တပည့်တွေ မသိလို့​လား။ တပည့်တွေဟာ ဂျူးတွေ ဖြစ်လို့ ဘုရား​နာမည် သိပြီးသား​ပါ။ ဟီဘရူး​ကျမ်းစောင်တွေထဲမှာ ဘုရား​နာမည် အကြိမ် ၇,၀၀၀ နီးပါး ပါတယ်။ ဒါကြောင့် တပည့်တွေကို ဘုရား​နာမည်သာမက ဘယ်လို​ဘုရား​မျိုး ဖြစ်ကြောင်း၊ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်၊ ဂုဏ်ရည်တော်​တွေ​အကြောင်း သိအောင် ကူညီပေးတာကို ဆိုလိုတယ်။ ယေရှု​လောက် ကူညီပေးနိုင်သူ ရှိမှာ မဟုတ်ဘူး။

4-5. (a) Mi khat’ min in ei adingin khiatna hong nei thei semsem ahih lam gentehna pia in. (b) Jesuh’ nungzuite in Jehovah min pen koi bang danin hong thei semsem uh a hiam?

၄ နာမည်​တစ်ခုဟာ ကိုယ့်​အတွက် အဓိပ္ပာယ် ပို​ရှိလာနိုင်​ကြောင်း သဘောပေါက်ဖို့ ဥပမာ​တစ်ခု စဉ်းစားကြည့်ပါ။ သင့်​အသင်းတော် အကြီးအကဲ​တစ်ယောက်ဟာ ခွဲစိတ်​ဆရာဝန် ဆိုပါစို့။ သူ့​နာမည် ဒေးဗစ်​လို့ ခေါ်တယ်။ သူ့ကို သိတာ နှစ်​အတော်​ကြာပြီ။ တစ်နေ့​တော့ သင် အရေးပေါ် ကျန်းမာရေး ပြဿနာ ပေါ်လာတယ်။ ဒါနဲ့ သူ အလုပ်​လုပ်တဲ့ ဆေးရုံကို သွားတယ်။ သင့်​အသက်ကို သူ ကယ်​ပေးလိုက်တယ်။ အခုဆိုရင် သူ့​နာမည်​ဟာ သင့်အတွက် အဓိပ္ပာယ် ပိုရှိလာပြီ မဟုတ်လား။ ညီအစ်ကို ဒေးဗစ်​လို့ ကြား​လိုက်တာနဲ့ သူ လုပ်ပေးခဲ့တာ​ကို​ပါ စဉ်းစားမိ​သွားပြီ။ သိတာ​ကြာပြီ ဖြစ်တဲ့ အကြီးအကဲ​လို့​ပဲ မမြင်တော့​ဘူး။ အသက်​ကယ်​ပေးထားတဲ့ ဆရာဝန်​လို့ မြင်​နေပြီ။

၅ အဲဒီလိုပဲ ယေဟောဝါရဲ့​နာမည်ကို ယေရှု​တပည့်တွေ သိကြတယ်။ ဒါပေမဲ့ ယေရှုရဲ့ သွန်သင်ချက်တွေကို နားထောင်တဲ့​အခါ၊ တခြားသူတွေ​အပေါ် ဆက်ဆံပုံ​ကို ကြည့်တဲ့​အခါ ယေဟောဝါကို သူတို့ ပို “သိ” လာတယ်။ နာမတော်ဟာ သူတို့​အတွက် အဓိပ္ပာယ် ပိုရှိလာတယ်။ ဘာကြောင့်လဲ။ ပြောဆို​လုပ်ကိုင်​သမျှမှာ ယေဟောဝါကို ယေရှု အတုယူ​လို့​ပါပဲ။—ယော. ၁၄:၉။ ၁၇:၃။

“NANGMA HONG PIAK NA MIN”

6. Koi bang danin Jehovah in Jesuh tungah a min na pia a hiam? (Johan 17:11, 12)

၆ “ကျွန်တော့်ကို ခံယူ​ခွင့်​ပေးထားတဲ့ နာမတော်ကို ထောက်ပြီး သူတို့ကို ကာကွယ်​စောင့်ရှောက်ပေး​ပါ” ဆိုပြီး တပည့်တွေ​အတွက် ယေရှု ဆုတောင်းတယ်။ (ယောဟန် ၁၇:၁၁၊ ၁၂ ကို ဖတ်ပါ။) နာမတော် ခံယူ​ခွင့်​ရတယ်​ဆိုတာ ယေရှု​နာမည် ယေဟောဝါ ဖြစ်သွား​တာကို မဆိုလိုပါဘူး။ ယေဟောဝါ​ဆိုတာ “အဖရဲ့​နာမည်” ဖြစ်တယ်လို့ ယေရှု ပြော​ထားလို့​ပါပဲ။ ဒါ​ဆိုရင် ဘယ်လို​သဘော​နဲ့ နာမတော် ခံယူ​ခွင့်​ရထားသလဲ။ ပထမ၊ ယေရှုဟာ ယေဟောဝါရဲ့ ကိုယ်စားလှယ်၊ ပြောရေးဆိုခွင့်​ရှိသူ ဖြစ်တယ်။ အဖရဲ့​နာမည်နဲ့ ရောက်လာတယ်။ အဖရဲ့​နာမည် သုံးပြီး အံ့ဖွယ်​အမှုတွေ လုပ်တယ်။ (ယော. ၅:၄၃။ ၁၀:၂၅) ဒုတိယ၊ ယေရှု​နာမည်​အဓိပ္ပာယ်​က “ယေဟောဝါဟာ ကယ်တင်ခြင်း” ဖြစ်လို့ ယေရှု​နာမည်​မှာ ယေဟောဝါရဲ့​နာမည် ပါ​နေတယ်။

7. Jehovah min zangin Jesuh in thugen ahih lam i tel theih nading gentehna pia in?

၇ ယေဟောဝါရဲ့​နာမည် သုံးပြီး ယေရှု ပြောဆိုတယ်​ဆိုတာ သဘောပေါက်ဖို့ ဥပမာ​တစ်ခု စဉ်းစားကြည့်ပါ။ သံအမတ်​တစ်ယောက်ကို မိမိ​ကိုယ်စား တစ်နေရာကို သမ္မတ စေလွှတ်​လိုက်တယ်​ဆိုပါစို့။ သံအမတ် ပြောသမျှ​ဟာ သမ္မတ ပြော​သလောက်ကို ဩဇာ​ရှိတယ်။ သမ္မတ​ကိုယ်စား သူ ပြောဆို​ခွင့်​ရှိတယ်။ အဲဒီလိုပဲ ယေရှုဟာ ကိုယ်စားလှယ်​အဖြစ် စေလွှတ်​ခံရလို့ ယေဟောဝါရဲ့​နာမည် သုံးပြီး ပြောဆိုနိုင်​တယ်။ ယေဟောဝါ​ကိုယ်စား ပြောဆို​ခွင့်​ရှိတယ်။—မ. ၂၁:၉။ လု. ၁၃:၃၅။

8. Jesuh leitungah a hong pai mapek a kipan Jehovah min tawh nasem, cih ba’hang gen thei i hiam? (Paikhitna 23:20, 21)

၈ ယေဟောဝါ သိစေချင်တာတွေ၊ လုပ်​စေချင်​တာ​တွေ​အကြောင်း ကောင်းကင်တမန်တွေ၊ လူတွေကို ပြောပြ​ရတဲ့​အတွက် ကျမ်းစာမှာ ယေရှုကို “နှုတ်ကပတ်တော်” လို့ ခေါ်ထားတယ်။ (ယော. ၁:၁-၃) အစ္စရေးတွေ​ကို တောကန္တာရမှာ စောင့်ရှောက်ဖို့ ယေဟောဝါ စေလွှတ်တဲ့ ကောင်းကင်တမန်​ဟာ ယေရှု ဖြစ်​ပုံ​ပဲ။ “ငါ့​နာမည် ခံ​ယူထားတဲ့​သူ” ဖြစ်လို့ သူ့ကို နာခံ​ပါ​ဆိုပြီး အစ္စရေးတွေ​ကို ယေဟောဝါ ပြောတယ်။a (ထွက်မြောက်ရာ ၂၃:၂၀၊ ၂၁ ကို ဖတ်ပါ။) ယေရှုဟာ မိမိရဲ့​ကိုယ်စားလှယ် ဖြစ်လို့၊ နာမတော် သန့်ရှင်းမြင့်မြတ်စေဖို့ အဓိက တာဝန်ယူ​ထား​သူ ဖြစ်လို့ “ငါ့​နာမည် ခံယူ​ထားတဲ့​သူ” ဆိုပြီး ယေဟောဝါ ပြောတာ။

“PA AW, NANGMA MIN THANGSAK TA IN”

9. Jesuh ading Jehovah min bang zah takin thupi a hiam? Hilhcian in.

၉ သိခဲ့​ရတဲ့​အတိုင်း ယေရှု မြေကြီးပေါ် မလာ​ခင်​ကတည်းက နာမတော်ကို သိပ်​အလေးထားတယ်။ မြေကြီးပေါ် ရှိစဉ်​မှာ​လည်း နာမတော်ကို အလေးထားကြောင်း လုပ်ဆောင်​သမျှမှာ ပေါ်လွင်​တယ်။ အမှုဆောင်ချိန် အဆုံးပိုင်းမှာ “အဖ၊ အဖရဲ့​နာမည်ကို ဘုန်း​ထင်ရှားစေပါ” လို့ ဆုတောင်းတယ်။ “ငါ ဘုန်း​ထင်ရှားစေခဲ့ပြီ။ နောက်တစ်ကြိမ် ဘုန်း​ထင်ရှားစေ​ဦး​မယ်” ဆိုတဲ့ ယေဟောဝါရဲ့​အသံ ကောင်းကင်​ကနေ ချက်ချင်း ဟိန်းထွက်​လာတယ်။—ယော. ၁၂:၂၈။

10-11. (a) Koi bang danin Jesuh in Jehovah min thangsak a hiam? (Lim zong en in.) (b) Jehovah min siangtho ding le paubaanna a omloh nading ba’hang kisam a hiam?

၁၀ နာမတော်ကို ယေဟောဝါ ဘုန်း​ထင်ရှားစေ​သလို ယေရှုလည်း ဘုန်း​ထင်ရှားစေတယ်။ ဘယ်လို​နည်းနဲ့လဲ။ တစ်နည်း​ကတော့ အဖရဲ့​ဂုဏ်ရည်တော်​တွေ၊ အံ့ဖွယ်​လုပ်ဆောင်မှုတွေ​အကြောင်း တခြားသူတွေကို ပြောပြခြင်း​အားဖြင့်​ပါ။ ဒါပေမဲ့ ဘုန်း​ထင်ရှားစေဖို့​ဆိုရင် ဒီ့ထက်​မက လိုအပ်တယ်။ နာမတော် သန့်ရှင်း​မြင့်မြတ်စေဖို့၊ သံသယ ကင်းရှင်း​စေဖို့ လိုအပ်တာ​ပါ။b ဒီ​အရေး​ကိစ္စကို ယေရှု သိပ်​အလေးထားတယ်​ဆိုတာ နောက်လိုက်တွေကို စံပြ​ဆုတောင်းချက် သင်ပေးချိန်မှာ ပေါ်လွင်​တယ်။ “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ” ဆိုပြီး ဆုတောင်းဖို့ ယေရှု သင်ပေးတယ်။—မ. ၆:၉။

၁၁ နာမတော် သန့်ရှင်း​မြင့်မြတ်ဖို့၊ သံသယ ကင်းရှင်း​ဖို့ ဘာကြောင့် လိုအပ်​သလဲ။ ယေဟောဝါကို ဧဒင်​ဥယျာဉ်မှာ စာတန်​မာရ်နတ် ဂုဏ်ဖျက်​ခဲ့​လို့​ပါပဲ။ ယေဟောဝါ လိမ်လည်တယ်၊ အာဒံနဲ့ ဧဝ​ကို ကောင်းတာတွေ အကုန်​မပေးဘဲ ထိမ်ချန်​ထားတယ်​လို့ ပြောတယ်။ (က. ၃:၁-၅) ယေဟောဝါရဲ့ အုပ်ချုပ်ပုံ​နည်းလမ်း မမှန်ကန်​ဘူး​လို့ စွပ်စွဲ​လိုက်တာ​ပါပဲ။ စာတန့်​စွပ်စွဲချက်တွေ​က ယေဟောဝါရဲ့​နာမည်၊ ဂုဏ်သတင်းကို ထိခိုက်စေ​တယ်။ အကျိုး​ရလို့​သာ ယေဟောဝါကို လူတွေ ဝတ်ပြုတာ​ဆိုပြီး ယောဘ​ခေတ်မှာ စာတန် စွပ်စွဲ​ပြန်​တယ်။ ဘယ်သူမှ ယေဟောဝါကို တကယ် မချစ်ဘူး၊ အခက်အခဲ ကြုံလာရင် စွန့်ခွာ​သွားမယ်လို့ ပြောတယ်။ (ယောဘ ၁:၉-၁၁။ ၂:၄) လိမ်လည်​ပြောတာ ယေဟောဝါ​လား၊ စာတန်​လား​ဆိုတာ သက်သေ​ပြဖို့ အချိန်​လိုအပ်တယ်။

လူအုပ်ကြီးကို ယေရှု တောင်ပေါ်တရားတော် ဟောပြောနေ။

နာမတော် သန့်ရှင်း​မြင့်မြတ်စေခြင်း​ဟာ ဘယ်လောက် အရေးကြီးကြောင်း နောက်လိုက်တွေကို ယေရှု သင်ပေး (စာပိုဒ် ၁၀ ကို ကြည့်ပါ)


‘KA NUNTAKNA KA PIAKHIA HI’

12. Jesuh in Jehovah it mahmah ahih manin lungsim takpi tawh bang teng sem a hiam?

၁၂ စုံလင်တဲ့ ပထမ​လူသား အာဒံနဲ့ ဧဝ​ဟာ ယေဟောဝါကို ကျောခိုင်းပြီး စာတန်​နောက် ပါ​သွားကြတယ်။ ယေရှု​ကတော့ ယေဟောဝါကို သိပ်ချစ်တဲ့​အတွက် နာမတော် သန့်ရှင်း​မြင့်မြတ်ဖို့၊ သံသယ ကင်းရှင်း​ဖို့ ဘာမဆို လုပ်ချင်​တယ်။ ယေရှု ဘာတွေ လုပ်ခဲ့သလဲ။ မြေကြီးပေါ် လိုလိုလားလား လာတယ်။ အသက်တာ​တစ်လျှောက်လုံး အကြွင်းမဲ့ သမာဓိ​စောင့်သိ​တယ်။ (ဟီ. ၄:၁၅။ ၅:၇-၁၀) နာမတော်​အတွက် “အသက်စွန့်” ဖို့​တောင် အသင့်​ပဲ။ (ယော. ၁၀:၁၇၊ ၁၈)c တကယ်လည်း ဒုက္ခ​သစ်တိုင်ပေါ်မှာ အသေခံ​တဲ့​အထိ သမာဓိ​စောင့်သိ​ခဲ့တယ်။ (ဟီ. ၁၂:၂) ဒီနည်း​အားဖြင့် ယေဟောဝါနဲ့ နာမတော်ကို ချစ်ကြောင်း သက်သေ​ပြတယ်။

13. Zuaugen pa pen Satan ahih lam a kiciansak nadingin ba’hang Jesuh kilawm pen a hiam?(Lim zong en in.)

၁၃ လိမ်လည်​သူဟာ ယေဟောဝါ မဟုတ်ဘဲ စာတန် ဖြစ်ကြောင်း ယေရှုရဲ့ လုပ်ရပ်​တိုင်း​က သက်သေ​ပါပဲ။ (ယော. ၈:၄၄) ယေဟောဝါ​အကြောင်း ဘယ်သူ့ထက်​မဆို ယေရှု သိတယ်။ စာတန့်​စွပ်စွဲချက် တစ်ချက်ချက်​သာ မှန်​နေ​ရင် ယေရှု မသိဘဲ မနေဘူး။ ဒါပေမဲ့ စွပ်စွဲချက်​တစ်ချက်​မှ မမှန်​လို့ ယေဟောဝါရဲ့​နာမည်၊ ဂုဏ်သတင်းကို ယေရှု မားမား​မတ်မတ် ကာကွယ်ခဲ့​တာ။ စွန့်ပစ်​ခံရ​ပုံ​ပေါက်တဲ့​အချိန်မှာ​တောင် ယေဟောဝါကို ကျောခိုင်း​မသွား​ဘဲ လိုလိုလားလား အသေခံခဲ့​တာ။—မ. ၂၇:၄၆။d

ယေရှု သစ်တိုင်တင်ခံရ။

လိမ်လည်​သူဟာ ယေဟောဝါ မဟုတ်ဘဲ စာတန် ဖြစ်ကြောင်း ယေရှုရဲ့ လုပ်ရပ်​တိုင်း​က သက်သေပါပဲ (စာပိုဒ် ၁၃ ကို ကြည့်ပါ)


‘SEP DINGIN NA HONG PIAK NASEP KHEMPEUH SEM KHINTA ING’

14. Jesuh citak ahih manin Jehovah in koi bangin thaman pia a hiam?

၁၄ “အဖ ခိုင်းထားတဲ့ အလုပ်ကို လုပ်ပြီးပါပြီ” ဆိုပြီး မသေဆုံးခင်​ည ဆုတောင်း​တုန်းက ယေရှု ပြောတယ်။ မိမိရဲ့ သစ္စာရှိမှုကို ယေဟောဝါ ဆုချမယ်​ဆိုတာ ယုံကြည်တယ်။ (ယော. ၁၇:၄၊ ၅) တကယ်လည်း ယေဟောဝါ ဆုချတယ်။ ယေရှုကို သင်္ချိုင်း​မှာ အဆုံးသတ်​မသွား​စေ​ဘူး။ (တ. ၂:၂၃၊ ၂၄) ရှင်ပြန်​ထမြောက်ပေး​ပြီး ကောင်းကင်မှာ သာလွန်​မြင့်မြတ်တဲ့ အနေအထား​ရောက်အောင် ချီးမြှောက်​တယ်။ (ဖိ. ၂:၈၊ ၉) နောက်တော့ ဘုရားသခင့်​နိုင်ငံတော်မှာ ဘုရင်​အဖြစ် စတင်​အုပ်ချုပ်​စေ​တယ်။ နိုင်ငံတော်​က ဘာတွေ ပြီးမြောက်​စေမလဲ။ “နိုင်ငံတော် လာပါစေ။ အလိုတော်​ဟာ ကောင်းကင်မှာ ပြည့်စုံ​သလို ကမ္ဘာမြေမှာ​လည်း ပြည့်စုံပါစေ” ဆိုတဲ့ စံပြ​ဆုတောင်းချက်ရဲ့ ဒုတိယ​အပိုင်းဟာ အဖြေ​ပါပဲ။—မ. ၆:၁၀။

15. Jesuh in bang teng sem lai ding a hiam?

၁၅ သိပ်မကြာခင် အာမဂေဒုန်မှာ ယေဟောဝါရဲ့ ရန်သူတွေကို ယေရှု တိုက်ခိုက်​ဖျက်ဆီး​မယ်။ (ဗျာ. ၁၆:၁၄၊ ၁၆။ ၁၉:၁၁-၁၆) အဲဒီနောက် စာတန်ကို “တွင်းနက်​ကြီး” ထဲ ပစ်ချ​မယ်။e (ဗျာ. ၂၀:၁-၃) အနှစ်​တစ်ထောင် အုပ်ချုပ်ချိန်​အတွင်း ကမ္ဘာမြေကို ငြိမ်းချမ်း​စေမယ်။ လူတွေကို စုံလင်​လာ​စေမယ်။ လူသေတွေကို အသက်​ပြန်ရှင်​စေမယ်။ ကမ္ဘာ​တစ်ခုလုံးကို ပရဒိသု ဖြစ်စေမယ်။ ဒီလိုနဲ့ ယေဟောဝါရဲ့ အလိုတော် ပြည့်စုံ​လာမယ်။—ဗျာ. ၂၁:၁-၄။

16. Kum tul khat ukna a bei ciangin bang teng hong tangtung ding a hiam?

၁၆ အနှစ်​တစ်ထောင် အုပ်ချုပ်မှု​အကုန်မှာ ဘာတွေ ဖြစ်နေမလဲ။ အပြစ်နဲ့ မစုံလင်မှု မရှိတော့ဘူး။ ရွေးဖိုး မလိုတော့ဘူး။ ယေဟောဝါနဲ့ လူတွေ ဆက်ဆံရေးကောင်း ရှိဖို့ ဖျန်ဖြေ​သူ​အဖြစ် ယေရှု အမှုဆောင်​စရာ မလိုတော့ဘူး။ ပုရောဟိတ်တွေ​အဖြစ် ၁၄၄,၀၀၀ အမှုဆောင်​စရာ မလိုတော့ဘူး။ “နောက်ဆုံး​ရန်သူ ဖြစ်တဲ့ သေခြင်း [အာဒံကြောင့် ပေါ်ပေါက်​လာတဲ့ သေခြင်း] ဟာ ဖျက်ဆီး​ခံရလိမ့်မယ်။” လူသေတွေ အသက်​ပြန်ရှင်​နေပြီ ဖြစ်လို့ သင်္ချိုင်း​တွေ ဗလာကျင်း ဖြစ်နေ​မယ်။ ကမ္ဘာပေါ် ရှိသူတိုင်း စုံလင်​နေမယ်။—၁ ကော. ၁၅:၂၅၊ ၂၆။

17-18. (a) Kum tul khat sung ukna a bei khit ciang bang hong piang lai ding a hiam? (b) Kum tul khat sung a uk khit ciang Jesuh in bang sem ding a hiam? (1 Korin 15:24, 28) (Lim zong en in.)

၁၇ အနှစ်​တစ်ထောင် အုပ်ချုပ်မှု​ပြီးနောက် ဘာဖြစ်​ဦး​မလဲ။ နာမတော် သန့်ရှင်း​မြင့်မြတ်စေခြင်း အရေးကိစ္စ မရှိတော့ဘူး။ ဘာကြောင့်လဲ။ ယေဟောဝါ လိမ်လည်တယ်၊ လူတွေကို မေတ္တာနဲ့ မအုပ်ချုပ်​ဘူး​ဆိုပြီး ဧဒင်​ဥယျာဉ်မှာ စာတန် စွပ်စွဲခဲ့တယ်။ ဒါပေမဲ့ နာမတော် သန့်ရှင်း​မြင့်မြတ်​ကြောင်း၊ အုပ်ချုပ်ပုံ​နည်းလမ်း မှန်ကန်ကြောင်း သစ္စာရှိ ကျေးကျွန်တွေ ထပ်ခါ​ထပ်ခါ သက်သေ​ထူ​ခဲ့​ကြ​ပြီ။ အနှစ်​တစ်ထောင် အုပ်ချုပ်မှု​အကုန်မှာ​တော့ အပြည့်အဝ သက်သေထူ​ပြီး ဖြစ်​နေပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့လဲ။

၁၈ စာတန့်​စွပ်စွဲချက်​အားလုံး မှားကြောင်း အနှစ်​တစ်ထောင် အုပ်ချုပ်မှု​အကုန်မှာ လူတိုင်း သိနေပြီး ဖြစ်မယ်။ အဲဒီအချိန် ယေရှု ဘာလုပ်မလဲ။ စာတန့်​လမ်းစဉ် လိုက်ပြီး ယေဟောဝါကို ပုန်ကန်​မလား။ မပုန်ကန်​ပါ​ဘူး။ (၁ ကောရိန္သု ၁၅:၂၄၊ ၂၈ ကို ဖတ်ပါ။) နိုင်ငံတော်ကို ယေဟောဝါဆီ အပ်​မယ်။ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို လက်အောက်ခံ​မယ်။ စာတန်နဲ့ မတူဘဲ ယေဟောဝါကို သိပ်ချစ်တဲ့​အတွက် အခွင့်အာဏာ စွန့်လွှတ်ဖို့ အသင့်​ပဲ။

ကောင်းကင်မှာ ယေဟောဝါဆီ ယေရှု သရဖူ အပ်နေ။

အနှစ်တစ်ထောင် အုပ်ချုပ်မှု​အကုန်မှာ နိုင်ငံတော်ကို ယေဟောဝါဆီ ယေရှု လိုလိုလားလား အပ်​မယ် (စာပိုဒ် ၁၈ ကို ကြည့်ပါ)


19. Jesuh tawh kisai hih sin ding thu ah bang teng thei khia i hiam?

၁၉ အကောင်းဆုံး ကိုယ်စားလှယ် ယေရှုကို ယေဟောဝါ နာမတော် ခံယူ​ခွင့်​ပေးတာ မဆန်းပါဘူး။ ဒီတော့ နာမတော်ကို ယေရှု ဘယ်လောက် အလေးထား​သလဲ။ အရာရာ​ထက် အလေးထားတယ်။ နာမတော်​အတွက် အသေခံတယ်။ အနှစ်​တစ်ထောင် အုပ်ချုပ်မှု​အကုန်မှာ ယေဟောဝါဆီ အရာရာ ပြန်ပေးမယ်။ ယေရှုကို ကျွန်တော်တို့ ဘယ်လို အတုယူ​နိုင်သလဲ။ ဒီမေးခွန်းကို နောက်ဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။

NANGH BANGCI DAWNG DING?

  • A nungzuite in Jehovah min a theih nadingun Jesuh in koi bang danin pulak a hiam?

  • Jesuh in koi bang danin Jehovah min kiluah a hiam?

  • Jehovah min ading Jesuh in lungsim takpi tawh bang teng sem a hiam? Ba’hang hiam?

LA 16 ဘိသိက်ခံ သားတော်​အတွက် ယေဟောဝါကို ချီးမွမ်းကြ

a ကောင်းကင်တမန်တွေ​လည်း ယေဟောဝါဆီက သတင်းစကား ကြေညာ​ရတဲ့​အချိန်တွေ ရှိတယ်။ ဒါကြောင့် ကောင်းကင်တမန် ပြောတာကို ယေဟောဝါ ပြောတဲ့​အလား ကျမ်းစာမှာ တစ်ခါတလေ ဖော်ပြထားတာ ဖြစ်တယ်။ (က. ၁၈:၁-၃၃) ပညတ်တရား​ကို ယေဟောဝါဆီက မောရှေ ရတယ်လို့ ကျမ်းစာမှာ ဖော်ပြပေမဲ့ ကောင်းကင်တမန်တွေက​တစ်ဆင့် ရတယ်​ဆိုတာ တခြား​ကျမ်းပိုဒ်တွေ​ကနေ သိရတယ်။—ဝတ်. ၂၇:၃၄။ တ. ၇:၃၈၊ ၅၃။ ဂလ. ၃:၁၉။ ဟီ. ၂:၂-၄။

b စကားလုံး ရှင်းလင်းချက်။ “သန့်ရှင်း​မြင့်မြတ်စေခြင်း” ဆိုတာ ဂုဏ်တင်​ခြင်း၊ မြင့်မြတ်တယ်လို့ သဘောထားခြင်း၊ ကြည်ညို​လေးမြတ်ခြင်းကို ဆိုလိုတယ်။ “သံသယ ကင်းရှင်း​စေ​ခြင်း” ဆိုတာ တစ်ယောက်ယောက် မဟုတ်မမှန် အသရေဖျက် စွပ်စွဲခံရတဲ့အခါ စွပ်စွဲချက်တွေ မှားကြောင်း၊ စွပ်စွဲခံရသူ အမှားကင်း​ကြောင်း သက်သေပြ​ခြင်း​ကို ဆိုလိုတယ်။

c ယေရှု အသက်စွန့်​တာက လူတွေ ထာဝရ​အသက် ရဖို့လည်း လမ်းပွင့်​စေ​တယ်။

d ၂၀၂၁၊ ဧပြီ ကင်းမျှော်စင် စာမျက်နှာ ၃၀-၃၁ မှာ ပါတဲ့ “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။

e တွင်းနက်​ကြီး​ဆိုတာ သေတာ​နဲ့​မခြား​ဘဲ ဘာမှ မလုပ်နိုင်တဲ့ အခြေအနေကို ဆိုလိုတယ်။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ