Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w23 September pp. 26-31
  • Peter Ccaky Ccangning Kyate Ccangkuh khopaw Hae

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • Peter Ccaky Ccangning Kyate Ccangkuh khopaw Hae
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
  • Abalu dihpaw hae
  • A Lokuhpaw Akonglang
  • TUANAW TE POU NGAEHOI
  • CCUNGCCAW RAW RINAW THINLUNG KHA DOU
  • “THAWMAWTE SUNGSAKUH OH”
  • KHRIHCCAW PICCAN HAE, TUU HAE KHA DO-OIH OH
  • ZAHOVA NYNH ACCING LANGTE CCANGPYANAW KHA LAWKUH
  • Peter Hawte, Sawphah Leite Zuakuh
    Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
w23 September pp. 26-31

HOKU LANGPAW ABALU 41

Peter Ccaky Ccangning Kyate Ccangkuh khopaw Hae

“Nanning kha tuh-e uccaw hae kong zungzae liathuisah lan kae tuh ka paccynkuh.”—2 PE. 1:12.

LAW 127 ဘယ်လို လူစားမျိုး ဖြစ်သင့်

အကြို​သုံးသပ်ချက်a

1. Zuitu Peter a chi maw, Zahova nynh pawtemou a mang?

တမန်တော် ပေတရု နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်တယ်။ ယေရှုနဲ့​အတူ လိုက်​ဟောတယ်။ လူမျိုးခြားတွေ​ကို ဟောဖို့ လမ်းဖောက်​တယ်။ နောက်ပိုင်းမှာ အုပ်ချုပ်ရေး အဖွဲ့ဝင် ဖြစ်လာတယ်။ ဘဝ နေဝင်ချိန် ရောက်​တော့မယ်ဆိုတာ သိ​လိုက်ရတဲ့ အေဒီ ၆၂-၆၄ လောက်​မှာ​ပဲ ယေဟောဝါ​ဘုရားဆီကနေ နောက်ထပ် တာဝန် ရတယ်။ ပေတရု ပထမစောင်​နဲ့ ဒုတိယစောင် ရေးဖို့​ပါ။ မိမိ သေဆုံးပြီးနောက် ခရစ်ယာန်တွေ​အတွက် ဒီ​စာတွေ အထောက်အကူ ဖြစ်ဖို့ ပေတရု မျှော်လင့်တယ်။—၂ ပေ. ၁:၁၂-၁၅။

2. Peter ccaky hae tuh pawcce a ccyh te a ngaekuh?

၂ ဒီ​စာ​နှစ်စောင်​ကို ပေတရု ရေးတဲ့​အချိန်​အကြောင်း စဉ်းစားကြည့်ပါ။ ညီအစ်ကို/မတွေ “စမ်းသပ်မှု အမျိုးမျိုး ကြုံ” နေကြရတယ်။ (၁ ပေ. ၁:၆) သွန်သင်ချက် အမှားတွေ၊ မသန့်ရှင်းတဲ့ အမူအကျင့်​တွေ ခရစ်ယာန် အသင်းတော်​ထဲ ရောက်လာအောင် ဆိုးညစ်သူတွေ လုပ်နေကြတယ်။ (၂ ပေ. ၂:၁၊ ၂၊ ၁၄) ဒါ့အပြင် “အရာခပ်သိမ်း​ရဲ့ အဆုံး” ကို ဂျေရုဆလင်​မြို့က ခရစ်ယာန်တွေ ရင်ဆိုင်​ကြ​ရတော့မယ်။ အဲဒါကတော့ ဂျေရုဆလင်​မြို့နဲ့ ဗိမာန်တော်ကို ရောမ​စစ်တပ် ဖျက်ဆီးပစ်မယ့်​အချိန်​ပါ။ (၁ ပေ. ၄:၇) လက်ရှိ စမ်းသပ်မှုတွေ ခံရပ်နိုင်အောင်၊ အနာဂတ် စမ်းသပ်မှုတွေ​အတွက် အသင့်​ဖြစ်နေအောင် ဘာလုပ်ရမလဲ​ဆိုတာ သိဖို့ ပေတရုရဲ့ စာတွေ​က ခရစ်ယာန်တွေကို ကူညီ​ပေးခဲ့​မှာ သေချာတယ်။b

3. Peter ccaky hae kha pawcce tuakhia lang a ccang?

၃ ဒီ​စာတွေကို ပထမရာစု ခရစ်ယာန်တွေ​ဆီ ပေတရု ရေးခဲ့တာ ဖြစ်ပေမဲ့ ကျမ်းစာမှာ ယေဟောဝါ ထည့်ထားတယ်။ ကျွန်တော်တို့ သင်ခန်းစာ ယူ​နိုင်ဖို့​ပါ။ (ရော. ၁၅:၄) မသန့်ရှင်းတဲ့ အကျင့်​တွေ မှို​လို ပေါက်နေတဲ့ လောက​မှာ ကျွန်တော်တို့ အသက်ရှင်နေ​ရလို့ ယေဟောဝါ​အမှု ဆောင်ဖို့ ခက်နိုင်တယ်။ ဒါ့အပြင် ဂျေရုဆလင်​မြို့နဲ့ ဗိမာန်တော် ဖျက်ဆီး​ခံရ​တုန်းက ကြုံရတာထက် ပို​ဆိုး​တာ ကြုံကြရ​တော့​မယ်။ ဒါပေမဲ့ ပေတရုရဲ့ စာ​နှစ်စောင်​မှာ ပါတဲ့ သတိပေးချက်​တွေ​က ယေဟောဝါရဲ့ နေ့ကြီး​ကို စိတ်စွဲလမ်းပြီး စောင့်မျှော်​ဖို့၊ လူကြောက်တဲ့ စိတ်ကို တွန်းလှန်​ဖို့၊ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါ့အပြင် သိုးတော်စုကို ဘယ်လို ထိန်းကျောင်း​ရမလဲ​ဆိုတာ အကြီးအကဲတွေကို နားလည်စေ​ပါလိမ့်မယ်။

TUANAW TE POU NGAEHOI

4. Kyningnaw Peter 3:3, 4 liate, ah zynnaw kha pawnynhmou a zyasah kho?

၄ ကျမ်းစာ ကြိုဟောချက်တွေကို အယုံအကြည် မရှိသူတွေ​ကြား ကျွန်တော်တို့ အသက်ရှင်​ကြရတယ်။ အဆုံး ရောက်လာတော့မယ်​ဆိုပြီး ပြောနေတာ နှစ်နဲ့ချီ ကြာပြီ ဖြစ်လို့ ဆန့်ကျင်သူတွေ လှောင်ကြတယ်။ တချို့ဆိုရင် ယေဟောဝါရဲ့ နေ့ကြီး ဘယ်တော့မှ ရောက်လာမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ (၂ ပေတရု ၃:၃၊ ၄ ကို ဖတ်ပါ။) အမှုဆောင်မှာ တွေ့​ရသူတွေ၊ အလုပ်ဖော်​တွေ၊ မိသားစုဝင်တွေဆီက ဒီလို​စကား ကြားရတဲ့အခါ ကျွန်တော်တို့ ယုံကြည်ခြင်း ယိမ်းယိုင်​လာနိုင်တယ်။ ယုံကြည်ခြင်း မယိမ်းယိုင်​ဖို့ ဘာက ကူညီပေးနိုင်တယ်ဆိုတာ ပေတရု ပြောပြ​ထားတယ်။

5. Ccyh athangnawte asekuhte amepaw muihnaw hoi lang pawnynhmou yn bung cih? (2 Peter 3:8, 9)

၅ လက်ရှိ ဆိုးညစ်တဲ့ စနစ်ကို ယေဟောဝါ အဆုံးတိုင်​ဖို့ လူ​တချို့ အမြင်မှာ နှောင့်နှေး​နေ​ပုံ ပေါက်နိုင်တယ်။ ဒါပေမဲ့ ပေတရုရဲ့ စကားတွေက ကျွန်တော်တို့ကို အမြင်မှန် ရှိစေတယ်။ အချိန်နဲ့ပတ်သက်ပြီး လူ့​အမြင်နဲ့ ယေဟောဝါရဲ့ အမြင် တော်တော် ကွာကြောင်း သတိပေး​ထားလို့ပါ။ (၂ ပေတရု ၃:၈၊ ၉ ကို ဖတ်ပါ။) လူတွေ​အတွက် အနှစ်တစ်ထောင်​ဟာ ယေဟောဝါ​အတွက် တစ်ရက်​ပဲ။ ဘယ်သူ့ကိုမှ မပျက်စီးစေချင်လို့ ယေဟောဝါ စိတ်ရှည်​ပေးနေတာ။ သတ်မှတ်ထားတဲ့ နေ့ ရောက်ရင်တော့ ဒီလောကစနစ် အဆုံးတိုင်​သွား​လိမ့်မယ်။ အဲဒီ​နေ့ မရောက်ခင် ကျန်​နေတဲ့ အချိန်အတွင်း ကမ္ဘာတစ်ဝန်းက လူတွေကို သတင်းကောင်း ပြောပြ​ရတာ အခွင့်ထူး​ပဲ။

6. Zahova nin kha paw liatemou “pou tua” lang? (2 Peter 3:11, 12)

၆ ယေဟောဝါရဲ့ နေ့ကို “စိတ်စွဲလမ်း” ဖို့ ပေတရု အားပေးတယ်။ (၂ ပေတရု ၃:၁၁၊ ၁၂ ကို ဖတ်ပါ။) ဘယ်လိုနည်းနဲ့ စိတ်စွဲလမ်း​နိုင်​မလဲ။ ကမ္ဘာသစ်​မှာ ရမယ့် ကောင်းချီးတွေကို နေ့တိုင်း စဉ်းစားနိုင်တယ်။ သန့်ရှင်း​လတ်ဆတ်​တဲ့ လေ ရှူ​နေတယ်၊ အာဟာရ ရှိတဲ့ အစားအစာတွေ စား​နေတယ်၊ ရှင်ပြန်ထမြောက်လာတဲ့ ချစ်မြတ်နိုးရသူတွေကို ကြိုဆို​နေတယ်၊ ကျမ်းစာ ကြိုဟောချက်​တွေ ပြည့်စုံမှု​အကြောင်း ရှေးခေတ်က လူတွေကို ရှင်းပြ​နေတယ်လို့ မြင်ယောင်​ကြည့်ပါ။ အဲဒီလို မြင်ယောင်​တာက အဲဒီအချိန်ကို မျှော်လင့်တကြီး စောင့်နေဖို့ ကူညီပေးတယ်။ မကြာခင် အဆုံး ရောက်လာမယ်​ဆိုတာ စိတ်ချစေတယ်။ အနာဂတ်အကြောင်း “ကြိုသိ​ထားတဲ့အတွက်” ဆရာ​အတုအယောင်​တွေ​နောက် ပါမသွားတော့ဘူး။—၂ ပေ. ၃:၁၇။

CCUNGCCAW RAW RINAW THINLUNG KHA DOU

7. Ccungccaw raw ri langze pawmou a cihkuh kho?

၇ ယေဟောဝါရဲ့ နေ့ကြီး မကြာခင် ရောက်လာတော့မယ်ဆိုတာ သိလို့ တခြားသူတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး သတင်းကောင်း ဟော​ကြတယ်။ ဒါပေမဲ့ တစ်ခါတလေ မဟော​ရဲ​တာ​မျိုး ဖြစ်နိုင်တယ်။ ဘာကြောင့်လဲ။ တဒင်္ဂ လူကြောက်တဲ့ စိတ်ကြောင့်​ပါ။ ဥပမာ၊ ပေတရု​ဆိုရင် ယေရှု အဖမ်းခံရတဲ့ ညမှာ ယေရှုတပည့်​ပါ​ဆိုတာ ထုတ်​မပြောရဲဘူး။ ယေရှုကို မသိပါဘူးလို့​တောင် အကြိမ်ကြိမ် ငြင်းတယ်။ (မ. ၂၆:၆၉-၇၅) ဒါပေမဲ့ နောက်ပိုင်း၊ ကြောက်စိတ် တွန်းလှန်နိုင်​သွားတဲ့အတွက် “သူတို့ ကြောက်တာကို မကြောက်ပါနဲ့၊ စိတ်​အနှောင့်​အယှက်​လည်း မဖြစ်ပါနဲ့” လို့​တောင် ပြော​နိုင်ခဲ့တယ်။ (၁ ပေ. ၃:၁၄) လူကြောက်တဲ့ စိတ်ကို တွန်းလှန်နိုင်​ကြောင်း ပေတရုရဲ့ စကားတွေက သက်သေပါပဲ။

8. Ccungccaw raw rinaw thinlung kha dou nawlang pawnynhmou yn bung kho? (1 Peter 3:15)

၈ လူကြောက်တဲ့ စိတ်ကို တွန်းလှန်​ဖို့ ဘာက ကူညီပေးနိုင်သလဲ။ “ခရစ်တော်ကို သန့်ရှင်း​မြင့်မြတ်တဲ့ သခင်​အဖြစ် စိတ်နှလုံးထဲ​မှာ အသိအမှတ်ပြု​ပါ” လို့ ပေတရု ပြောတယ်။ (၁ ပေတရု ၃:၁၅ ကို ဖတ်ပါ။) ဘာကို ဆိုလိုသလဲ။ ယေရှုခရစ်ဟာ ဘုရင် ဖြစ်တယ်၊ တန်ခိုး​အာဏာ အများကြီး ရထားတယ်ဆိုတာ သတိရဖို့ ဆိုလိုတာ​ပါ။ သတင်းကောင်း ဟောဖို့ အခွင့်အရေး ပေါ်လာပေမဲ့ မဟော​ရဲ​ဘူး၊ ကြောက်နေတယ်​ဆိုရင် ဘုရင် ယေရှုကို သတိရ​လိုက်ပါ။ ကောင်းကင်တမန် သန်းချီ ခြံရံ​ပြီး ကောင်းကင်မှာ ယေရှု နန်းထိုင်​နေတာကို မြင်ယောင်​လိုက်ပါ။ “ကောင်းကင်မှာ​ရော မြေကြီး​မှာ​ပါ အခွင့်အာဏာ ရှိသမျှ” ရထားတယ်၊ “လောကစနစ် နိဂုံးပိုင်း​အထိ” ကျွန်တော်တို့နဲ့​အတူ “အမြဲ ရှိနေမယ်” ဆိုတာ စဉ်းစား​လိုက်ပါ။ (မ. ၂၈:၁၈-၂၀) ကိုယ့်​ယုံကြည်ချက်ကို ဖြေရှင်း​ပြောပြဖို့ “အမြဲ အသင့်ရှိကြပါ” လို့ ပေတရု အားပေးတယ်။ ကျောင်းမှာ၊ အလုပ်မှာ၊ တခြား ဘယ်နေရာမှာ ဖြစ်ဖြစ် အခွင့်အရေး ရတဲ့အခါ သက်သေခံချင်​သ​လား။ ဒါဆိုရင် ဘယ်အချိန်​မျိုး​မှာ သက်သေခံ​လို့ ရမလဲ ကြိုစဉ်းစားပါ။ ဘာပြောမလဲ ပြင်ဆင်ထားပါ။ သတ္တိ ရှိဖို့ ဆုတောင်းပါ။ လူကြောက်တဲ့ စိတ် တွန်းလှန်နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်​ဆိုတာ စိတ်ချပါ။—တ. ၄:၂၉။

“THAWMAWTE SUNGSAKUH OH”

လူမျိုးခြား ညီအစ်ကိုတချို့နဲ့ တမန်တော် ပေါလု အတူ စားသောက်နေ။

ပေါလု ဆုံးမတာကို ပေတရု လက်ခံ။ ညီအစ်ကို/မတွေကို မေတ္တာ​ပြဖို့ စာ​နှစ်စောင်​မှာ ပေတရု အလေးပေး (စာပိုဒ် ၉ ကို ကြည့်ပါ)

9. vaekheit kya, Peter nynh pawtemou sungsakunaw langsah leite la ung? (Sahkhung kha do.)

၉ “အချင်းချင်း ချစ်ကြပါ​ဆိုတဲ့ ပညတ်​အသစ်​တစ်ခု ကျွန်တော် ပေးမယ်။ ခင်ဗျားတို့ကို ကျွန်တော် ချစ်​သ​လို အချင်းချင်း ချစ်ကြပါ” လို့ ယေရှု ပြော​တုန်းက ပေတရု ရှိတယ်။ (ယော. ၁၃:၃၄) ဒါကြောင့် တခြားသူတွေကို မေတ္တာ ဘယ်လို ပြရမယ်ဆိုတာ သိတယ်။ ဒါနဲ့တောင် နောက်ပိုင်းမှာ လူကြောက်တဲ့ စိတ်ကြောင့် လူမျိုးခြား ညီအစ်ကို/မတွေနဲ့ မစားသောက်တော့ဘူး။ ဒါကို “ဟန်ဆောင်” တဲ့ လုပ်ရပ်​လို့ တမန်တော် ပေါလု ပြောတယ်။ (ဂလ. ၂:၁၁-၁၄) ပေါလု ဆုံးမတာကို ပေတရု လက်ခံတယ်။ အမှားကနေ သင်ခန်းစာ ယူတယ်။ ညီအစ်ကို/မတွေကို ချစ်တဲ့ စိတ် ရှိရုံ မဟုတ်ဘဲ ချစ်ကြောင်း ပြရမယ်​လို့ စာ​နှစ်စောင်​စ​လုံး​မှာ အလေးပေးထားတယ်။

10. Pawte cihpaw ccungccaw hae mou “ahmepaw sungsahnaw” a langsah kho hae? Ccaesatua. (1 Peter 1:22)

၁၀ ညီအစ်ကို/မတွေကို “ဟန်ဆောင်မှု ကင်းတဲ့ ညီရင်း​အစ်ကို​မေတ္တာ” နဲ့ ချစ်ပါ​လို့ ပေတရု ပြောတယ်။ (၁ ပေတရု ၁:၂၂ ကို ဖတ်ပါ။) “အမှန်တရားကို နာခံ” တဲ့သူ​မှ​ပဲ ဒီလို​မေတ္တာမျိုး ရှိနိုင်မယ်။ အမှန်တရား​လို့ ပြောတဲ့အခါ ‘ဘုရားသခင် မျက်နှာမလိုက်ဘူး’ ဆိုတဲ့ သွန်သင်ချက်​လည်း ပါတယ်။ (တ. ၁၀:၃၄၊ ၃၅) အသင်းတော်မှာ ညီအစ်ကို/မတချို့ကိုပဲ ကွက်ပြီး မေတ္တာ ပြမယ်ဆိုရင် အချင်းချင်း ချစ်ပါဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို နာခံ​ရာ ရောက်မှာ မဟုတ်ဘူး။ ပို​ချစ်၊ ပို​ခင်တဲ့​သူ ရှိတာ မမှားပါဘူး။ ယေရှုမှာ​လည်း ပို​ချစ်ရတဲ့ တပည့် ရှိခဲ့တာ​ပဲ။ (ယော. ၁၃:၂၃။ ၂၀:၂) ဒါပေမဲ့ ညီအစ်ကို/မ​အားလုံးကို “ညီရင်း​အစ်ကို​မေတ္တာ” နဲ့ ချစ်ဖို့ ကြိုးစားသင့်တယ်​လို့ ပေတရု သတိပေးတယ်။ ကမ္ဘာချီ မိသားစုဝင်တွေ ဖြစ်​ကြလို့ပဲ။—၁ ပေ. ၂:၁၇။

11. Mingccangpaw hae kha “thawmawte sungsah” cipaw tuh pawmou?

၁၁ “အချင်းချင်း နှစ်နှစ်ကာကာ ချစ်ကြပါ” လို့ ပေတရု အားပေးတယ်။ အထက်အောက် စကားတွေအရ ချစ်ချင်စရာ မကောင်း​ရင်တောင် ကြိုးစား​ချစ်ဖို့ ဆိုလိုတယ်။ ဥပမာ၊ ညီအစ်ကို/မ​တစ်ယောက် ကျွန်တော်တို့ကို တစ်နည်းနည်းနဲ့ စိတ်ဆိုးအောင်၊ စိတ်နာ​အောင် လုပ်တယ် ဆိုပါစို့။ စိတ်​ရှိတိုင်း​သာ​ဆိုရင် ချစ်ဖို့ မပြော​နဲ့ လက်​တောင် တုံ့ပြန်​မိ​မှာ။ ဒါပေမဲ့ လက်တုံ့ပြန်​တာကို ဘုရား မနှစ်သက်ဘူး​ဆိုတာ ယေရှု​ဆီကနေ ပေတရု သင်ယူခဲ့ရတယ်။ (ယော. ၁၈:၁၀၊ ၁၁) “အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။ စော်ကား​ခံရတဲ့အခါ ပြန်ပြီး မ​စော်ကား​ပါ​နဲ့။ အဲဒီအစား ဆုမွန်​ကောင်း တောင်းပေး​လိုက်ပါ” လို့ ပေတရု ပြောတယ်။ (၁ ပေ. ၃:၉) ကျွန်တော်တို့သာ နှစ်နှစ်ကာကာ ချစ်တတ်​ရင် ကိုယ့်ကို စိတ်နာ​အောင် လုပ်​သူတွေကို​တောင် ကြင်နာ​မှာ၊ ထောက်ထား​မှာ ဖြစ်တယ်။

12. (a) Thawmawte sungsahnaw nynh paw cyilangmou ah lung yn thosah? (b) Aphutepaw lungnginnaw kha kyngkuh cikuhpaw video kya a langsah hawte, paw cyilangmou na zuakuh ry?

၁၂ အချင်းချင်း နှစ်နှစ်ကာကာ ချစ်ရင် အပြစ် တစ်ခု၊ နှစ်ခု​မ​က​လို့ တောင်ပုံရာပုံ ရှိရင်တောင် ခွင့်လွှတ်​မှာ ဖြစ်တယ်လို့ ပထမ​စာမှာ ပေတရု ပြောတယ်။ (၁ ပေ. ၄:၈) ခွင့်လွှတ်​ခြင်း​နဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်​အနည်းငယ်​က ယေရှု သင်ပေးတာကို သတိ​ရသွား​ပုံ​ပဲ။ ညီအစ်ကိုကို “ခုနစ်ကြိမ်” အထိ ခွင့်လွှတ်​မယ်​လို့ ပြော​တုန်းက ကိုယ့်ကိုယ်ကိုယ် သဘောထား ကြီးလှပြီလို့ ပေတရု ထင်​ပုံ​ရတယ်။ ဒါပေမဲ့ “၇၇ ကြိမ်​အထိ” ခွင့်လွှတ်ဖို့ ယေရှု သင်ပေးတယ်။ အကြိမ် အကန့်အသတ် မရှိ ခွင့်လွှတ်ဖို့ ပြောနေတာ။ ကျွန်တော်တို့အတွက်လည်း သင်ခန်းစာပဲ။ (မ. ၁၈:၂၁၊ ၂၂) ယေရှု ခွင့်လွှတ်​ခိုင်း​သ​လို ခွင့်လွှတ်ဖို့ ခက်တဲ့ အချိန် ရှိခဲ့ရင် စိတ်ဓာတ်​မကျပါနဲ့။ မစုံလင်သူတွေ ဖြစ်လို့ ဘုရား​ကျေးကျွန်​အားလုံး ခွင့်လွှတ်ဖို့ ခက်တဲ့ အချိန် ကြုံဖူး​ကြတယ်။ အရေးကြီးတာက အခု​က​စပြီး ခွင့်လွှတ်ဖို့၊ ပြန်သင့်မြတ်အောင် လုပ်ဖို့ပဲ။c

KHRIHCCAW PICCAN HAE, TUU HAE KHA DO-OIH OH

13. Khrihccaw Piccan hae nynh uno hae kha thawpya lang pawcce a ccyh ccung a ruu kho?

၁၃ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် “သိုးကလေးတွေကို ထိန်းပါ” လို့ မှာ​ခဲ့​တာ ပေတရု ဘယ်တော့မှ မမေ့ဘူး။ (ယော. ၂၁:၁၆) သင်ဟာ အကြီးအကဲ​ဆိုရင် ဒီ​မိန့်မှာချက်​က သင်နဲ့​လည်း ဆိုင်​တယ်​ဆိုတာ သိမှာ​ပါ။ ဒါပေမဲ့ အချိန် ရှားလွန်းလို့ သိုးတွေကို ထိန်းကျောင်းပါ​ဆိုတဲ့ တာဝန် ကျေဖို့ ခက်နေနိုင်တယ်။ အကြီးအကဲတွေဟာ အရင်ဆုံး ကိုယ့်​မိသားစုရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း​ကို ဂရုစိုက်​ပေးကြ​ရတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်​ဦးဆောင်​ရတယ်။ အစည်းအဝေး၊ စည်းဝေးပွဲ၊ အစည်းအဝေးကြီး တာဝန်တွေအတွက် ပြင်ဆင်၊ တင်ဆက်​ကြရတယ်။ တချို့ဆိုရင် ဆေးရုံ ဆက်သွယ်ရေး ကော်မတီ၊ ဒေသခံ ဒီဇိုင်း/ဆောက်လုပ်ရေး ဌာန​တွေ​မှာ တာဝန် ရကြတယ်။ တကယ် အလုပ်များ​ကြတယ်။

ဗီဒီယို ချိတ်ဆက်ပြီး အကြီးအကဲတစ်ယောက် သိုးထိန်းလည်ပတ်နေ။ ကျမ်းစာကို အကြီးအကဲ ဖွင့်ထား။ “ပျော်ရွှင်စရာ မိသားစုဘဝ တည်ဆောက်ပါ” ဗီဒီယိုကို တက်ဘလက်မှာ ဖွင့်ထား။

မေတ္တာ​ပြည့်ဝ​တဲ့ အကြီးအကဲတွေဟာ အလုပ်များပေမဲ့ ဘုရားသခင့် သိုးတော်စုကို အတတ်နိုင်ဆုံး ထိန်းကျောင်း (စာပိုဒ် ၁၄-၁၅ ကို ကြည့်ပါ)

14. Tuu hae do-oihnaw kya khrihccaw piccan hae kha paw kong nynh mou thawzung a hoisah kho hae? (1 Peter 5:1-4)

၁၄ “ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြပါ” လို့ အကြီးအကဲ အချင်းချင်း​ကို ပေတရု အားပေးတယ်။ (၁ ပေတရု ၅:၁-၄ ကို ဖတ်ပါ။) အကြီးအကဲ​တို့၊ ညီအစ်ကို/မတွေကို သင် ချစ်တယ်၊ ထိန်းကျောင်း​ပေးချင်တယ်​ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ အလုပ်များလွန်းလို့၊ ပင်ပန်း​လွန်းလို့ တာဝန် မကျေဘူးလို့ တစ်ခါတလေ ခံစားရနိုင်တယ်။ ဘာလုပ်နိုင်သလဲ။ ကိုယ့်​ခံစားချက်ကို ယေဟောဝါဆီ ရင်ဖွင့်​ပြောပြပါ။ “သူတစ်ပါး​အတွက် အကျိုးဆောင်တဲ့သူ​ကလည်း ဘုရား ပေးတဲ့ ခွန်အား​နဲ့ လုပ်ဆောင်ပါစေ” လို့ ပေတရု ပြောတယ်။ (၁ ပေ. ၄:၁၁) ညီအစ်ကို/မတွေ ကြုံနေရတာက ဒီလောကစနစ်​မှာ ဘယ်လိုမှ ပြေလည်​မှာ မဟုတ်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်။ သင် ကူညီပေးနိုင်တာ​ထက် “သိုးထိန်းချုပ်” ယေရှုခရစ် ပိုကူညီ​ပေးနိုင်တယ်ဆိုတာ သတိရပါ။ လောလောဆယ်​ကော ကမ္ဘာသစ်​မှာ​ပါ ကူညီပေးနိုင်တယ်။ ညီအစ်ကို/မတွေကို ချစ်ဖို့၊ ထိန်းကျောင်းဖို့၊ “သိုးတော်စု​ရှေ့မှာ စံနမူနာ ပြ” ဖို့​ပဲ သင့်ကို ယေဟောဝါ တောင်းဆိုတာ​ပါ။

15. Khrihccaw piccan lukheit nynh tuu hae kha pawtemou a do-oih? (Sahkhung kha.)

၁၅ သိုးတွေကို ထိန်းကျောင်းဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ သက်တမ်းကြာ အကြီးအကဲ ဝီလျံ သိတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတော့ ဝီလျံ​နဲ့ တခြား​အကြီးအကဲတွေဟာ တာဝန်ကျ အုပ်စု​ထဲက တစ်ယောက်ချင်းစီ​ကို အပတ်တိုင်း ဆက်သွယ်​ကြတယ်။ “ညီအစ်ကို/မ တော်တော်​များများ​က တစ်ယောက်တည်းသမားတွေ။ တစ်ယောက်တည်းဆိုတော့ အပျက်သဘော​တွေ တွေးဖို့ တအား လွယ်တယ်” လို့ ပြောတယ်။ ပြဿနာ ကြုံနေရတဲ့ ညီအစ်ကို/မ ရင်ဖွင့်​လာတဲ့အခါ ဝီလျံ ကောင်းကောင်း နားထောင်ပေးတယ်။ ဘာ​စိတ်ပူ​နေသလဲ၊ ဘာလိုအပ်သလဲ သိအောင် လုပ်တယ်။ ဝက်ဘ်ဆိုက်မှာ ရှိတဲ့ စာပေတွေ၊ ဗီဒီယိုတွေ ရှာပြီး အားပေးတယ်။ “အရင်ကထက် အခု​အချိန်မှာ ညီအစ်ကို/မတွေကို ထိန်းကျောင်း​ပေးဖို့ ပို​လိုတယ်။ ယေဟောဝါအကြောင်း သိလာဖို့ သိုး​အသစ်တွေ ကျွန်တော်တို့ ကြိုးစား​ရှာကြတယ်။ အဲဒီလိုပဲ ရှိပြီး​သား သိုးတွေ အမှန်တရားထဲ ဆက်ရှိနေအောင် ကြိုးစား​ထိန်းကျောင်း​ပေး​ရမယ်” လို့ ပြောတယ်။

ZAHOVA NYNH ACCING LANGTE CCANGPYANAW KHA LAWKUH

16. Peter ccaky hae kyate a muekuhpaw ccangkunaw hae kha pawtemou zui kho lang?

၁၆ ပေတရုရဲ့ စာ​နှစ်စောင်​ထဲက သင်ခန်းစာ​တချို့ ဆွေးနွေး​ခဲ့ကြတယ်။ တိုးတက်ဖို့ လိုတဲ့ ကဏ္ဍ​တစ်ခုခု သင် သတိပြုမိ​သ​လား။ ဥပမာ၊ ကမ္ဘာသစ်​မှာ ရမယ့် ကောင်းချီးတွေ​အကြောင်း ဒီထက် ပိုပြီး မကြာခဏ စဉ်းစား​ချင်စိတ် ပေါ်လာ​သ​လား။ အလုပ်မှာ၊ ကျောင်းမှာ၊ တခြား ဘယ်နေရာမှာ ဖြစ်ဖြစ် သက်သေခံဖို့ ပန်းတိုင် ထားလိုက်ပြီလား။ ညီအစ်ကို/မတွေကို နှစ်နှစ်ကာကာ ချစ်ကြောင်း ပြနိုင်​မယ့် နည်း​တွေ ရှာတွေ့​သ​လား။ အကြီးအကဲ​တို့၊ ယေဟောဝါရဲ့ သိုးတော်စုကို စိတ်ပါလက်ပါ၊ ထက်ထက်သန်သန် ထိန်းကျောင်းဖို့ ဆုံးဖြတ်​ထားသလား။ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်​ကြည့်​လို့ ဟာကွက်​လေး​တွေ တွေ့တဲ့အခါ စိတ်ဓာတ်​မကျပါနဲ့။ “သခင် [ယေရှု] ဟာ သနား​ကြင်နာ​တတ်” တယ်။ ကူညီပေးလိမ့်မယ်။ (၁ ပေ. ၂:၃) “ဘုရားသခင်​ကိုယ်တိုင် ခင်ဗျားတို့ကို အပြည့်အဝ လေ့ကျင့်ပေးလိမ့်မယ်။ . . . ခင်ဗျားတို့ကို မြဲမြံ​စေ​ပြီး ခွန်အားရှိစေမယ်၊ ကြံ့ကြံ့ခံ ရပ်တည်​စေမယ်” လို့ ပေတရု အာမခံထားတယ်။—၁ ပေ. ၅:၁၀။

17. Sawphah leite pou zuakuh langze, Zahova ccangpyanaw kha lawkuh langze pawmou mue lang?

၁၇ ယေရှု​ဘေးမှာ ရှိနေဖို့​တောင် မထိုက်တန်ဘူးလို့ ပေတရု ခံစားခဲ့​ရဖူးတယ်။ (လု. ၅:၈) ဒါပေမဲ့ ယေဟောဝါ၊ ယေရှု​တို့​ရဲ့ မေတ္တာပါ ထောက်မမှု​နဲ့ လက်မလျှော့တမ်း ခရစ်တော်နောက် ဆက်​လိုက်တယ်။ ဒါကြောင့် “ကယ်တင်ရှင် သခင်​ယေရှုခရစ်ရဲ့ ထာဝရ နိုင်ငံတော်​ထဲ ဝင်ရောက်​ခွင့်” ရတယ်။ (၂ ပေ. ၁:၁၁) တကယ့် အခွင့်ထူး​ပဲ။ သင်လည်း ပေတရု လက်မလျှော့ဘဲ ဆက်ကြိုးစား​သ​လို ကြိုးစားမယ်၊ ယေဟောဝါ လေ့ကျင့်​ပေးတာ ခံယူမယ်ဆိုရင် ထာဝရ​အသက် ဆုကျေးဇူး ရမယ်။ “ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်း ရ” ပါလိမ့်မယ်။—၁ ပေ. ၁:၉။

PAWTEMOU NA PHI CIH?

  • Zahova nin kha tua te ngaehoinawte asekuhte Peter nynh paw raeringnaw mou yn pya?

  • Ccungccaw raw rinaw thinlung kha dounawte asekuhte Peter nynh paw raeringnaw mou yn pya?

  • Uno hae kha “thawmawte sungsahnaw” te asekuhte Peter nynh paw raeringnaw mou yn pya?

LAW 109 နှစ်နှစ်ကာကာ ချစ်ကြပါ

a ပေတရုရဲ့ စာတွေ​ကနေ ရတဲ့ သင်ခန်းစာ​က စမ်းသပ်မှုတွေ ခံရပ်ဖို့ ဘယ်လို ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ သိုးထိန်း​တာဝန် ဘယ်လို ကျေပွန်​နိုင်​ကြောင်း​လည်း အကြီးအကဲတွေ သိရပါမယ်။

b အေဒီ ၆၆၊ ဂျေရုဆလင်​မြို့ကို ရောမတွေ ပထမ​အကြိမ် လာ​မတိုက်ခင် ပေတရုရဲ့ စာ​နှစ်စောင်​စ​လုံး​ကို ပါလက်စတိုင်း​ဒေသမှာ နေတဲ့ ခရစ်ယာန်တွေ ရခဲ့​ကြ​ပုံ​ပဲ။

c အဖိုးတန်ဆုကျေးဇူး စည်းလုံးမှု​ကို ထိန်းသိမ်းပါ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share