Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w23 April pp. 26-31
  • Laephi Thawpaw Bakingnaw Kha Houh Zynngan Khonaw Zia

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • Laephi Thawpaw Bakingnaw Kha Houh Zynngan Khonaw Zia
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
  • Abalu dihpaw hae
  • ZYNNAW TYN LANG AHOOPAW UNGTU ZIA HAE
  • SAWNAWME KONG TUA
  • ZAHOVA THUNGNAW KONG TUA
  • BEIHNAW RYALAWNAW HAE KYA NA RYALAW LUNGSAH
  • “SOLEITE ACCING CIH”
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
w23 April pp. 26-31

HOKU LANGPAW ABALU 19

Laephi Thawpaw Bakingnaw Kha Houh Zynngan Khonaw Zia

“Pachia [Zahova] tuh bya a kinpyaku vae paw kha cyih lan khyh tou, a ho vae paw kha ccingsah lan khyh tou?”—NAM. 23:19.

LAW 142 မျှော်လင့်ချက်ကို ကိုင်စွဲထားခြင်း

အကြို​သုံးသပ်ချက်a

1-2. Laephi thawpaw kha ngaw la liate paw cyilangmou ahoo?

ဒီ​လောက​စနစ်ကို ဖြောင့်မတ်တဲ့ ကမ္ဘာသစ်​နဲ့ အစားထိုးတော့မယ်​ဆိုတဲ့ ယေဟောဝါဘုရားရဲ့ ကတိကို ကျွန်တော်တို့ သိပ်တန်ဖိုးထားကြတယ်။ (၂ ပေ. ၃:၁၃) ကမ္ဘာသစ် ဘယ်အချိန် ရောက်လာမလဲ အတိအကျ မသိပေမဲ့ သိပ်နီးနေပြီဆိုတာ လက်ရှိ ကမ္ဘာ့​အခြေအနေတွေက ဖော်ပြ​နေတယ်။—မ. ၂၄:၃၂-၃၄၊ ၃၆။ တ. ၁:၇။

၂ အမှန်တရား​သက်တမ်း ဘယ်လောက် ရှိရှိ ကျွန်တော်တို့​အားလုံး ဘုရားရဲ့​ကတိကို အခိုင်အမာ ယုံကြည်ဖို့ ကြိုးစားရမယ်။ ဘာကြောင့်လဲ။ ခိုင်မာတဲ့ ယုံကြည်ခြင်း​တောင် အားနည်း​သွား​နိုင်​လို့​ပါ။ ဒါ့အပြင် ယုံကြည်ခြင်း မရှိတာကို “အလွယ်တကူ ကျော့မိ​စေ​တဲ့ အပြစ်” လို့ တမန်တော် ပေါလု ခေါ်ထားတယ်။ (ဟီ. ၁၂:၁) ဒါကြောင့် ယုံကြည်ခြင်း အားနည်း​မသွားဖို့ မကြာခင် ကမ္ဘာသစ် ရောက်လာတော့မယ်​ဆိုတဲ့ အထောက်အထားတွေကို မှန်မှန် လေ့လာရမယ်။—ဟီ. ၁၁:၁။

3. E abalu kya pawkongmou hokuh lang oh?

၃ ကမ္ဘာသစ်​ကတိကို ပိုယုံကြည်စိတ်ချလာအောင် လုပ်နိုင်​တဲ့ နည်း​သုံးနည်းကို ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။ (၁) ရွေးဖိုး​အကြောင်း တွေးတောခြင်း၊ (၂) ယေဟောဝါရဲ့ အစွမ်းတန်ခိုး​အကြောင်း တွေးတောခြင်း၊ (၃) ဝတ်ပြုရေး လုပ်ဆောင်မှုတွေမှာ အလုပ်များ​နေခြင်း။ ဒါ့အပြင် ဟဗက္ကုတ်​ကို ယေဟောဝါ ပြောတဲ့ စကားတွေက ဒီနေ့​အချိန်မှာ ယုံကြည်ခြင်း ခိုင်မာ​ဖို့ ဘယ်လို ကူညီပေးကြောင်း​လည်း ဆွေးနွေးပါမယ်။ ဦးဆုံး၊ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိဖို့ လိုတဲ့ အခြေအနေ​တချို့ကို သုံးသပ်​ကြည့်ရအောင်။

ZYNNAW TYN LANG AHOOPAW UNGTU ZIA HAE

4. Paw byapaenaw hae rae nawlang mou a tynpaw zynnaw hoi ahoo?

၄ နေ့တိုင်း ဆုံးဖြတ်ချက်တွေ ချကြရတယ်။ တချို့ ဆုံးဖြတ်ချက်တွေ ချဖို့ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိရမယ်။ ဥပမာ၊ အပေါင်းအသင်း၊ ဖျော်ဖြေရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ သားသမီး၊ အလုပ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချတဲ့အခါ ဖြစ်တယ်။ ဆုံးဖြတ်ချက် ချတဲ့အခါ ‘ဒီလောကစနစ်​က ခဏ​ယာယီ​ပဲ၊ မကြာခင် ကမ္ဘာသစ် ရောက်လာတော့မယ်ဆိုတာ ယုံကြောင်း ငါ့​ဆုံးဖြတ်ချက်တွေ​က ဖော်ပြနေသလား။ ဒါမှမဟုတ် “ဘဝက တို​တို​လေး​ပဲ၊ ပျော်သလို နေမယ်” လို့ သဘောထားတဲ့ လောက,က လူတွေလို ငါ ဆုံးဖြတ်​နေ​သ​လား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ (မ. ၆:၁၉၊ ၂၀။ လု. ၁၂:၁၆-၂၁) ကမ္ဘာသစ် လက်တစ်ကမ်း​မှာ ရောက်နေပြီ​ဆိုတဲ့ ယုံကြည်ခြင်း ခိုင်မာ​နေ​ရင် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်ပါလိမ့်မယ်။

5-6. Lungro thawzya ccyh kya pawcce a tynpaw zynnaw hoi ahoo? Tousenaw pya tua.

၅ နှိပ်စက်​ညှဉ်းပန်းမှု၊ နာတာရှည် ရောဂါ၊ စိတ်ပျက်​အားလျော့​စေ​တဲ့ အခြေအနေတွေ ကျွန်တော်တို့ ရင်ဆိုင်​ရနိုင်တယ်။ ဒါကို ခံရပ်နိုင်​မှာ​ပါ​လို့ အစပိုင်းမှာ တွေးမိနိုင်တယ်။ ဒါပေမဲ့ အခက်အခဲတွေ တာရှည်လာရင်တော့ ဆက်ခံရပ်နိုင်ဖို့၊ ယေဟောဝါကို ပျော်ပျော်ရွှင်ရွှင် ဆက်​ဝတ်ပြုနိုင်ဖို့ ယုံကြည်ခြင်း ခိုင်မာ​နေ​မှ ရမယ်။—ရော. ၁၂:၁၂။ ၁ ပေ. ၁:၆၊ ၇။

၆ အခက်အခဲ ကြုံနေရချိန်​အတွင်း ကမ္ဘာသစ် ရောက်ကို ရောက်မလာနိုင်တော့ဘူးလို့ ခံစားရနိုင်တယ်။ အဲဒီလိုခံစားရတာ ယုံကြည်ခြင်း အား​နည်းသွားလို့​လား။ မဟုတ်ပါဘူး။ ဗိုက်ဆာနေတုန်း ထမင်း​အိုး တည်ထား​တယ်လို့ မြင်ယောင်​ကြည့်ပါ။ ‘ထမင်း ကျက်ကို မကျက်နိုင်တော့ဘူး’ လို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ အချိန်တန်တော့​လည်း ကျက်သွားတာပါပဲ။ အဲဒီလိုပဲ၊ ကမ္ဘာသစ် ရောက်ကို မရောက်နိုင်တော့ဘူးလို့ စိတ်ပျက်​အားငယ်​နေချိန်​တွေ​မှာ ခံစားမိနိုင်တယ်။ ဒါပေမဲ့ ယုံကြည်ခြင်း​သာ ခိုင်မာ​နေမယ်​ဆိုရင် အချိန်တန်တဲ့အခါ ဘုရား​ကတိတွေ ပြည့်စုံလာမယ်ဆိုတာ စိတ်ချ​နေ​မှာ​ပဲ။ (ဆာ. ၉၄:၃၊ ၁၄၊ ၁၅။ ဟီ. ၆:၁၇-၁၉) အဲဒီလို စိတ်ချ​လို့ ဝတ်ပြုရေးကို ဘဝမှာ ဆက်ဦးစားထားနိုင်ကြတယ်။

7. Pawte tuapaw kha mou sihaekuh lang?

၇ ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိဖို့ လိုတဲ့ နောက်​ကဏ္ဍ တစ်ခုကတော့ ဟောပြောခြင်း လုပ်ငန်း​ပါ။ ကမ္ဘာသစ် ရောက်လာတော့မယ်​ဆိုတဲ့ “သတင်းကောင်း” က လက်တွေ့မကျဘူးလို့ ရပ်ကွက်​က လူတွေ တွေးနိုင်တယ်။ (မ. ၂၄:၁၄။ ယေဇ. ၃၃:၃၂) သူတို့​လို မတွေးမိဖို့ ကျွန်တော်တို့ သတိထားရမယ်။ ယုံကြည်ခြင်း ခိုင်မာ​နေ​မှ အဲဒီလို မတွေးမိမှာ။ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်နိုင်​တဲ့ နည်း​သုံးနည်းကို လေ့လာ​ကြည့်ရအောင်။

SAWNAWME KONG TUA

8-9. Sawnawme kong tuanaw nynh paw liatemou zynnaw yn tynsah?

၈ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်နိုင်​တဲ့ တစ်နည်းကတော့ ရွေးဖိုး​အကြောင်း တွေးတောခြင်း​ပါ။ ဘုရားရဲ့ ကတိတွေ ပြည့်စုံလာမယ်ဆိုတာ ရွေးဖိုး​က အာမခံချက်​ပါပဲ။ ဘာကြောင့် ရွေးဖိုး ပေးထားကြောင်း၊ ယေဟောဝါ ဘယ်လောက်ထိ စွန့်လွှတ်​အနစ်နာခံ​ခဲ့​ရ​ကြောင်း သေသေချာချာ တွေးတော​ဆင်ခြင်​တဲ့အခါ ပိုကောင်းတဲ့ ကမ္ဘာမှာ ထာဝစဉ် အသက်ရှင်​ရမယ်ဆိုတဲ့ ဘုရား​ကတိ ကျိန်းသေ ပြည့်စုံလာမယ်ဆိုတာ ယုံကြည်​စိတ်ချလာမယ်။ ဘာကြောင့်လဲ။

၉ ရွေးဖိုး​အတွက် ယေဟောဝါ ဘယ်လောက် ပေးဆပ်ခဲ့ရသလဲ စဉ်းစားကြည့်ပါ။ သိပ်​ချစ်ခင်​တွယ်တာ​ရတဲ့ သား​ဦးကို ကောင်းကင်ကနေ မြေကြီးကို စေလွှတ်ပြီး စုံလင်တဲ့ လူသား​အဖြစ် မွေးဖွား​လာ​စေတယ်။ မြေကြီးပေါ် ရှိ​နေစဉ်​တစ်လျှောက် အခက်အခဲ​မျိုးစုံ ယေရှု ကြုံရတယ်။ အဲဒီနောက် မချိမဆံ့ ဝေဒနာ ခံစားပြီး သေဆုံး​သွားတယ်။ ယေဟောဝါ​အတွက် တကယ့် ပေးဆပ်မှုကြီးပါပဲ။ ကျွန်တော်တို့ ခဏတာ အသက်ရှင်ဖို့​လောက်​အတွက်​နဲ့ သားတော် ဝေဒနာ ခံပြီး သေဆုံးဖို့ ယေဟောဝါ ခွင့်ပြုပါ့မလား။ (ယော. ၃:၁၆။ ၁ ပေ. ၁:၁၈၊ ၁၉) တန်ဖိုးကြီးကြီး ပေးဆပ်ထားမှတော့ ကမ္ဘာသစ်​မှာ ကျွန်တော်တို့ ထာဝစဉ် အသက်ရှင်​နိုင်အောင် ကျိန်းသေ လုပ်ပေးပါလိမ့်မယ်။

ZAHOVA THUNGNAW KONG TUA

10. Efesa 3:20 liate, Zahova kong pawmou ah ny oh?

၁၀ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်နိုင်​တဲ့ ဒုတိယ​နည်းကတော့ ယေဟောဝါရဲ့ အစွမ်းတန်ခိုး​အကြောင်း တွေးတောခြင်း​ပါ။ ကတိ​မှန်သမျှ ပြည့်စုံစေ​နိုင်စွမ်း ယေဟောဝါ​မှာ ရှိတယ်။ ကမ္ဘာသစ်​မှာ ထာဝစဉ် အသက်ရှင်​ရမယ်ဆိုတဲ့ ကတိဟာ လူ့အမြင်အရ မဖြစ်နိုင်​ပုံ​ပဲ။ ဒါပေမဲ့ လူတွေ​အတွက် ဖြစ်နိုင်​ပုံ မပေါက်တာတွေကို ယေဟောဝါ မကြာခဏ ကတိပေးတယ်။ ဘာကြောင့်လဲ။ အနန္တ​တန်ခိုးရှင် ဖြစ်လို့​ပါ။ (ယောဘ ၄၂:၂။ မာ. ၁၀:၂၇) သာမန်​ဘုရား​မှ မဟုတ်တာ။ သာမန်​ကတိ​မျိုး ဘယ်ပေးပါ့မလဲ။—ဧဖက် ၃:၂၀ ကို ဖတ်ပါ။

11. Thua kho lang khyh cite a lopaw Zahova a baking ccangkheit kong hotua. (“Thua Kho Lang Khyh Cite Tuapaw Baking Hae Yn Ccing” cihkupaw ringpali kueh kha do.)

၁၁ ရှေးခေတ် ကျေးကျွန်တွေကို ယေဟောဝါ ပေးခဲ့တဲ့ မဖြစ်နိုင်ဘူး​လို့ ထင်ရတဲ့ ကတိ​တချို့ကို သုံးသပ်ကြည့်ပါ။ အာဗြဟံ​နဲ့ စာရာ အရွယ်​လွန်​နေပေမဲ့ သားလေး မွေးမယ်လို့ ယေဟောဝါ ပြောတယ်။ (က. ၁၇:၁၅-၁၇) အာဗြဟံရဲ့ မျိုးနွယ်​တွေ ခါနန်​ပြည်ကို အမွေ​ရမယ်လို့လည်း ပြောတယ်။ ဒါပေမဲ့ အာဗြဟံရဲ့ မျိုးနွယ်​တွေ ဖြစ်တဲ့ အစ္စရေးတွေ အီဂျစ်​ပြည်မှာ နှစ်ပေါင်းများစွာ ကျွန်ခံ​ကြရတယ်။ ဒါကြောင့် ယေဟောဝါရဲ့​ကတိ ပြည့်​ကော ပြည့်စုံပါ့မလားလို့ ထင်​မိ​နိုင်တယ်။ ဒါပေမဲ့ ပြည့်စုံ​လာ​ပါတယ်။ အသက်ကြီး​နေပေမဲ့ သားသမီး ရမယ်လို့ ဧလိရှဗက်​ကို ယေဟောဝါ ပြောတယ်။ အပျိုစင် မာရိလည်း ဘုရား​သားတော်ကို ဖွားမြင်​မယ်၊ အဲဒီ​သား​အားဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ​က ဧဒင်မှာ ပေးခဲ့တဲ့ ကတိကို ပြည့်စုံစေမယ်​လို့ ယေဟောဝါ ပြောတယ်။—က. ၃:၁၅။

မဖြစ်နိုင်ဘူး​လို့ ထင်ရတဲ့ ကတိတွေ ပြည့်စုံ​လာ

မွေးကင်းစ သားအိဇက်ကို အာဗြဟံနဲ့ စာရာ ပွေ့ပိုက်ထား။

ကတိ

အာဗြဟံ​နဲ့ စာရာ အရွယ်​လွန်​နေပေမဲ့ သားလေး မွေးလာမယ်။​—က. ၁၈:၁၄။

ဘာကြောင့် မဖြစ်နိုင်​ပုံ ပေါက်သလဲ

စာရာ ကလေး​ရနိုင်တဲ့​အရွယ် လွန်​နေပြီ။​—က. ၁၈:၁၁။

ပြည့်စုံ​လာ​ပုံ

က. ၂၁:၁၊ ၂

ယောရှု ဓား မြှောက်ပြီး ကောင်းကင်ကို ကြည့်နေ။

ကတိ

အာဗြဟံရဲ့ မျိုးနွယ်​တွေ ခါနန်​ပြည်ကို အမွေ​ရကြမယ်။​—က. ၁၇:၈။

ဘာကြောင့် မဖြစ်နိုင်​ပုံ ပေါက်သလဲ

အစ္စရေးတွေ အီဂျစ်​ပြည်မှာ ကျွန်ဘဝ ရောက်နေကြတယ်။​—ထွ. ၁:၁၃၊ ၁၄။

ပြည့်စုံ​လာ​ပုံ

ယရ. ၁၁:၂၃

ယောသပ်၊ မာရိနဲ့ နွားစားခွက်ထဲက မွေးကင်းစ ယေရှု။

ကတိ

ဒါဝိဒ်​မျိုးနွယ်ကနေ ဆင်းသက်လာ​သူ တစ်ယောက် ထာဝစဉ် အုပ်စိုး​မယ်။​—၂ ရှ. ၇:၈၊ ၁၆။

ဘာကြောင့် မဖြစ်နိုင်​ပုံ ပေါက်သလဲ

ဇေဒကိ သေဆုံးပြီးနောက် ဒါဝိဒ်​မျိုးနွယ်ကနေ ဆင်းသက်လာတဲ့ ဘုရင် မရှိတော့ဘူး။​—ယေ. ၅၂:၁၁။

ပြည့်စုံ​လာ​ပုံ

လု. ၁:၃၂၊ ၃၃

အစ္စရေးတွေ ဗာဗုလုန်ကနေ ထွက်လာ။

ကတိ

ဗာဗုလုန်မှာ အစ္စရေးတွေ အနှစ် ၇၀ ကြာ သုံ့ပန်း​ဘဝ ရောက်ပြီးနောက် ဂျေရုဆလင်​ကို ပြန်ကြရမယ်။​—ယေ. ၂၉:၁၀။

ဘာကြောင့် မဖြစ်နိုင်​ပုံ ပေါက်သလဲ

ဂျေရုဆလင်​ဟာ လူ​သူ ကင်းမဲ့​နေတယ်။ ဗာဗုလုန်မှာ သုံ့ပန်း​တွေ​ကို လွှတ်ပေးတဲ့ ထုံးစံ မရှိဘူး။​—ဟေရှာ. ၁၄:၁၇။

ပြည့်စုံ​လာ​ပုံ

ဧဇ. ၁:၁-၃။ ၂:၁

ဓားကိုင်ထားတဲ့ ကောင်းကင်တမန် တစ်ပါး အဆီးရီးယား စစ်တပ်ဆီ ပျံဝဲလာ။

ကတိ

အဆီးရီးယား​တွေ ဂျေရုဆလင်​မြို့ကို တိုက်နိုင်မှာ မဟုတ်ဘူး။​—၂ ဘု. ၁၉:၃၂-၃၄။

ဘာကြောင့် မဖြစ်နိုင်​ပုံ ပေါက်သလဲ

အဆီးရီးယား စစ်တပ်ဟာ အင်အား​ကြီးမားပြီး ယုဒ​မြို့ရွာ များစွာ​ကို သိမ်းပိုက်​ထားတယ်။​—၂ ဘု. ၁၈:၁၃။

ပြည့်စုံ​လာ​ပုံ

ဟေရှာ. ၃၇:၃၆၊ ၃၇

မာရိကို ဧလိရှဗက် လှိုက်လှိုက်လှဲလှဲ ကြိုဆို။

ကတိ

ဧလိရှဗက် သားတစ်ယောက် ရမယ်။ မာရိ​ဆီကနေ ဘုရား​သား မွေးလာမယ်။​—လု. ၁:၁၃၊ ၃၁။

ဘာကြောင့် မဖြစ်နိုင်​ပုံ ပေါက်သလဲ

ဧလိရှဗက်​ဟာ မြုံနေ​တဲ့​အပြင် ကလေး​ရနိုင်တဲ့​အရွယ် လွန်​နေပြီ။ မာရိဟာ အပျိုစင် ဖြစ်တယ်။​—လု. ၁:၁၈၊ ၃၄။

ပြည့်စုံ​လာ​ပုံ

လု. ၁:၅၇။ ၂:၇

12. Joshua 23:14 te Isaiah 55:10, 11 liate Zahova a thungnaw te asekuhte pawmou zynngan kho athua?

၁၂ ယေဟောဝါ ဘာကတိတွေ ပေးတယ်၊ ဘယ်လို ပြည့်စုံစေ​တယ်ဆိုတာ တွေးတော​တဲ့အခါ ယေဟောဝါရဲ့ အစွမ်းတန်ခိုး​ကို ပိုယုံကြည်စိတ်ချလာတယ်။ (ယောရှု ၂၃:၁၄။ ဟေရှာယ ၅၅:၁၀၊ ၁၁ တို့ကို ဖတ်ပါ။) ဒါ့အပြင် ကောင်းကင်​သစ်၊ မြေကြီး​သစ်​နဲ့ပတ်သက်ပြီး “ဒါဟာ သစ္စာ​စကား၊ ဟုတ်မှန်တဲ့​စကား” လို့ ယေဟောဝါ ကိုယ်တိုင် ကြေညာ​ထားတယ်။ (ဗျာ. ၂၁:၁၊ ၅) ဒါက ကမ္ဘာသစ်​ကတိဟာ စိတ်ကူးယဉ်​အိပ်မက် မဟုတ်ကြောင်း တခြားသူတွေကို ပြောပြဖို့ လှုံ့ဆော်ပေးတယ်။

BEIHNAW RYALAWNAW HAE KYA NA RYALAW LUNGSAH

ညီအစ်ကိုတစ်ယောက် ဟောပြောချက် ပေးတာကို ညီအစ်ကို/မတွေ အာရုံစိုက် နားထောင်နေ။

အသင်းတော် အစည်းအဝေး

ဒီ​ဝတ်ပြုရေး လုပ်ဆောင်မှုက ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်း ခိုင်ခံ့စေ​သလဲ (စာပိုဒ် ၁၃ ကို ကြည့်ပါ)

13. Khrihccawbuu pungkunaw hae nynh paw liatemou zynnaw yn tynsah? Ccaesah tua.

၁၃ ယုံကြည်ခြင်း ခိုင်မာအောင် လုပ်နိုင်​တဲ့ တတိယ​နည်းကတော့ ဝတ်ပြုရေး လုပ်ဆောင်မှုတွေမှာ အလုပ်များ​နေခြင်း​ပါ။ အသင်းတော် အစည်းအဝေးတွေ​ကနေ ဘယ်လို အကျိုး​ရ​ကြောင်း သုံးသပ်ကြည့်ပါ။ အချိန်ပြည့် အမှုဆောင်​လုပ်ငန်း အမျိုးမျိုးမှာ နှစ်ပေါင်းများစွာ ပါဝင်ခဲ့တဲ့ ညီအစ်မ အန်နာ ဒီလို ပြောတယ်– “အစည်းအဝေးတွေ​က ယုံကြည်ခြင်း ထက်သန်​စေတယ်။ ဟောပြောသူ အဟောအပြော မကောင်း​ရင်တောင်၊ အသစ်အဆန်း​တွေ ထည့်​မဟော​ရင်တောင် ကျမ်းစာ အမှန်တရားကို ပိုနားလည်စေတဲ့ အကြောင်းအရာ တစ်ခုမဟုတ် တစ်ခုတော့ ကြားရတယ်။ ဒါက ယုံကြည်ခြင်း ခိုင်မာစေတယ်။”b အစည်းအဝေးမှာ ညီအစ်ကို/မတွေ ပေးတဲ့ မှတ်ချက်တွေ​ကလည်း ယုံကြည်ခြင်း ခိုင်မာစေတယ်။—ရော. ၁:၁၁၊ ၁၂။ ၁၀:၁၇။

ဂဟေရုံမှာ အလုပ်ဖော်ကို ညီအစ်ကိုတစ်ယောက် သက်သေခံနေ။

အမှုဆောင် လုပ်ငန်း

ဒီ​ဝတ်ပြုရေး လုပ်ဆောင်မှုက ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်း ခိုင်ခံ့စေ​သလဲ (စာပိုဒ် ၁၄ ကို ကြည့်ပါ)

14. Phungho ryalawnaw nynh paw liatemou zynnaw yn tynsah?

၁၄ အမှုဆောင် လုပ်ငန်း​မှာ ပါဝင်ခြင်းကလည်း ယုံကြည်ခြင်း ခိုင်မာစေတယ်။ (ဟီ. ၁၀:၂၃) “အမှုဆောင်မှာ ပါဝင်တာက ယုံကြည်ခြင်း ခိုင်ခံ့စေတယ်ဆိုတာ အမြဲ သတိထားမိတယ်။ ယေဟောဝါရဲ့ အံ့ဖွယ် ကတိတွေအကြောင်း တခြားသူတွေကို ပြောပြ​လေ ကျွန်မရဲ့ ယုံကြည်ခြင်း ပို​ထက်သန်၊ ပို​ခိုင်မာလေ​ပဲ” လို့ ယေဟောဝါကို အနှစ် ၇၀ ကျော် သစ္စာရှိရှိ ဝတ်ပြု​နေတဲ့ ညီအစ်မ ဘာဘရာ ပြောတယ်။

ကျမ်းစာ အခြေပြု စာစောင်တွေ သုံးပြီး ညီအစ်မတစ်ယောက် ကိုယ်ပိုင် လေ့လာမှု လုပ်နေ။

ကိုယ်ပိုင်​ လေ့လာမှု

ဒီ​ဝတ်ပြုရေး လုပ်ဆောင်မှုက ဘယ်လိုနည်းနဲ့ ယုံကြည်ခြင်း ခိုင်ခံ့စေ​သလဲ (စာပိုဒ် ၁၅ ကို ကြည့်ပါ)

15. Mawtemaw leihlanaw nynh paw liatemou zynnaw yn tynsah? (Sahkhung kha do.)

၁၅ ယုံကြည်ခြင်း ခိုင်မာစေ​တဲ့ ဝတ်ပြုရေး လုပ်ဆောင်မှု နောက်တစ်ခုကတော့ ကိုယ်ပိုင်​လေ့လာမှု လုပ်ခြင်း​ပါ။ ဇယား ဆွဲပြီး ကိုယ်ပိုင်​လေ့လာမှု လုပ်တာ အကျိုး​ရှိကြောင်း ညီအစ်မ ဆူဇန်ရဲ့ တွေ့ကြုံမှု​က ဖော်ပြတယ်။ “တနင်္ဂနွေ​ဆိုရင် နောက်အပတ် ကင်းမျှော်စင် သင်တန်းအတွက် လေ့လာ​တယ်။ တနင်္လာ​နဲ့ အင်္ဂါ​ဆိုရင် ကြားရက် အစည်းအဝေးအတွက် ပြင်ဆင်တယ်။ ကျန်တဲ့ ရက်တွေမှာ ကိုယ်ပိုင်​လေ့လာမှု လုပ်တယ်” လို့ ပြောတယ်။ ဇယားအတိုင်း အမြဲ လေ့လာ​နေ​လို့ ဆူဇန်ရဲ့ ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ ကျမ်းစာ ပရောဖက်ပြုချက်တွေကို လေ့လာခြင်းက ယုံကြည်ခြင်း ခိုင်ခံ့စေ​ကြောင်း ကမ္ဘာ့ဌာနချုပ်​မှာ နှစ်ပေါင်းများစွာ အမှုဆောင်နေတဲ့ ညီအစ်မ အိုင်​ရင်း ဒီလို ပြောတယ်– “ယေဟောဝါရဲ့ ပရောဖက်ပြုချက်တွေ အသေးစိတ်​က​အစ ပြည့်စုံ​လို့ သိပ်​အံ့ဩ​ဖို့ ကောင်းတာ​ပဲ။”c

“SOLEITE ACCING CIH”

16. Habakkuk kha a hopaw Zahova a bya nynh atu she te mah asekuh cipaw pawcce ho kho athua? (Hebru 10:36, 37)

၁၆ ဒီလောကစနစ် အဆုံးကို ယေဟောဝါရဲ့ ကျေးကျွန်​တချို့ စောင့်နေတာ နှစ်​အတော် ကြာပြီ။ လူ့ရှုထောင့်က ကြည့်ရင် ဘုရားရဲ့ ကတိဟာ နှောင့်နှေးနေပုံပဲ။ ဒါပေမဲ့ ကျေးကျွန်တွေရဲ့ ခံစားချက်ကို ယေဟောဝါ ကောင်းကောင်း နားလည်ကြောင်း ပရောဖက် ဟဗက္ကုတ်​ကို ပြောတဲ့ စကားတွေအရ သိနိုင်တယ်။ “စိတ်​အာရုံ​က သတ်မှတ်ထားချိန်​ရောက်မှ ပြည့်စုံ​လာမယ်။ အဲဒီအချိန် အမြန်​လာ​နေပြီ။ အဲဒါဟာ အလိမ်အညာ မဟုတ်ဘူး။ နှောင့်နှေးပုံပေါက်နေရင်တောင် ဆက်ပြီး စောင့်မျှော်နေပါ။ ကျိန်းသေ ပြည့်စုံ​လာမယ်။ နောက်ကျမှာ မဟုတ်ဘူး” လို့ ပြောတယ်။ (ဟဗ. ၂:၃) ယေဟောဝါရဲ့ ဒီ​အာမခံချက်​က ဟဗက္ကုတ်​နဲ့​ပဲ သက်ဆိုင်​သ​လား။ ကျွန်တော်တို့နဲ့​ကော သက်ဆိုင်​သ​လား။ ဒီစကားတွေ​ဟာ ကမ္ဘာသစ်​ကို စောင့်မျှော်​နေတဲ့ ခရစ်ယာန်တွေနဲ့ သက်ဆိုင်တယ်လို့ တမန်တော် ပေါလု ပြောတယ်။ (ဟီဘရူး ၁၀:၃၆၊ ၃၇ ကို ဖတ်ပါ။) ဒါကြောင့် ယေဟောဝါရဲ့ ကတိ နှောင့်နှေးပုံပေါက်ရင်တောင် “ကျိန်းသေ ပြည့်စုံ​လာမယ်။ နောက်ကျမှာ မဟုတ်ဘူး” ဆိုတာ ယုံကြည်​စိတ်ချနိုင်တယ်။

17. Habakkuk a pyapaw Zahova tuanaw hawte unonung lukheit nynh pawtemou a zui?

၁၇ “ဆက်ပြီး စောင့်မျှော်နေပါ” ဆိုတဲ့ ယေဟောဝါရဲ့ အကြံ​ပေး​ချက်​အတိုင်း နှစ်ပေါင်းများစွာ ကြာ​တာ​တောင် ကျေးကျွန်တွေ ဆက်​စောင့်မျှော်နေကြတယ်။ ဥပမာ၊ ညီအစ်မ လီဆာ​ဟာ ၁၉၃၉ မှာ ယေဟောဝါကို စ​ဝတ်ပြုတယ်။ “အထက်တန်း​ကျောင်း မပြီးခင် အာမဂေဒုန် လာမှာ​ပဲ​လို့ အဲဒီတုန်းက ထင်ခဲ့တာ။ အဲဒီအတိုင်း ဖြစ်​မ​လာ​ဘူး။ ဘုရား ကတိပေးထားတဲ့ ဆု​ကျေးဇူး ရဖို့ နှစ်​အတော်ကြာ စောင့်​ခဲ့​ကြ​တဲ့ နောဧ၊ အာဗြဟံ၊ ယောသပ်နဲ့ တခြားသူတွေ​အကြောင်း ဖတ်တယ်။ ဒါတွေဟာ ကျွန်မအတွက်တော့ ‘စောင့်နေခြင်း မှတ်တမ်းတွေ’ ပေါ့။ ဆက်ပြီး စောင့်နေတာက ကမ္ဘာသစ် သိပ်နီးနေပြီဆိုတာ အာရုံစိုက်ဖို့ ကျွန်မ​နဲ့ တခြားသူတွေကို ကူညီပေးတယ်” လို့ ပြောတယ်။ ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြု​နေ​ကြ​သူ​တွေ အဲဒီလို ခံစားကြရတယ်။

18. Raepaw hae kha leihlanaw nynh zynnaw kha pawtemou a tynsah?

၁၈ ကြယ်တွေ၊ သစ်ပင်​တွေ၊ တိရစ္ဆာန်တွေ၊ လူတွေ အပါအဝင် ကမ္ဘာပေါ်​က ဖန်ဆင်း​ရာ​တချို့​အကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါ ဖန်ဆင်းထားလို့ မရှိ​ရာ​ကနေ ရှိလာပြီ။ ဒီ​အရာတွေ စစ်​ကော စစ်​ရဲ့​လား​ဆိုပြီး ဘယ်သူမှ သံသယ မဝင်ကြဘူး။ (က. ၁:၁၊ ၂၆၊ ၂၇) အခုလည်း ကမ္ဘာသစ်တော့ ရောက်မလာသေးဘူး။ ဒါပေမဲ့ ကမ္ဘာသစ် ဖန်ဆင်း​ပေးမယ်​လို့ ယေဟောဝါ ကတိပေးထားတယ်။ အဲဒီကတိအတိုင်း ဖန်ဆင်း​ပေးပါလိမ့်မယ်။ ကမ္ဘာသစ်​မှာ လူတိုင်း ဒေါင်ဒေါင်မြည် ကျန်းမာရေး​နဲ့ အဆုံးမဲ့ အသက်တာ ပိုင်ဆိုင်​ကြရမယ်။ ဒါကြောင့် ယေဟောဝါ သတ်မှတ်ထားတဲ့ အချိန်မှာ ကမ္ဘာသစ်​ကို ဆောင်ကြဉ်း​ပေးမယ်​ဆိုတာ ယုံကြည်​စိတ်ချနိုင်ပါတယ်။—ဟေရှာ. ၆၅:၁၇။ ဗျာ. ၂၁:၃၊ ၄။

19. Paw liatemou zynnaw a tyn nawlang cyi kho lang?

၁၉ ဒီအတောအတွင်း ရနိုင်သမျှ အခွင့်အရေး သုံးပြီး ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ပါ။ ရွေးဖိုး​အတွက် ကျေးဇူးတင်​လေးမြတ်စိတ် တိုးပွားစေပါ။ ယေဟောဝါရဲ့ အစွမ်းတန်ခိုး​အကြောင်း တွေးတောပါ။ ဝတ်ပြုရေး လုပ်ဆောင်မှုတွေမှာ အလုပ်များ​နေပါ။ ဒါဆိုရင် ‘ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်း​ကြောင့် ကတိတော်ကို အမွေ​ရသူတွေ’ ထဲ​မှာ သင်လည်း အပါအဝင် ဖြစ်ပါလိမ့်မယ်။—ဟီ. ၆:၁၁၊ ၁၂။ ရော. ၅:၅။

PAWTEMOU NA PHI CIH?

  • Sawnawme kong tuanaw nynh pawcce zynnaw yn tynsah?

  • Zahova a thungnaw kong tuanaw nynh pawcce zynnaw yn tynsah?

  • Beihnaw ryalawnaw hae kya lawbuanaw nynh pawcce zynnaw yn tynsah?

LAW 139 မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်​မှာ

a ကမ္ဘာသစ်​နဲ့​ပတ်သက်တဲ့ ကျမ်းစာ​ကတိကို ဒီနေ့ လူများစွာ မယုံကြဘူး။ စိတ်ကူးယဉ် အိပ်မက်​လို့ ထင်ကြတယ်။ ကျွန်တော်တို့ကတော့ ယေဟောဝါရဲ့ ကတိ​အားလုံး ပြည့်စုံလာမယ်ဆိုတာ ယုံကြတယ်။ ယုံတယ်ဆိုရင်တောင် ယုံကြည်ခြင်း ခိုင်မာ​နေဖို့ ဆက်ကြိုးစားရမယ်။ ဘယ်လိုနည်းနဲ့လဲ။ ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။

b အမည်လွှဲများ။

c ယေဟောဝါသက်သေများ​အတွက် ကျမ်းစာ​လေ့လာမှု လမ်းညွှန် စာအုပ်၊ “ပရောဖက်ပြုချက်” အပိုင်းမှာ ကျမ်းစာ ပရောဖက်ပြုချက်​နဲ့​ပတ်သက်တဲ့ ဆောင်းပါးတွေ ထပ်​လေ့လာ​နိုင်တယ်။ ဥပမာ၊ ၂၀၀၈၊ ဇန်နဝါရီ ၁ ကင်းမျှော်စင် မှာ ပါတဲ့ “ယေဟောဝါ ကြို၍ မိန့်တော်မူရာ ပြည့်စုံ​လာ” ဆောင်းပါးကို ကြည့်ပါ။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share