HOKU LANGPAW ABALU 21
Sawsangnaw Hae Kha Zahova Nynh Aphi Yn Pyanaw Zia
“Amaw kalan ah ngiaku oh paw kha ah mue oh cipaw ah ny oh.”—1 JO. 5:15.
LAW 41 ဆုတောင်းသံကို နားထောင်ပေးပါ
အကြိုသုံးသပ်ချက်a
1-2. Sawsangnawte asekuhte pawtemou a ungkuh kho?
ကိုယ့်ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးနေမနေ ဇဝေဇဝါ ဖြစ်ဖူးသလား။ ညီအစ်ကို/မများစွာ ဇဝေဇဝါ ဖြစ်ဖူးကြတယ်။ အထူးသဖြင့်၊ အခက်အခဲ ကြုံရချိန်မှာ ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေးနေသလဲဆိုတာ သတိထားမိဖို့ ခက်တတ်တယ်။
၂ ဝတ်ပြုသူတွေရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးတယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ (၁ ယော. ၅:၁၅) ဆုတောင်းချက်တွေကို ဘုရား ဖြေမပေးဘူးလို့ တစ်ခါတလေ ဘာကြောင့် ထင်မိနိုင်သလဲ။ ဒီနေ့အချိန်မှာ ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေးသလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
MAW NGAEHOI HAWTE ZAHOVA NYNH APHI YN PYA LANG KHYH
3. Amaw kalang pawcce Zahova nynh saw yn sangsah ry?
၃ ကျွန်တော်တို့ကို ယေဟောဝါ သိပ်ချစ်ပြီး တန်ဖိုးထားတယ်။ (ဟဂ္ဂဲ ၂:၇။ ၁ ယော. ၄:၁၀) မိမိနဲ့ ရင်းနှီးနေဖို့၊ အခက်အခဲတွေ ခံရပ်နိုင်ဖို့ ကူညီပေးချင်တယ်။ ဒါကြောင့် အကူအညီ ရဖို့ မိမိဆီ ဆုတောင်းစေချင်တာ။—၁ ပေ. ၅:၆၊ ၇။
ရန်သူတွေ လက်ကနေ ကယ်တင်ခြင်းအားဖြင့် ဒါဝိဒ်ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေး (စာပိုဒ် ၄ ကို ကြည့်ပါ)
4. Zahova nynh amaw a beihtu hae sawsangnaw hae kha aphi a pya hae cipaw pawtemou ny kho athua? (Sahkhung kha do.)
၄ ဝတ်ပြုသူတွေရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးကြောင်း ကျမ်းစာမှာ မကြာခဏ ဖတ်ရတယ်။ ဥပမာ၊ ဘုရင် ဒါဝိဒ်ဟာ ဘဝတစ်လျှောက် ရန်သူတွေ ဝိုင်းနေလို့ ဘုရားဆီ မကြာခဏ အကူအညီ တောင်းရတယ်။ တစ်ကြိမ်မှာ “အို ယေဟောဝါ၊ ကျွန်တော် ဆုတောင်းတာကို ကြားလှည့်ပါ။ အသနားခံနေတာကို နားထောင်ပေးပါ။ ကိုယ်တော့်သစ္စာတရားနဲ့ ဖြောင့်မတ်ခြင်းကို ထောက်ပြီး ပြန်ဖြေလှည့်ပါ” လို့ ဆုတောင်းတယ်။ (ဆာ. ၁၄၃:၁) ဒါဝိဒ်ရဲ့ ဆုတောင်းချက်တွေကို ဘုရား ဖြေပေးတယ်။ (၁ ရှ. ၁၉:၁၀၊ ၁၈-၂၀။ ၂ ရှ. ၅:၁၇-၂၅) ဒါကြောင့်လည်း ‘ယေဟောဝါဟာ ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်’ လို့ ဒါဝိဒ် ယုံကြည်စိတ်ချမှု ရှိရှိ ပြောနိုင်ခဲ့တာ။ ကျွန်တော်တို့လည်း ထပ်တူ စိတ်ချနိုင်ပါတယ်။—ဆာ. ၁၄၅:၁၈။
ခံရပ်နိုင်စွမ်း ပေးခြင်းအားဖြင့် ပေါလုရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေး (စာပိုဒ် ၅ ကို ကြည့်ပါ)
5. Zahova nynh amaw a beihtu hae a ngaehoi hae hawte sawsangnaw hae kha zungzae aphi a pya hae tou? Tousenaw pya tua. (Sahkhung kha do.)
၅ ကျွန်တော်တို့ မျှော်လင့်တဲ့ နည်းအတိုင်း ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေချင်မှ ဖြေမယ်။ ဥပမာ၊ တမန်တော် ပေါလုဟာ “ကိုယ်ခန္ဓာမှာ စူးတဲ့ ဆူး” ကို ဖယ်ရှားပေးဖို့ ဘုရားဆီ သုံးကြိမ် သတ်သတ်မှတ်မှတ် အသနားခံ ဆုတောင်းတယ်။ ယေဟောဝါ ဖြေပေးသလား။ ဖြေပေးပါတယ်။ ပေါလု မျှော်လင့်တဲ့ နည်းအတိုင်းတော့ မဟုတ်ဘူး။ ပြဿနာကို ဖယ်ရှားပေးမယ့်အစား သစ္စာရှိရှိ ဆက်အမှုဆောင်နိုင်ဖို့ လိုအပ်တဲ့ ခွန်အား ပေးတယ်။—၂ ကော. ၁၂:၇-၁၀။
6. Sawsangnaw hae kha Zahova nynh aphi yn pya khyh cite vaekhakheit pawcce a tuakuh kho?
၆ ကျွန်တော်တို့လည်း မျှော်လင့်တဲ့ နည်းအတိုင်း အဖြေ မရတဲ့ အချိန်တွေ ရှိနိုင်တယ်။ ဘယ်လို ကူညီရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာ ယေဟောဝါ သေချာပေါက် သိတယ်။ “ကျွန်တော်တို့ တောင်းလျှောက်သမျှ၊ ကြံစည်သမျှထက် အတိုင်းထက်အလွန်” တောင် လုပ်ဆောင်ပေးနိုင်တယ်။ (ဧ. ၃:၂၀) ဒါကြောင့် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို မျှော်လင့်မထားတဲ့ အချိန်မှာ မျှော်လင့်မထားတဲ့ နည်းနဲ့ ဖြေပေးနိုင်တယ်။
7. Sawsangnaw rulae lang pawcce ahoo kho? Tousenaw pya tua.
၇ ယေဟောဝါရဲ့ အလိုတော်ကို ရှင်းရှင်းလင်းလင်း ပိုသိလာတာနဲ့အမျှ ကိုယ့်ဆုတောင်းချက်ကို ပြောင်းဖို့ လိုအပ်နိုင်တယ်။ ဥပမာ၊ ညီအစ်ကို မာတင် ပိုစင်ဂါဟာ လက်ထပ်ပြီး မကြာခင်မှာ နာဇီ ချွေးတပ်စခန်း အပို့ခံရတယ်။ ဇနီးသည်ကို စောင့်ရှောက်ပေးချင်လို့၊ ဟောပြောခြင်း လုပ်ငန်းမှာ ပြန်ပါဝင်ချင်လို့ ချွေးတပ်စခန်းကနေ လွတ်အောင် ကူညီပေးပါဆိုပြီး ဆုတောင်းတယ်။ နှစ်ပတ်သာ ကြာသွားတယ်။ လွတ်မယ့် အရိပ်အယောင် မတွေ့ရဘူး။ ဒါနဲ့ “ယေဟောဝါ လုပ်စေချင်တာကို သိဖို့ ကူညီပေးပါ” လို့ ပြောင်းပြီး ဆုတောင်းတယ်။ ချွေးတပ်စခန်းမှာ ရှိတဲ့ ညီအစ်ကိုတွေအကြောင်း စပြီး စဉ်းစားတယ်။ ညီအစ်ကိုတွေခမျာ သူတို့ဇနီး၊ သားသမီးတွေအတွက် သိပ်စိုးရိမ်နေကြတာ။ ဒါကြောင့် “ယေဟောဝါ၊ တာဝန်အသစ် ပေးလို့ ကျေးဇူးတင်ပါတယ်။ ညီအစ်ကိုတွေကို အားပေးနိုင်အောင် ကူညီပေးပါ” လို့ ပိုစင်ဂါ ဆုတောင်းတယ်။ ချွေးတပ်စခန်းမှာ နေရတဲ့ ကိုးနှစ်လုံးလုံး ညီအစ်ကိုတွေကို အားပေးနိုင်ခဲ့တယ်။
8. Sawsang vae ze paw azicipaw akong kha mou tuathui lang a ccang?
၈ လူတွေ ကြုံနေရတဲ့ သဘာဝဘေး၊ ဖျားနာခြင်း၊ သေခြင်း စတဲ့ ပြဿနာအားလုံးကို အပြီးအပိုင် ဖယ်ရှားပေးဖို့ ယေဟောဝါ ရည်ရွယ်ထားတယ်။ သတ်မှတ်ထားချိန်မှာ နိုင်ငံတော်အားဖြင့် အဲဒီရည်ရွယ်ချက်ကို ပြည့်စုံစေမယ်ဆိုတာ ကျွန်တော်တို့ သတိရ,ရမယ်။ (ဒံ. ၂:၄၄။ ဗျာ. ၂၁:၃၊ ၄) လောလောဆယ်တော့ လောကကို စာတန် အုပ်ချုပ်ဖို့ ခွင့်ပြုထားတယ်။b (ယော. ၁၂:၃၁။ ဗျာ. ၁၂:၉) အခုအချိန်မှာ လူ့ပြဿနာတွေကို ဘုရား လိုက်ဖြေရှင်းပေးနေရင် စာတန် ကောင်းကောင်း အုပ်ချုပ်နိုင်ပုံ ပေါက်သွားမှာ။ ကတိတွေ ပြည့်စုံစေမယ့် အချိန်ကို ယေဟောဝါ စောင့်နေပေမဲ့ ကျွန်တော်တို့ အကူအညီ လိုတဲ့အခါ လက်ပိုက် ကြည့်မနေပါဘူး။ ဘုရား ကူညီပေးတဲ့ နည်းတချို့ကို သုံးသပ်ကြရအောင်။
ATU SHE SAWSANGNAW HAE KHA ZAHOVA NYNH APHI YN PYANAW ZIA
9. Byapaenaw rae lang ahoo ccyh kya Zahova nynh pawtemou yn bung kho? Tousenaw pya tua.
၉ ဉာဏ်ပညာ ပေးတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ လိုအပ်တဲ့ ဉာဏ်ပညာ ပေးမယ်လို့ ယေဟောဝါ ကတိပေးတယ်။ အထူးသဖြင့်၊ ကိုယ့်အသက်တာအပေါ် သက်ရောက်မှု ရှိမယ့် ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ဘုရားဆီက ဉာဏ်ပညာ လိုအပ်တယ်။ ဥပမာ၊ တစ်ကိုယ်ရေ နေမလား၊ အိမ်ထောင်ပြုမလား ဆုံးဖြတ်တဲ့အခါ ဖြစ်တယ်။ (ယာ. ၁:၅) တစ်ကိုယ်ရေ ညီအစ်မ မာရီယာအကြောင်း သုံးသပ်ကြည့်ပါ။c မှန်မှန်ရှေ့ဆောင် လုပ်ရင်း ညီအစ်ကို တစ်ယောက်နဲ့ ဆုံတယ်။ “ရင်းနှီးလာတာနဲ့အမျှ သံယောဇဉ် တွယ်လာတယ်။ ကျွန်မ တစ်ခုခု ဆုံးဖြတ်မှ ဖြစ်တော့မယ်။ ယေဟောဝါရဲ့ လမ်းညွှန်မှု ရဖို့ အများကြီး ဆုတောင်းတယ်။ ဒါပေမဲ့ ယေဟောဝါက လမ်းညွှန်ချက်ပဲ ပေးမှာ။ ဆုံးဖြတ်မပေးဘူး” လို့ မာရီယာ ပြောတယ်။ ဘုရား ဉာဏ်ပညာ ပေးတယ်လို့ မာရီယာ ခံစားရတယ်။ ဘယ်လို ပေးသလဲ။ အဖွဲ့အစည်းထုတ် စာပေတွေကတစ်ဆင့်ပါ။ စာပေတွေမှာ ရှာဖွေလေ့လာလို့ အဖြေ ရသွားတယ်။ ယုံကြည်သူ မိခင်ရဲ့ ပညာရှိ အကြံပေးချက်ကိုလည်း လိုက်နာတယ်။ ဒါကြောင့် ကိုယ့်ခံစားချက်ကို ပြန်ဆန်းစစ်နိုင်ခဲ့တယ်။ ပညာရှိရှိ ဆုံးဖြတ်နိုင်ခဲ့တယ်။
ဘယ်လိုနည်းနဲ့ ခံရပ်နိုင်စွမ်း ယေဟောဝါ ပေးသလဲ (စာပိုဒ် ၁၀ ကို ကြည့်ပါ)
10. Filipi 4:13 liate, Zahova nynh amaw a beihtu hae kha pawtemou a bung cih hae? Tousenaw pya tua. (Sahkhung kha do.)
၁၀ ခံရပ်နိုင်စွမ်း ပေးတယ်။ တမန်တော် ပေါလုကို ယေဟောဝါ ခံရပ်နိုင်စွမ်း ပေးသလို ကျွန်တော်တို့ကိုလည်း ပေးမယ်။ (ဖိလိပ္ပိ ၄:၁၃ ကို ဖတ်ပါ။) အခက်အခဲတွေ ခံရပ်နိုင်ဖို့ ညီအစ်ကို ဘင်ဂျမင်ကို ဘုရား ဘယ်လို ကူညီပေးသလဲ သုံးသပ်ကြည့်ပါ။ ငယ်ငယ်ကတည်းက မိသားစုနဲ့အတူ အာဖရိကမှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ နေခဲ့ရတယ်။ “ဘုရား နှစ်သက်တာတွေ လုပ်နိုင်ဖို့ ခွန်အားပေးပါဆိုပြီး ကျွန်တော် အမြဲ ဆုတောင်းတယ်။ စိတ်ငြိမ်သက်မှု၊ ဆက်ဟောပြောနိုင်ဖို့ သတ္တိ၊ ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ စာပေတွေ ပေးခြင်းအားဖြင့် ကျွန်တော့်ဆုတောင်းချက်ကို ဘုရား ဖြေပေးတယ်။ ဘုရားအကူအညီကြောင့် ခံရပ်နိုင်ခဲ့ကြတဲ့ ညီအစ်ကို/မတွေရဲ့ တွေ့ကြုံမှုတွေ ဖတ်တာကလည်း ဆက်သစ္စာရှိနေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပိုခိုင်မာလာစေတယ်” လို့ ဘင်ဂျမင် ပြောတယ်။
ညီအစ်ကို/မတွေကတစ်ဆင့် ယေဟောဝါ ကူညီပေးတာ ကြုံဖူးသလား (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)d
11-12. Zahova nynh sawsangnaw hae aphi pya nawlang unonung unopaw hae kha pawtemou a mang kho? (Sahkhung kha do.)
၁၁ ညီအစ်ကို/မတွေကို သုံးပြီး ကူညီပေးတယ်။ မသေဆုံးခင် ညမှာ ယေရှု ပြင်းပြင်းပြပြ ဆုတောင်းတယ်။ ဘုရားကို စော်ကားပြောဆိုသူဆိုတဲ့ စွဲချက်နဲ့ မသေပါရစေနဲ့လို့ ဆုတောင်းနေတာ။ ယေရှု တောင်းတဲ့အတိုင်း ဘုရား ဖြည့်ဆည်းမပေးဘူး။ ဒါပေမဲ့ ကောင်းကင်တမန်တစ်ပါး စေလွှတ်ပြီး အားပေးတယ်။ (လု. ၂၂:၄၂၊ ၄၃) အဲဒီလိုပဲ၊ ကျွန်တော်တို့ဆီ ဖုန်းဆက်ဖို့၊ လည်ပတ်ဖို့ ညီအစ်ကို/မ တစ်ယောက်ယောက်ကို ဘုရား လှုံ့ဆော်ပေးနိုင်တယ်။ တစ်ယောက်ယောက်ကို ကူညီပေးဖို့ ကျွန်တော်တို့ကို လှုံ့ဆော်တာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ညီအစ်ကို/မ အချင်းချင်း “ကောင်းတဲ့ စကား” ပြောဖို့ အခွင့်အရေး ရှာကြရအောင်။—ပညာ. ၁၂:၂၅။
၁၂ ညီအစ်မ မီရီယမ်အကြောင်း စဉ်းစားကြည့်ပါ။ ယောက်ျား ဆုံးပြီး အပတ်အနည်းငယ်အကြာ အိမ်မှာ တစ်ယောက်တည်း ရှိနေတုန်း ဝမ်းနည်းအားငယ်လာပြီး မျက်ရည်မဆည်နိုင်အောင် ငိုနေရှာတယ်။ “တစ်ယောက်ယောက်နဲ့ စကားပြောချင်နေပေမဲ့ ဖုန်းဆက်ဖို့ အားမရှိလို့ ယေဟောဝါဆီ ဆုတောင်းလိုက်တယ်။ ငိုပြီး ဆုတောင်းနေတုန်း ဖုန်းမြည်လာတယ်။ သိပ်ခင်ရတဲ့ အကြီးအကဲ ဖုန်းဆက်တာ” လို့ မီရီယမ် ပြောတယ်။ အကြီးအကဲနဲ့ သူ့ဇနီးဆီကနေ နှစ်သိမ့်မှု ရခဲ့တယ်။ ဖုန်းဆက်ဖို့ အဲဒီအကြီးအကဲကို ယေဟောဝါ လှုံ့ဆော်ပေးလိုက်တာပဲလို့ ညီအစ်မ ခံစားရတယ်။
ကျွန်တော်တို့ကို ကူညီဖို့ မယုံကြည်သူတွေကို ယေဟောဝါ ဘယ်လို လှုံ့ဆော်ပေးနိုင်သလဲ (စာပိုဒ် ၁၃-၁၄ ကို ကြည့်ပါ)
13. Zahova nynh sawsangnaw hae aphi pya nawlang zyntu athua leipaw hae kha pawtemou a mang kho?
၁၃ မယုံကြည်သူတွေကို သုံးပြီး ကူညီပေးတယ်။ (ပညာ. ၂၁:၁) မိမိလူမျိုးကို ကူညီဖို့ မယုံကြည်သူတွေကို ယေဟောဝါ လှုံ့ဆော်ပေးတတ်တယ်။ ဥပမာ၊ မြို့တည်ဆောက်ဖို့ ဂျေရုဆလင် ပြန်ခွင့် နေဟမိ တောင်းတဲ့အခါ ခွင့်ပြုပေးဖို့ အာတဇေရဇ်မင်းကို လှုံ့ဆော်ပေးတယ်။ (နေ. ၂:၃-၆) ဒီနေ့အချိန်မှာလည်း ကျွန်တော်တို့ အကူအညီ လိုအပ်တဲ့အခါ ကူညီပေးဖို့ မယုံကြည်သူတွေကို လှုံ့ဆော်ပေးနိုင်တယ်။
14. Unonung Soo Hing tungboinaw nynh pawtemou thawzung yn hoisah? (Sahkhung kha do.)
၁၄ ညီအစ်မ ဆူဟင်ရဲ့ သားမှာ စိတ်ဝေဒနာ ရှိတယ်။ ဒီကြားထဲ ဆိုးရွားတဲ့ မတော်တဆမှု ဖြစ်သွားတော့ သားကို ကြည့်ဖို့ လင်မယားနှစ်ယောက်စလုံး အလုပ်ထွက်လိုက်ရတယ်။ ဒါကြောင့် ငွေကြေး ကျပ်တည်းလာတယ်။ ရှိသမျှ ခွန်အားနဲ့ မနည်း တောင့်ခံထားရတယ်လို့ ဆူဟင် ခံစားရတယ်။ ဒါနဲ့ ကူညီပေးဖို့ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းတယ်။ သူတို့ ပြနေကျ ဆရာဝန်ကတစ်ဆင့် ယေဟောဝါ ကူညီပေးတယ်။ ဆရာဝန်က ဆူဟင်တို့မိသားစုကို တော်တော်လေး စိတ်ဝင်တစား ရှိတယ်။ သူ့အကူအညီကြောင့် အစိုးရ အထောက်အပံ့ ရသွားတယ်။ နေစရာ ရသွားတယ်။ “ယေဟောဝါ ကူညီပေးတာပဲဆိုတာ ကျွန်မတို့ သိလိုက်တယ်။ ဘုရားဟာ ‘ဆုတောင်းသံကို နားထောင်တဲ့အရှင်’ ပဲ” လို့ ဆူဟင် ပြောတယ်။—ဆာ. ၆၅:၂။
ZAHOVA KALANG SAWSANG LANG, APHI LEHKHAN LANG ZYNNAW AHOO
15. Maw sawsangnaw hae kha Zahova nynh aphi yn pya cipaw unonung lukheit pawtemou a ny?
၁၅ ဆုတောင်းချက်တွေကို ယေဟောဝါ ထူးထူးခြားခြား ဖြေချင်မှ ဖြေမယ်။ ဒါပေမဲ့ ရလာတဲ့ အဖြေဟာ ကျွန်တော်တို့ ဆက်သစ္စာရှိဖို့ လိုအပ်တာနဲ့ ကွက်တိပဲ။ ဒါကြောင့် ကိုယ့်ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေးသလဲဆိုတာ မြင်အောင် ကြည့်ပါ။ ဆုတောင်းချက်တွေကို ဘုရား ဖြေမပေးဘူးလို့ ညီအစ်မ ယိုကို ခံစားနေရတယ်။ ဒါနဲ့ ဘုရားဆီ ဘာတွေ တောင်းထားသလဲဆိုတာ ချရေးလိုက်တယ်။ နောက်တော့ စာအုပ်ထဲ ပြန်ကြည့်တဲ့အခါ ဆုတောင်းချက် အားလုံးလိုလို အဖြေရတာ တွေ့လိုက်ရတယ်။ တချို့ ဆုတောင်းချက်တွေဆိုရင် ကိုယ်တိုင်တောင် မေ့နေပြီ။ ဒါကြောင့် ကျွန်တော်တို့လည်း ကိုယ့်ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေးသလဲဆိုတာ မကြာမကြာ ပြန်စဉ်းစားသင့်တယ်။—ဆာ. ၆၆:၁၉၊ ၂၀။
16. Sawsangnawte asekuhte zynnaw a hoikuh cipaw pawtemou langsah kho lang? (Hebru 11:6)
၁၆ ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို ယုံကြည်ကြောင်း ကျွန်တော်တို့ ပြကြတယ်။ ဒါ့အပြင် ဘာအဖြေပဲ ရရ လက်ခံတာကလည်း ယုံကြည်ခြင်း ရှိကြောင်း ပြတာပဲ။ (ဟီဘရူး ၁၁:၆ ကို ဖတ်ပါ။) ညီအစ်ကို မိုက်နဲ့ ဇနီး ခရစ်စီအကြောင်း သုံးသပ်ကြည့်ပါ။ “ဗေသလမှာ အမှုဆောင်ချင်တဲ့အကြောင်း ဘုရားဆီ ခဏခဏ ဆုတောင်းပြောပြတယ်။ လျှောက်လွှာ ခဏခဏ တင်တယ်။ ဒါပေမဲ့ ဖိတ်ခေါ် မခံရဘူး” လို့ မိုက် ပြောတယ်။ အမှုတော်မှာ သူတို့ကို ဘယ်လို အသုံးပြုရင် အကောင်းဆုံး ဖြစ်မယ်ဆိုတာ ယေဟောဝါ သိကြောင်း သူတို့ စိတ်ချကြတယ်။ ဒါကြောင့် လုပ်နိုင်တာ ဆက်လုပ်တယ်။ ပိုလိုအပ်တဲ့ ဒေသမှာ မှန်မှန်ရှေ့ဆောင် လုပ်တယ်။ ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ကူညီပေးတယ်။ အခု၊ နယ်လှည့်လုပ်ငန်းမှာ ပါဝင်နေကြပြီ။ “ဆုတောင်းချက်တွေကို ကျွန်တော်တို့ မျှော်လင့်သလို ယေဟောဝါ အမြဲ ဖြေမပေးဘူး။ ဒါပေမဲ့ ဖြေတာကတော့ ဖြေတယ်။ ကျွန်တော်တို့ စိတ်ကူးထားတာထက်တောင် ပိုကောင်းတဲ့ နည်းနဲ့ ဖြေပေးတာ” လို့ မိုက် ပြောတယ်။
17-18. Sam 86:6, 7 liate, pawmou zynngan kho athua?
၁၇ ဆာလံ ၈၆:၆၊ ၇ ကို ဖတ်ပါ။ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်တယ်၊ ဖြေပေးတယ်ဆိုတာ ဆာလံဆရာ ဒါဝိဒ် ယုံကြည်စိတ်ချတယ်။ သင်လည်း ယုံကြည်စိတ်ချနိုင်ပါတယ်။ ဉာဏ်ပညာ၊ ခံရပ်နိုင်စွမ်း ပေးခြင်းအားဖြင့်၊ ယုံကြည်သူ၊ မယုံကြည်သူတွေကတစ်ဆင့် ကူညီပေးခြင်းအားဖြင့် ဆုတောင်းချက်တွေကို ဖြေပေးကြောင်း ဒီဆောင်းပါးမှာ ပါတဲ့ တွေ့ကြုံမှုတွေကနေ သိခဲ့ရပြီ။
၁၈ ကိုယ်မျှော်လင့်တဲ့ နည်းအတိုင်း ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေမပေးရင်တောင် တစ်နည်းနည်းနဲ့တော့ ဖြေပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချကြတယ်။ လိုအပ်တာကို လိုအပ်ချိန် ကွက်တိမှာ ပေးပါလိမ့်မယ်။ ဒါကြောင့် လောလောဆယ် ကိုယ့်ကို ဘုရား ဂရုစိုက်မယ်၊ ကမ္ဘာသစ်မှာလည်း ‘အလိုဆန္ဒတွေကို ဖြည့်ဆည်းပေး’ မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆက်သာ တောင်းနေပါ။—ဆာ. ၃၇:၄။
LAW 46 ကျေးဇူးပါ၊ ယေဟောဝါ
a အလိုတော်နဲ့ ညီတဲ့ ဆုတောင်းချက်တွေကို ဖြေပေးမယ်လို့ ယေဟောဝါဘုရား အာမခံထားတယ်။ အခက်အခဲတွေ ကြုံတဲ့အခါ ဆက်သစ္စာရှိဖို့ လိုအပ်တဲ့ အကူအညီ ဘုရား ပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနိုင်တယ်။ ဆုတောင်းချက်တွေကို ဘုရား ဘယ်လို ဖြေပေးသလဲဆိုတာ ဆွေးနွေးကြရအောင်။
b ဒီလောကကို စာတန် အုပ်ချုပ်ဖို့ ယေဟောဝါ ဘာကြောင့် ခွင့်ပြုထားကြောင်း သိချင်ရင် ၂၀၁၇၊ ဇွန်လ ကင်းမျှော်စင် မှာ ပါတဲ့ “ကြီးမားတဲ့ အရေးကိစ္စကို အာရုံစိုက်ပါ” ဆောင်းပါးကို ကြည့်ပါ။
c အမည်လွှဲများ။
d ပုံအညွှန်း– သားအမိနှစ်ယောက် ဒုက္ခသည်အဖြစ် နိုင်ငံ တစ်နိုင်ငံ ရောက်သွား။ ညီအစ်ကို/မတွေ နွေးနွေးထွေးထွေး ကြိုဆိုပြီး လိုအပ်တာ ကူညီပေး။