ထွက်မြောက်ရာ
၄၀ ယေဟောဝါက မောရှေကို မိန့်မှာတယ်– ၂ “ပထမလ၊ ပထမနေ့မှာ တွေ့ဆုံရာတဲတော်ဖြစ်တဲ့ သန့်ရှင်းရာတဲတော်ကို ဆောက်လုပ်ရမယ်။+ ၃ သက်သေခံချက်သေတ္တာကို+ တဲတော်ထဲ သွင်းပြီး ကန့်လန့်ကာနဲ့ ကာထားရမယ်။+ ၄ စားပွဲကို+ သွင်းပြီး စားပွဲအသုံးအဆောင်တွေကို နေရာချရမယ်။ ဆီမီးတိုင်ကို+ သွင်းပြီး မီးခွက်တွေ ထွန်းထားရမယ်။+ ၅ နံ့သာပေါင်းပူဇော်တဲ့ ရွှေပလ္လင်ကို+ သက်သေခံချက်သေတ္တာရှေ့မှာ ထားပြီး တဲတော်ဝင်ပေါက်မှာ လိုက်ကာတပ်ရမယ်။+
၆ “မီးရှို့ပူဇော်ရာပလ္လင်ကို+ တွေ့ဆုံရာတဲတော် ဝင်ပေါက်ရှေ့မှာ ထားရမယ်။ ၇ အင်တုံကြီးကို တွေ့ဆုံရာတဲတော်နဲ့ ပူဇော်ရာပလ္လင်ကြားမှာ ထားပြီး ရေဖြည့်ရမယ်။+ ၈ တဲတော်ပတ်လည်ကို ဝင်းခတ်ပြီး+ တဲတော်ဝင်းရဲ့ဝင်ပေါက်မှာ လိုက်ကာတပ်ရမယ်။+ ၉ တဲတော်နဲ့ တဲတော်အသုံးအဆောင်အားလုံးကို ဘိသိက်ဆီလောင်းပြီး+ ဆက်ကပ်ရမယ်။ ဒီနည်းနဲ့ တဲတော်ဟာ သန့်ရှင်းမြင့်မြတ်ရာ ဖြစ်လာမယ်။ ၁၀ မီးရှို့ပူဇော်ရာပလ္လင်နဲ့ ပလ္လင်အသုံးအဆောင်တွေကို ဘိသိက်ဆီ လောင်းရမယ်။ ဒီနည်းနဲ့ ပူဇော်ရာပလ္လင်ဟာ အသန့်ရှင်းဆုံး ဖြစ်လာမယ်။+ ၁၁ အင်တုံကြီးနဲ့ အင်တုံတင်တဲ့စင်ကိုလည်း ဘိသိက်ဆီ လောင်းရမယ်။
၁၂ “အဲဒီနောက် မင်းက အာရုန်နဲ့ သားတွေကို တွေ့ဆုံရာတဲတော် ဝင်ပေါက်နား ခေါ်လာပြီး ရေချိုးခိုင်းပါ။+ ၁၃ အာရုန်ကို သန့်ရှင်းတဲ့အဝတ်တွေ ဝတ်ပေးပြီးနောက်+ ဘိသိက်ပေးပြီး+ သန့်ရှင်းမြင့်မြတ်စေရမယ်။ ပုရောဟိတ်အဖြစ် သူ အမှုဆောင်ရမယ်။ ၁၄ သူ့သားတွေကိုလည်း ခေါ်လာပြီး ဝတ်လုံရှည်တွေ ဝတ်ပေးရမယ်။+ ၁၅ အာရုန်ကို ဘိသိက်ပေးသလို သူ့သားတွေကိုလည်း ဘိသိက်ပေးရမယ်။+ ပုရောဟိတ်တွေအဖြစ် သူတို့အမှုဆောင်ရမယ်။ အဲဒီလို ဘိသိက်ပေးခံရတဲ့အတွက် သူတို့အမျိုးအဆက်ဆက် ပုရောဟိတ်တာဝန်ကို ဆက်ခံရမယ်။”+
၁၆ မောရှေလည်း ယေဟောဝါမိန့်မှာတဲ့အတိုင်း လုပ်တယ်။+ မှာထားတဲ့အတိုင်း လုပ်ဆောင်တယ်။
၁၇ ဒုတိယနှစ်၊ ပထမလ၊ ပထမနေ့မှာ တဲတော်ကို ဆောက်လုပ်တယ်။+ ၁၈ မောရှေက တဲတော်ဆောက်တဲ့အခါ အောက်ခံခုံတွေကို+ နေရာချပြီး ကျည်းဘောင်တွေ+ ထောင်တယ်။ သစ်သားတန်းတွေ လျှိုပြီး+ တိုင်တွေ ထူတယ်။ ၁၉ တဲတော်အမိုးကို+ ဖုံးအုပ်ပြီး အဲဒီပေါ်မှာ အမိုးတွေ ထပ်ဖုံးအုပ်တယ်။+ ယေဟောဝါ မိန့်မှာထားတဲ့အတိုင်းပါပဲ။
၂၀ မောရှေက သက်သေခံချက်ကျောက်ပြားကို+ ယူပြီး သေတ္တာထဲ+ ထည့်တယ်။ သေတ္တာကို ထမ်းပိုးလျှိုပြီး+ အဖုံးနဲ့+ ဖုံးတယ်။+ ၂၁ သက်သေခံချက်သေတ္တာကို တဲတော်ထဲသွင်းပြီး ကန့်လန့်ကာနဲ့+ ကာလိုက်တယ်။+ ယေဟောဝါ မိန့်မှာထားတဲ့ အတိုင်း ပါပဲ။
၂၂ စားပွဲကိုလည်း+ တွေ့ဆုံရာတဲတော်ထဲ သွင်းပြီး ကန့်လန့်ကာအပြင်ဘက်၊ တဲတော်မြောက်ဘက်ခြမ်းမှာ ထားတယ်။ ၂၃ ယေဟောဝါရှေ့က စားပွဲပေါ်မှာ မုန့်တွေကို စီထားလိုက်တယ်။+ ယေဟောဝါ မိန့်မှာထားတဲ့အတိုင်းပါပဲ။
၂၄ ဆီမီးတိုင်ကို+ တွေ့ဆုံရာတဲတော်ထဲ သွင်းပြီး စားပွဲရှေ့၊ တဲတော်တောင်ဘက်ခြမ်းမှာ ထားတယ်။ ၂၅ ပြီးတော့ ယေဟောဝါရှေ့က မီးခွက်တွေကို ထွန်းလိုက်တယ်။+ ယေဟောဝါ မိန့်မှာထားတဲ့ အတိုင်းပါပဲ။
၂၆ မောရှေက ရွှေပလ္လင်ကို+ တွေ့ဆုံရာတဲတော်ထဲ သွင်းပြီး ကန့်လန့်ကာရှေ့မှာ ထားတယ်။ ၂၇ အဲဒီပေါ်မှာ နံ့သာပေါင်း+ မီးရှို့ပူဇော်နိုင်ဖို့+ ဖြစ်တယ်။ ယေဟောဝါ မိန့်မှာထားတဲ့အတိုင်းပါပဲ။
၂၈ အဲဒီနောက် တဲတော်ဝင်ပေါက်မှာ လိုက်ကာတပ်တယ်။+
၂၉ မီးရှို့ပူဇော်ရာပလ္လင်ကိုတော့+ တွေ့ဆုံရာတဲတော်ဖြစ်တဲ့ သန့်ရှင်းရာတဲတော်ဝင်ပေါက်မှာ ထားတယ်။ အဲဒီပေါ်မှာ မီးရှို့ရာအလှူနဲ့+ ကောက်နှံအလှူတွေကို ပူဇော်ဖို့ဖြစ်တယ်။ မောရှေကို ယေဟောဝါ မိန့်မှာထားတဲ့အတိုင်းပါပဲ။
၃၀ အင်တုံကြီးကိုလည်း တွေ့ဆုံရာတဲတော်နဲ့ ပူဇော်ရာပလ္လင်ကြားမှာ ထားပြီး ရေဖြည့်တယ်။+ ၃၁ မောရှေ၊ အာရုန်နဲ့ သူ့သားတွေက အဲဒီမှာ ခြေလက်ဆေးတယ်။ ၃၂ သူတို့က တွေ့ဆုံရာတဲတော်ထဲ ဝင်တဲ့အခါတိုင်း၊ ပူဇော်ရာပလ္လင်အနား သွားတဲ့အခါတိုင်း ခြေလက်ဆေးတယ်။+ ယေဟောဝါ မိန့်မှာထားတဲ့အတိုင်းပါပဲ။
၃၃ နောက်ဆုံးမှာ မောရှေက တဲတော်နဲ့ ပူဇော်ရာပလ္လင်ရဲ့ ပတ်လည်ကို ဝင်းခတ်၊+ တဲတော်ဝင်းရဲ့ ဝင်ပေါက်မှာ လိုက်ကာတပ်တယ်။+
ဒီလိုနဲ့ အလုပ်ကို လက်စသတ်လိုက်တယ်။ ၃၄ အဲဒီအခါ တွေ့ဆုံရာတဲတော်ကို မိုးတိမ်ဖုံးလွှမ်းပြီး ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်သွားတယ်။+ ၃၅ တွေ့ဆုံရာတဲတော်ပေါ်မှာ မိုးတိမ်တည်နေပြီး ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ ပြည့်နေတဲ့အတွက် တဲတော်ထဲ မောရှေဝင်လို့မရဘူး။+
၃၆ တဲတော်ပေါ်ကနေ မိုးတိမ်တက်သွားရင် အစ္စရေးတွေ စခန်းသိမ်းပြီး ခရီးဆက်ကြတယ်။+ ၃၇ မိုးတိမ်မတက်ရင်တော့ စခန်းမသိမ်းဘဲ ဆက်နေကြတယ်။+ ၃၈ အစ္စရေးတွေရဲ့ ခရီးစဉ်တစ်လျှောက်လုံး တဲတော်ပေါ်မှာ နေ့အချိန်ဆိုရင် ယေဟောဝါရဲ့မိုးတိမ်၊ ညအချိန်ဆိုရင် မီးတိုင်ရှိနေတာကို မြင်နေရတယ်။+