ယောရှု
၁၅ ယုဒအနွယ်ရဲ့ မိသားစုတွေ မဲကျပြီးရတဲ့ နယ်မြေက+ ဧဒုံပြည်နယ်စပ်အထိ၊+ ဇိနတောကန္တာရနဲ့ နေဂပ်အရပ် တောင်ဘက်စွန်းအထိ ကျယ်ပြန့်တယ်။ ၂ ယုဒနယ်မြေရဲ့ တောင်ဘက်နယ်နိမိတ်က ဆားငန်အိုင်အစွန်ပိုင်း+ တောင်ဘက်ကွေ့ကနေ စတယ်။ ၃ အဲဒီနောက် အာကရာဗင်ကုန်းရှိရာ+ တောင်ဘက်ကို ဆက်သွားပြီး ဇိနတောကန္တာရကို ဖြတ်သွားတယ်။ တောင်ဘက်ကနေ ကာဒေရှဗာနာအရပ်ကို+ တက်သွားပြီး ဟေဇရုံမြို့ကို ဖြတ်သွားတယ်။ အာဒါမြို့ကို တက်သွားပြီး ကာကာမြို့ဘက်ကို ကွေ့သွားတယ်။ ၄ အဲဒီနောက် အာဇမုန်မြို့ကိုဖြတ်၊+ အီဂျစ်သဲချောင်းအထိ+ ဆက်သွားပြီး ပင်လယ်ကြီးမှာ* နယ်နိမိတ်ဆုံးတယ်။ ဒါဟာ တောင်ဘက်နယ်နိမိတ်ပဲ။
၅ အရှေ့ဘက် နယ်နိမိတ်ကတော့ ဆားငန်အိုင်တစ်လျှောက် ဂျော်ဒန်မြစ်ဝအထိ ဖြစ်တယ်။ မြောက်ဘက် နယ်နိမိတ်က အိုင်ကွေ့၊ ဂျော်ဒန်မြစ်ဝကနေ စတင်တယ်။+ ၆ အဲဒီကနေ ဗေသောဂလမြို့ဘက်+ တက်သွားပြီး ဗေသရာဗမြို့မြောက်ဘက်ကို+ ဖြတ်သွားတယ်။ ရုဗင်အမျိုးသား ဗောဟန်ရဲ့ကျောက်တိုင်အထိ+ ဆက်သွားတယ်။ ၇ အဲဒီကနေ အာခေါ်ချိုင့်ဝှမ်းမှာရှိတဲ့+ ဒေဗိရမြို့ဘက် တက်သွားပြီး မြောက်ဘက် ဂိလဂါလအရပ်ကို+ ကွေ့သွားတယ်။ ဂိလဂါလအရပ်က သဲချောင်းရဲ့ တောင်ဘက်မှာရှိတဲ့ အဒုမိမ်ကုန်းရဲ့ အရှေ့ဘက်မှာ ရှိတယ်။ အဲဒီနောက် အင်ရှေမက်စမ်းရေတွင်းကို+ ဖြတ်သွားပြီး အင်ရောဂေလစမ်းရေတွင်းအထိ+ ရောက်တယ်။ ၈ ပြီးတော့ ဟိန်နုံသားရဲ့ချိုင့်ဝှမ်းကို၊*+ တောင်ဘက်မှာရှိတဲ့ ဂျေရုဆလင်မြို့တည်ရာ+ ယေဗုသိတောင်စောင်းကို+ ဆက်သွားတယ်။ အဲဒီကနေ ဟိန်နုံချိုင့်ဝှမ်းရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်ထိပ်ကို တက်သွားတယ်။ အဲဒီတောင်က ရေဖိမ်ချိုင့်ဝှမ်းရဲ့ မြောက်ဘက်စွန်းမှာ ရှိတယ်။ ၉ အဲဒီတောင်ထိပ်ကနေ နေဖတောစမ်းရေတွင်းအထိ၊+ ဧဖရုန်တောင်ကြောပေါ်မှာရှိတဲ့ မြို့တွေအထိ၊ အဲဒီနောက် ကိရယတ်ယာရိမ်လို့ခေါ်တဲ့+ ဗာလာမြို့အထိ ရောက်တယ်။ ၁၀ ဗာလာမြို့ကနေ စိရတောင်ရှိရာ အနောက်ဘက်ကို ကွေ့သွားပြီး ခေသလုန်လို့ခေါ်တဲ့ ယာရိမ်တောင်စောင်းရဲ့ မြောက်ဘက်ကို ဖြတ်သွားတယ်။ အဲဒီနောက် ဗက်ရှေမက်မြို့ကို+ ဆင်းလာပြီး တိမနမြို့ကို+ ဖြတ်သွားတယ်။ ၁၁ အဲဒီကနေ ဧကြုန်တောင်စောင်းရဲ့+ မြောက်ဘက်ကို ဆက်သွားပြီး ရှိကြုန်မြို့အထိ ရောက်တယ်။ ပြီးတော့ ဗာလာတောင်ကိုဖြတ်၊ ယာဗနေလမြို့ကို ဆက်သွားပြီး ပင်လယ်မှာ နယ်နိမိတ်ဆုံးတယ်။
၁၂ အနောက်ဘက် နယ်နိမိတ်ကတော့ ပင်လယ်ကြီးနဲ့*+ ကမ်းရိုးတန်းဒေသ ဖြစ်တယ်။ ဒါဟာ ယုဒရဲ့သားမြေးတွေ မိသားစုအလိုက် ရတဲ့ နယ်မြေရဲ့ ပတ်လည်နယ်နိမိတ်ပဲ။
၁၃ ယောရှုက ယေဟောဝါရဲ့ အမိန့်အတိုင်း ယုဒသားမြေးတွေရဲ့ နယ်မြေထဲက ဟေဗြုန်လို့ခေါ်တဲ့ ကိရယအာဘမြို့ကို+ ယေဖုန်နာရဲ့သား ကာလက်အတွက်+ ဝေစုပေးလိုက်တယ်။ (အာဘဟာ အာနကရဲ့ ဖခင်ပဲ။) ၁၄ ကာလက်က အာနကရဲ့ သားသုံးယောက်ဖြစ်တဲ့+ ရှေရှဲ၊ အဟိမန်၊ တာလမဲကို+ ကိရယအာဘမြို့ကနေ မောင်းထုတ်လိုက်တယ်။ ၁၅ ပြီးတော့ အဲဒီကနေ တက်သွားပြီး ဒေဗိရမြို့သားတွေကို တိုက်ခိုက်တယ်။+ (ဒေဗိရမြို့ကို အရင်တုန်းက ကိရယသေဖာမြို့လို့ ခေါ်တယ်။) ၁၆ ကာလက်က “ကိရယသေဖာမြို့ သိမ်းပိုက်နိုင်သူကို ငါ့သမီးအာခသနဲ့ ပေးစားမယ်” လို့ပြောတယ်။ ၁၇ ကာလက်ညီ ကေနတ်ရဲ့သား+ ဩသံယေလက+ အဲဒီမြို့ကို သိမ်းပိုက်လိုက်တယ်။ ဒါကြောင့် ကာလက်က ဩသံယေလကို သမီးအာခသနဲ့+ ပေးစားတယ်။ ၁၈ အာခသက ယောက်ျားအိမ်ကို လိုက်သွားချိန်မှာ ဖခင်ဆီကနေ မြေတစ်ကွက်တောင်းဖို့ ယောက်ျားကို တိုက်တွန်းတယ်။ အဲဒီနောက် မြည်းပေါ်ကနေ ဆင်းလိုက်တယ်။* ကာလက်က “ဘာလိုချင်လို့လဲ” ဆိုပြီးမေးတော့၊+ ၁၉ “သမီးကို ဆုလက်ဆောင်ပေးပါဦး။ အဖေက တောင်ဘက်မှာ မြေတစ်ကွက် ပေးထားပြီဆိုတော့ ဂုလောသမိမ်* အရပ်ကိုလည်း ပေးပါဦး” လို့ထပ်တောင်းတယ်။ ဒါနဲ့ ကာလက်က အထက်ဂုလောနဲ့ အောက်ဂုလောကို ပေးလိုက်တယ်။
၂၀ ဒါဟာ မိသားစုအလိုက် ယုဒအနွယ်ရဲ့ အမွေမြေပဲ။
၂၁ ယုဒအနွယ်ရဲ့ တောင်ဘက် နယ်နိမိတ်အနား၊ ဧဒုံပြည်နယ်စပ်ဘက်မှာရှိတဲ့+ မြို့တွေကတော့ ကပ်ဇေလ၊ ဧဒါ၊ ယာဂုရ၊ ၂၂ ကိန၊ ဒိမောန၊ အာဒဒါ၊ ၂၃ ကေဒေရှ၊ ဟာဇော်၊ အိသနန်၊ ၂၄ ဇိဖ၊ တေလင်၊ ဗာလုတ်၊ ၂၅ ဟာဇော်ဟဒတ်တာ၊ ဟာဇော်လို့ခေါ်တဲ့ ကေရုတ်ဟေဇရုန်၊ ၂၆ အာမန်၊ ရှေမာ၊ မောလဒ၊+ ၂၇ ဟာဇာဂတ်ဒါ၊ ဟေရှမုန်၊ ဗက်ပါလက်၊+ ၂၈ ဟာဇာရှုအာ၊ ဗေရရှေဘ၊+ ဗေဇောသယာ၊ ၂၉ ဗာလာ၊ အိအိန်၊ ဧဇင်၊ ၃၀ ဧလတောလတ်၊ ခေသိလ၊ ဟောမာ၊+ ၃၁ ဇိကလတ်၊+ မာဒမေန၊ သံသနာ၊ ၃၂ လေဗောက်၊ ရှိလဟိမ်၊ အအိန်၊ ရိမုန်တို့ဖြစ်တယ်။+ စုစုပေါင်း ၂၉ မြို့နဲ့ ကျေးရွာတွေလည်း ပါတယ်။
၃၃ ရှဖိလာအရပ်မှာရှိတဲ့+ မြို့တွေကတော့ ဧရှတောလ၊ ဇောရာ၊+ အာရှနာ၊ ၃၄ ဇာနော၊ အင်ဂနိမ်၊ တာပွာ၊ ဧနံ၊ ၃၅ ယာမုတ်၊ အဒုလံ၊+ စောခေါ၊ အဇေကာ၊+ ၃၆ ရှာရိမ်၊+ အဒိသိမ်၊ ဂဒေရနဲ့ ဂဒေရောသိမ်တို့* ဖြစ်တယ်။ စုစုပေါင်း ၁၄ မြို့နဲ့ ကျေးရွာတွေ ပါတယ်။
၃၇ ဇေနန်၊ ဟဒါရှ၊ မိဂဒါဂတ်၊ ၃၈ ဒိလန်၊ မိဇပါ၊ ယောကသေလ၊ ၃၉ လာခိရှ၊+ ဗောဇကတ်၊ ဧဂလုန်၊ ၄၀ ကာဗုန်၊ လာမံ၊ ကိသလိတ်၊ ၄၁ ဂေဒရုတ်၊ ဗက်ဒါဂုန်၊ နေမ၊ မက်ကဒါ+ တို့ဖြစ်တယ်။ စုစုပေါင်း ၁၆ မြို့နဲ့ ကျေးရွာတွေ ပါတယ်။
၄၂ လိဗန၊+ ဧသာ၊ အာရှန်၊+ ၄၃ ယိဖတ၊ အာရှနာ၊ နေဇိပ်၊ ၄၄ ကိလာ၊ အာခဇိပ်၊ မရေရှတို့ဖြစ်တယ်။ မြို့ ၉ မြို့နဲ့ ကျေးရွာတွေ ပါတယ်။
၄၅ ဧကြုန်မြို့နဲ့ ပတ်ဝန်းကျင်မြို့ငယ်တွေ၊ ကျေးရွာတွေ၊ ၄၆ ဧကြုန်မြို့ အနောက်ဘက်ကစပြီး အာဇုတ်မြို့ အနီးတစ်ဝိုက်မှာရှိတဲ့ နယ်မြေအားလုံးနဲ့ ကျေးရွာတွေ ပါတယ်။
၄၇ အာဇုတ်မြို့နဲ့+ ပတ်ဝန်းကျင်မြို့ငယ်တွေ၊ ကျေးရွာတွေ၊ ဂါဇာမြို့နဲ့+ ပတ်ဝန်းကျင်မြို့ငယ်တွေ၊ ကျေးရွာတွေလည်း ပါဝင်ပြီး အီဂျစ်သဲချောင်းအထိ၊ ပင်လယ်ကြီးနဲ့* ကမ်းရိုးတန်းဒေသအထိ ကျယ်ပြန့်တယ်။+
၄၈ တောင်တန်းဒေသမှာရှိတဲ့ မြို့တွေကတော့ ရှမိရ၊ ယတိရ၊+ စောခေါ၊ ၄၉ ဒန်န၊ ဒေဗိရလို့ခေါ်တဲ့ ကိရယသန်န၊ ၅၀ အာနပ်၊ ဧရှတမော၊+ အာနိမ်၊ ၅၁ ဂေါရှင်၊+ ဟောလုန်၊ ဂိလော+ တို့ဖြစ်တယ်။ စုစုပေါင်း ၁၁ မြို့နဲ့ ကျေးရွာတွေ ပါတယ်။
၅၂ အာရပ်၊ ဒုမာ၊ ဧရှန်၊ ၅၃ ယာနုံ၊ ဗက်တာပွာ၊ အာဖက်၊ ၅၄ ဟုန်တ၊ ဟေဗြုန်လို့ခေါ်တဲ့ ကိရယအာဘ၊+ ဇိအောရဆိုတဲ့ မြို့ ၉ မြို့နဲ့ ကျေးရွာတွေ ပါတယ်။
၅၅ မောန၊+ ကရမေလ၊ ဇိဖ၊+ ယုတ္တ၊ ၅၆ ယေဇရေလ၊ ယောကဒံ၊ ဇာနော၊ ၅၇ ကေနိ၊ ဂိဗာ၊ တိမန+ ဆိုတဲ့ မြို့ ၁၀ မြို့နဲ့ ကျေးရွာတွေ ပါတယ်။
၅၈ ဟာလဟုလ၊ ဗက်ဇုရ၊ ဂေဒေါ်၊ ၅၉ မာရပ်၊ ဗေသနုတ်၊ ဧလတေကုန်ဆိုတဲ့ မြို့ ၆ မြို့နဲ့ ကျေးရွာတွေ ပါတယ်။
၆၀ ကိရယတ်ယာရိမ်လို့ခေါ်တဲ့ ကိရယတ်ဗာလနဲ့+ ရဗာဆိုတဲ့ မြို့ ၂ မြို့အပြင် ကျေးရွာတွေလည်း ပါတယ်။
၆၁ တောကန္တာရမှာရှိတဲ့ မြို့တွေကတော့ ဗေသရာဗ၊+ မိဒိန်၊ သေကာက၊ ၆၂ နိဗရှန်၊ ဆားမြို့၊ အင်ဂေဒိမြို့+ တို့ဖြစ်တယ်။ မြို့ ၆ မြို့နဲ့ ကျေးရွာတွေ ပါတယ်။
၆၃ ယုဒအမျိုးသားတွေက ဂျေရုဆလင်မြို့မှာနေတဲ့+ ယေဗုသိလူမျိုးကိုတော့+ မနှင်ထုတ်နိုင်ဘူး။+ ဒါကြောင့် ယေဗုသိလူမျိုးက ဂျေရုဆလင်မြို့မှာ ယုဒအမျိုးသားတွေနဲ့အတူ ဒီနေ့အထိ နေထိုင်ကြတယ်။