ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၄:၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၁ ယေဟောဝါက မောရှေကို မှာတယ်– “အီဂျစ်ပြည် ပြန်ရောက်တဲ့အခါ ငါပေးတဲ့တန်ခိုးနဲ့ ဖာရောမင်းရှေ့မှာ အံ့ဖွယ်အမှုတွေ ပြဖြစ်အောင်ပြပါ။+ ဒါပေမဲ့ သူခေါင်းမာတာကို ငါခွင့်ပြုမယ်။+ ငါ့လူမျိုးကို သူ လွှတ်ပေးမှာ မဟုတ်ဘူး။+

  • ထွက်မြောက်ရာ ၇:၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ ဒါတောင် ဖာရောမင်း ခေါင်းမာနေတုန်းပဲ။+ ယေဟောဝါပြောခဲ့သလိုပဲ မောရှေနဲ့ အာရုန်ရဲ့ စကားကို နားမထောင်ဘူး။

  • ထွက်မြောက်ရာ ၇:၂၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ အီဂျစ်မှော်ဆရာတွေလည်း မှော်ပညာသုံးပြီး ထပ်တူလုပ်ပြကြတယ်။+ ဒါကြောင့် ဖာရောဟာ ခေါင်းမာနေတုန်းပဲ။ ယေဟောဝါ ပြောခဲ့တဲ့အတိုင်း နားမထောင်ဘူး။+

  • ထွက်မြောက်ရာ ၈:၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ ဖားတွေမရှိတော့မှန်း ဖာရောမြင်တဲ့အခါ ခေါင်းမာလာပြန်တယ်။+ ယေဟောဝါပြောခဲ့သလိုပဲ သူတို့စကားကို နားမထောင်ဘူး။

  • ထွက်မြောက်ရာ ၈:၁၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၉ မှော်ဆရာတွေက “ဒါဟာ ဘုရားသခင်ရဲ့ တန်ခိုးကြောင့်ပဲ”*+ လို့ပြောပေမဲ့ ဖာရောကတော့ ခေါင်းမာနေတုန်းပဲ။ ယေဟောဝါပြောခဲ့သလို သူတို့စကားကို နားမထောင်ဘူး။

  • ထွက်မြောက်ရာ ၉:၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ ယေဟောဝါက ဖာရောခေါင်းမာတာကို ခွင့်ပြုတယ်။ မောရှေကို ယေဟောဝါပြောခဲ့သလိုပဲ ဖာရောက သူတို့စကားကို နားမထောင်ဘူး။+

  • ထွက်မြောက်ရာ ၉:၃၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၅ ဖာရောကတော့ ခေါင်းမာနေတုန်းပဲ။ မောရှေကတစ်ဆင့် ယေဟောဝါ ပြောခဲ့သလိုပဲ အစ္စရေးတွေကို မလွှတ်ပေးပြန်ဘူး။+

  • ထွက်မြောက်ရာ ၁၀:၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ ဒီတစ်ခါလည်း အစ္စရေးတွေကို မလွှတ်ပေးပြန်ဘူး။ ဖာရော ခေါင်းမာနေတာကို ယေဟောဝါ ခွင့်ပြုတယ်။+

  • ထွက်မြောက်ရာ ၁၀:၂၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၇ ယေဟောဝါက ဖာရောမင်း ခေါင်းမာတာကို ခွင့်ပြုတဲ့အတွက် အစ္စရေးတွေကို သူ မလွှတ်ပေးပြန်ဘူး။+

  • ထွက်မြောက်ရာ ၁၁:၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ မောရှေနဲ့အာရုန်က အံ့ဖွယ်အမှုတွေ လုပ်ပြတာတောင်+ အစ္စရေးတွေကို တိုင်းပြည်ကနေ ဖာရော မလွှတ်ပေးသေးဘူး။ ဖာရော ခေါင်းမာတာကို ယေဟောဝါ ခွင့်ပြုတယ်။+

  • ထွက်မြောက်ရာ ၁၄:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ အစ္စရေးတွေနောက်ကို လိုက်တော့တယ်။ ယေဟောဝါလည်း အီဂျစ်ဘုရင်ဖာရော ခေါင်းမာတာကို ခွင့်ပြုတယ်။ အစ္စရေးတွေကတော့ အောင်မြင်စွာ ထွက်သွားကြပြီ။+

  • ရောမ ၉:၁၇၊ ၁၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ ဖာရောဘုရင်ကိုလည်း “မင်းကိုသုံးပြီး ငါ့တန်ခိုးကို ပြဖို့၊ ငါ့နာမည်ကို မြေတစ်ပြင်လုံး သိစေဖို့ မင်းကို ငါ အသက်ရှင်ခွင့် ပေးနေတာ”+  လို့  မိန့်ဆိုခဲ့တဲ့အကြောင်း ကျမ်းစာမှာ ရေးထားတယ်။ ၁၈ ဒါကြောင့် ဘုရားသခင်က ကရုဏာပြချင်တဲ့သူကို ကရုဏာပြတယ်။ ခေါင်းမာစေချင်တဲ့သူကို ခေါင်းမာဖို့ ခွင့်ပြုတယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ