-
ဝတ်ပြုရာ ၁၂:၇၊ ၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ပုရောဟိတ်က အဲဒီအကောင်ကို ယေဟောဝါရှေ့ ဆက်သပြီး မိခင်အတွက် အပြစ်ဖြေပေးရမယ်။ မိခင်လည်း သွေးမဆင်းတော့လို့ သန့်ရှင်းသွားလိမ့်မယ်။ ဒါဟာ သား ဒါမှမဟုတ် သမီးကို မွေးဖွားတဲ့ မိခင်တိုင်း လိုက်နာရမယ့် ပညတ်ပဲ။ ၈ သိုးကို မတတ်နိုင်ဘူးဆိုရင် ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင် ယူလာရမယ်။+ မီးရှို့ရာအလှူအတွက် တစ်ကောင်၊ အပြစ်ဖြေရာအလှူအတွက် တစ်ကောင်ဖြစ်တယ်။ ပုရောဟိတ်က မိခင်အတွက် အပြစ်ဖြေပေးရမယ်။ အဲဒီအခါ မိခင်လည်း သန့်ရှင်းသွားလိမ့်မယ်။’”
-
-
ဝတ်ပြုရာ ၁၄:၂၁၊ ၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ “ဒါပေမဲ့ သူဟာ ဆင်းရဲလို့ မတတ်နိုင်ဘူးဆိုရင် သူ့အပြစ်ဖြေနိုင်အောင် ဒုစရိုက်ဖြေရာအလှူအဖြစ် ချီလွှဲဖို့ သိုးထီးလေးတစ်ကောင်၊ ကောက်နှံအလှူအဖြစ် ဆီလောင်းထားတဲ့ဂျုံနု တစ်ဧဖာရဲ့* ဆယ်ပုံတစ်ပုံ၊ ဆီတစ်လောဂကို ယူလာရမယ်။ ၂၂ သူတတ်နိုင်တဲ့ ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင်ကိုလည်း ယူလာရမယ်။ အပြစ်ဖြေရာအလှူအတွက် တစ်ကောင်၊ မီးရှို့ရာအလှူအတွက် တစ်ကောင်ဖြစ်တယ်။+
-
-
ဝတ်ပြုရာ ၁၅:၁၃-၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ “‘သူက အရိအရွဲထွက်တာ ရပ်ပြီးနောက် ခုနစ်ရက်အကြာမှာ အဝတ်တွေကိုလျှော်ပြီး စမ်းချောင်းမှာ ရေချိုးရမယ်။ ပြီးရင် သန့်ရှင်းသွားပြီ။+ ၁၄ ရှစ်ရက်မြောက်နေ့မှာ ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင်ကို+ ယေဟောဝါရှေ့၊ တွေ့ဆုံရာတဲတော်ဝင်ပေါက်ဆီ ယူလာပြီး ပုရောဟိတ်ကို ပေးရမယ်။ ၁၅ ပုရောဟိတ်က တစ်ကောင်ကို အပြစ်ဖြေရာအလှူအဖြစ်၊ နောက်တစ်ကောင်ကို မီးရှို့ရာအလှူအဖြစ် ပူဇော်ရမယ်။ သူသန့်ရှင်းသွားအောင် ယေဟောဝါရှေ့မှာ အပြစ်ဖြေပေးရမယ်။
-