-
တောလည်ရာ ၇:၆-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ မောရှေလည်း လှည်းနဲ့နွားတွေကို လက်ခံပြီး လေဝိအမျိုးသားတွေကို ပေးလိုက်တယ်။ ၇ ဂေရရှုန်ရဲ့ သားမြေးတွေကို တာဝန်အတွက် လိုအပ်သလိုသုံးဖို့+ လှည်းနှစ်စီး၊ နွားထီးလေးကောင်၊ ၈ မေရာရိရဲ့ သားမြေးတွေကို တာဝန်အတွက် လိုအပ်သလို သုံးဖို့ လှည်းလေးစီး၊ နွားထီးရှစ်ကောင် ပေးလိုက်တယ်။ အဲဒါတွေကို ပုရောဟိတ်အာရုန်ရဲ့သား ဧသမာက ကြီးကြပ်ရတယ်။+ ၉ ကောဟတ်ရဲ့ သားမြေးတွေက သန့်ရှင်းရာ ဌာနတော်နဲ့ဆိုင်တဲ့ အလုပ်တွေကို လုပ်ရပြီး+ မြင့်မြတ်တဲ့ပစ္စည်းတွေကို ကိုယ်တိုင်ထမ်းရမှာဖြစ်လို့+ သူတို့ကိုတော့ လှည်းနဲ့နွားတွေမပေးဘူး။
-