ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရှမွေလ ၁:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ဧလကာနက ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါကို ကိုးကွယ်ဖို့၊ ပူဇော်သက္ကာဆက်သဖို့ နေရင်းမြို့ကနေ ရှိလောမြို့ကို နှစ်တိုင်း တက်သွားလေ့ရှိတယ်။+ ဧလိရဲ့သား ဟောဖနိနဲ့ဖိနဟတ်က+ ယေဟောဝါရဲ့ ပုရောဟိတ်တွေအဖြစ် ရှိလောမြို့မှာ အမှုဆောင်နေတယ်။+

  • ၁ ရှမွေလ ၄:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ စစ်သည်တွေ စခန်းထဲပြန်လာတဲ့အခါ အစ္စရေးအကြီးအကဲတွေက “ယေဟောဝါဘုရားက ဖိလိတိလူတွေရှေ့မှာ ငါတို့ကို ဘာလို့ ရှုံးနိမ့်စေတာလဲ။+ ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို ရှိလောမြို့ကနေ ဒီကို သယ်လာရအောင်။+ သေတ္တာတော်သာ ငါတို့နဲ့အတူ ရှိရင် ရန်သူတွေလက်ကနေ ကယ်တင်ပေးလိမ့်မယ်” ဆိုပြီး ပြောကြတယ်။

  • ဆာလံ ၇၈:၆၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆၀ နောက်ဆုံး၊ လူတွေအလယ်မှာ စံမြန်းရာဖြစ်ခဲ့တဲ့+

      ရှိလောမြို့က တဲတော်ကို စွန့်ပယ်လိုက်တယ်။+

  • ယေရမိ ၇:၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ “‘အခု၊ ငါ့နာမည်တည်စေဖို့ ဦးဆုံးရွေးချယ်ခဲ့တဲ့+ ရှိလောအရပ်က+ သန့်ရှင်းရာဌာနတော်ဆီ သွားပါ။ ငါ့လူမျိုး အစ္စရေးတွေရဲ့ မကောင်းမှုကြောင့် အဲဒီနေရာကို ငါဘာလုပ်ခဲ့သလဲဆိုတာ ကြည့်လိုက်ပါ။+

  • တမန်တော် ၇:၄၄၊ ၄၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၄ “တောကန္တာရမှာတုန်းက ကျွန်တော်တို့ရဲ့  ဘိုးဘေးတွေဆီမှာ သက်သေခံချက်တဲတော်  ရှိတယ်။ မြင်ခဲ့ရတဲ့ပုံစံအတိုင်း ဆောက်ရမယ်ဆိုပြီး မောရှေကို ဘုရားသခင် မိန့်မှာထားသလို  အဲဒီတဲတော်ကို  တည်ဆောက်တယ်။+ ၄၅ ဘိုးဘေးတွေက အဲဒီတဲတော်ကို ဆက်ခံပြီး လူမျိုးခြားတွေပိုင်တဲ့ပြည်ထဲ ယောရှုနဲ့အတူ သယ်ဆောင်သွားခဲ့တယ်။+ အဲဒီလူမျိုးခြားတွေကို ဘိုးဘေးတွေရှေ့ကနေ ဘုရားသခင် နှင်ထုတ်ခဲ့တယ်။+ အဲဒီတဲတော်ဟာ ဒါဝိဒ်မင်းလက်ထက်အထိ ရှိခဲ့တယ်။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ