၉ အဟိမလက်က “ဧလာချိုင့်ဝှမ်းမှာ+ မင်းသတ်လိုက်တဲ့ ဖိလိတိလူ ဂေါလျတ်ရဲ့ ဓားတော့+ ရှိတယ်။ အဝတ်နဲ့ပတ်ပြီး သင်တိုင်းရဲ့+ အနောက်မှာ သိမ်းထားတယ်။ ဓားဆိုလို့ ဒီတစ်ချောင်းပဲ ရှိတာ။ မင်းယူချင်ရင် ယူသွား” ဆိုပြီးပြောတယ်။ ဒါဝိဒ်က “ဒီထက်ကောင်းတဲ့ဓား မရှိတော့ဘူး။ အဲဒီဓားကိုသာ ပေးလိုက်ပါ” လို့ပြောတယ်။