၂၂ ဒါဝိဒ်ဟာ ဂါသမင်း အာခိတ်ဆီကနေ ထွက်ပြေးပြီး+ အဒုလံလိုဏ်ဂူမှာ ရှောင်တိမ်းနေတယ်။+ ဒီသတင်းကို အစ်ကိုတွေ၊ အဖေ့ရဲ့ဆွေမျိုးတွေ ကြားတဲ့အခါ သူ့ဆီ ဆင်းလာကြတယ်။ ၂ ဒုက္ခရောက်နေသူ၊ အကြွေးတင်နေသူ၊ ဘဝကို နာကြည်းနေသူတွေလည်း လာပူးပေါင်းတဲ့အတွက် ဒါဝိဒ်ဟာ ခေါင်းဆောင် ဖြစ်လာတယ်။ သူနဲ့အတူ လူ ၄၀၀ လောက်ရှိတယ်။