၃၂ ဒါပေမဲ့ ဒါဝိဒ်အစ်ကို ရှိမာရဲ့သား+ ယောနဒပ်က+ “အရှင်မင်းကြီး၊ သားတော်အားလုံး အသတ်ခံရပြီဆိုတဲ့ သတင်းကို မယုံပါနဲ့။ အဗရှလုံရဲ့အမိန့်နဲ့ အာမနုန်တစ်ယောက်ကိုပဲ သတ်လိုက်ကြတာပါ။+ နှမ+ တာမာကို အာမနုန် စော်ကားတဲ့နေ့ကစပြီး+ အဗရှလုံက အခုလိုလုပ်ဖို့ ကြံစည်ထားတာ။+