-
ဆာလံ ၁၈:၇-၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ အဲဒီအခါ မြေကြီး တုန်ခါလာတယ်။+
တောင်ရဲ့ အခြေအမြစ်တွေလည်း သိမ့်သိမ့်တုန်လာတယ်။
အမျက်တော်ကြောင့် အဲဒါတွေ ယိမ်းထိုးလာတယ်။+
ဘုရားဆီကနေ မီးကျီးခဲတွေ ထွက်လာတယ်။
၉ ဘုရား ဆင်းသက်တဲ့အခါ ကောင်းကင် ညွှတ်ကျလာတယ်။+
ခြေတော်ရင်းမှာ မည်းမှောင်တဲ့တိမ်ထု ရှိနေတယ်။+
၁၀ ဘုရားက ခေရုဗိမ်ကို စီးပြီး ပျံသန်းလာတယ်။+
ကောင်းကင်တမန်* ရဲ့တောင်ပံကို စီးပြီး ထိုးဆင်းလာတယ်။+
၁၁ မှောင်မိုက်ကို လွှမ်းခြုံထားတယ်။+
မည်းမှောင်နေတဲ့ မိုးတိမ်နဲ့ တိမ်ထုကြီးကို
ပတ်လည်မှာ ခြံရံထားတယ်။+
၁၂ မိုးသီးတွေ၊ မီးကျီးခဲတွေက ရှေ့တော်မှာရှိတဲ့ လျှပ်စီးတွေထဲကနေ
တိမ်ထုကို ဖောက်ထွက်ပြီး ကျလာတယ်။
-