-
၂ ရာဇဝင်ချုပ် ၄:၁၈-၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ ရှောလမုန်မင်းက အသုံးအဆောင်ပစ္စည်းတွေကို အမြောက်အမြားလုပ်တဲ့အတွက် ကြေးနီပမာဏ ဘယ်လောက်ကုန်မှန်းတောင် မသိဘူး။+
၁၉ ဘုရားသခင့်အိမ်တော်အတွက် ရှောလမုန်လုပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကတော့+ ရွှေပလ္လင်၊+ ရှေ့တော်မုန့်တင်ဖို့ စားပွဲတွေ၊+ ၂၀ သတ်မှတ်ချက်တွေအတိုင်း အတွင်းခန်းရှေ့မှာ ထွန်းဖို့ ရွှေစင်ဆီမီးတိုင်တွေနဲ့+ ဆီမီးခွက်တွေ၊ ၂၁ ရွှေစင်နဲ့လုပ်တဲ့ ပန်းပွင့်၊ မီးခွက်၊ မီးညှပ်၊ ၂၂ ရွှေစင်နဲ့လုပ်တဲ့ မီးငြိမ်းကိရိယာ၊ ဇလုံ၊ ခွက်နဲ့ မီးခဲအိုးတွေဖြစ်တယ်။ အိမ်တော်ဝင်ပေါက်တွေဖြစ်တဲ့ အသန့်ရှင်းဆုံးအခန်းထဲဝင်တဲ့ အတွင်းတံခါးတွေနဲ့+ ဗိမာန်တော်တံခါးတွေကိုလည်း ရွှေနဲ့လုပ်တယ်။+
-