ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ရှမွေလ ၇:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ အခု  ငါ့ကျွန်ဒါဝိဒ်ကို  ပြောလိုက်ပါ။ ‘ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါပြောတာက– “မင်းကို  ငါ့လူမျိုးအစ္စရေးတွေရဲ့  ခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့+ သိုးကျောင်းရာ စားကျက်မြေကနေ ငါခေါ်ထုတ်ခဲ့ပြီ။+

  • ၂ ရှမွေလ ၇:၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ မင်း ကွယ်လွန်ပြီး+ ဘိုးဘေးတွေရှိရာကို ရောက်သွားတဲ့အခါ မင်းရဲ့မျိုးနွယ်၊ မင်းရဲ့ရင်သွေးကို ငါမင်းမြှောက်မယ်။ သူ့နိုင်ငံကို ငါတည်မြဲစေမယ်။+

  • ဆာလံ ၈၉:၃၃-၃၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၃ ဒါပေမဲ့ သူ့အပေါ် ငါ့ရဲ့ခိုင်မြဲတဲ့မေတ္တာကို ဘယ်တော့မှ မရုပ်သိမ်းဘူး။+

      ငါ့ကတိကိုလည်း ဘယ်တော့မှ မဖျက်ဘူး။

      ၃၄ ပဋိညာဉ်ကို ငါမချိုးဖောက်ဘူး။+

      နှုတ်ထွက်စကားကို ငါမပြောင်းလဲဘူး။+

      ၃၅ ငါ့ရဲ့ သန့်ရှင်းမြင့်မြတ်မှုကို တိုင်တည်ပြီး အပြီးသတ် ကျိန်ဆိုခဲ့တယ်။

      ဒါဝိဒ်ကို ငါလိမ်မပြောဘူး။+

      ၃၆ သူ့မျိုးနွယ်ဟာ ထာဝစဉ်တည်တံ့လိမ့်မယ်။+

      သူ့ရာဇပလ္လင်လည်း ငါ့ရှေ့မှာရှိတဲ့ နေမင်းကြီးလို တည်မြဲလိမ့်မယ်။+

      ၃၇ လမင်းလို၊ ကောင်းကင်ပေါ်က သစ္စာရှိတဲ့သက်သေလို

      ထာဝစဉ် ခိုင်ခံ့မြဲမြံနေလိမ့်မယ်။” (စဲလာ)

  • ဟေရှာယ ၃၇:၃၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၅ ငါ့နာမည်အတွက်၊+ ငါ့ကျွန်ဒါဝိဒ်အတွက်+ ဒီမြို့ကို ငါကာကွယ်မယ်။ ကယ်တင်မယ်။’”+

  • ယေရမိ ၃၃:၂၀၊ ၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ “ယေဟောဝါ ပြောမယ်– ‘ငါပြဋ္ဌာန်းထားတဲ့ နေ့ပဋိညာဉ်နဲ့ ညပဋိညာဉ်ကို မင်းတို့ချိုးဖျက်ပြီး နေ့တွေညတွေ သူ့အချိန်နဲ့သူ ရောက်မလာအောင် တားဆီးနိုင်မှပဲ၊+ ၂၁ ငါ့အတွက် အမှုဆောင်မယ့် လေဝိအနွယ် ပုရောဟိတ်တွေနဲ့ဖွဲ့ထားတဲ့ ပဋိညာဉ်ရော+ ငါ့ကျွန်ဒါဝိဒ်နဲ့ ဖွဲ့ထားတဲ့ ပဋိညာဉ်ပါ ပျက်ပြယ်နိုင်လိမ့်မယ်။+ အဲဒီလိုသာ ပျက်ပြယ်ခဲ့ရင် ဒါဝိဒ်ရဲ့ရာဇပလ္လင်ပေါ်မှာ နန်းထိုင်မယ့် သားတစ်ယောက်မှ ကျန်မှာမဟုတ်ဘူး။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ