ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ဘုရင်များ ၁၆:၃၀၊ ၃၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၀ သြမရိရဲ့သား အာဟပ်က ယေဟောဝါရှေ့မှာ  မကောင်းတာတွေ  ဆက်လုပ်တယ်၊ အရင်ကဘုရင်တွေထက် ပိုဆိုးတယ်။+ ၃၁ နေဗတ်သား ယေရောဗောင်ရဲ့ အပြစ်လမ်းစဉ်အတိုင်း+ လိုက်တာကို  မကျေနပ်သေးဘဲ  ဆိုင်ဒုန်ဘုရင်+ ဧသဗာလရဲ့သမီး ယေဇဗေလကိုလည်း+ မိဖုရားမြှောက်ပြီး ဗာလဘုရားကို+ ဦးချဝတ်ပြုတယ်။

  • ၁ ဘုရင်များ ၂၂:၅၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅၁ ယုဒဘုရင်ယောရှဖတ် နန်းစံ ၁၇ နှစ်မြောက်မှာ  အာဟပ်ရဲ့သား အာခဇိက+  အစ္စရေးပြည်မှာ  နန်းတက်လာပြီး ရှမာရိမြို့မှာ နန်းထိုင်တယ်။ အစ္စရေးပြည်ကို ၂ နှစ်စိုးစံတယ်။

  • ၁ ဘုရင်များ ၂၂:၅၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅၃ ဗာလဘုရားကို ဆက်ပြီး ဦးချဝတ်ပြုတယ်။+ ခမည်းတော်လိုပဲ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို အမျက်ထွက်အောင်လုပ်တယ်။+

  • ၂ ဘုရင်များ ၁၀:၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၁ အစ္စရေး တစ်ပြည်လုံးကိုလည်း သတင်းပို့တဲ့အတွက် ဗာလဝတ်ပြုသူ တစ်ယောက်မကျန် ရောက်လာတယ်။ ဗာလဘုရားကျောင်းထဲ+ တဖွဲဖွဲ ဝင်လာကြတာ ပြည့်လျှံတဲ့အထိပဲ။

  • ၂ ဘုရင်များ ၂၃:၄၊ ၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄ အဲဒီနောက်  ယောရှိက  ပုရောဟိတ်မင်း ဟိလခိနဲ့+ လက်ထောက်ပုရောဟိတ်တွေ၊ တံခါးစောင့်တွေကိုခေါ်ပြီး ဗာလဘုရားနဲ့ ကိုးကွယ်ရာသစ်တိုင်တွေ၊*+ ကောင်းကင်ပေါ်က ကြယ်တွေကို ဝတ်ပြုရာမှာသုံးတဲ့ ပစ္စည်းတွေ အားလုံးကို ယေဟောဝါရဲ့ ဗိမာန်တော်ကနေ သယ်ထုတ်သွားဖို့ အမိန့်ပေးတယ်။ အဲဒါတွေကို ဂျေရုဆလင်မြို့ပြင်မှာရှိတဲ့ ကိဒြုန်တောင်စောင်းမှာ မီးရှို့ပြီးနောက် ပြာကို ဗေသလမြို့ဆီ ယူသွားတယ်။+ ၅ ပြီးတော့ ယုဒမြို့တွေနဲ့ ဂျေရုဆလင်မြို့ပတ်ဝန်းကျင်က အထွတ်အမြတ်နေရာတွေမှာ ယဇ်ပူဇော်ဖို့ ယုဒဘုရင်တွေ ခန့်ထားတဲ့ တိုင်းတစ်ပါးဘုရားရဲ့ ပုရောဟိတ်တွေကို မောင်းထုတ်ပစ်တယ်။ နေ၊ လ၊ ဂြိုဟ်နက္ခတ်တွေ၊ ကောင်းကင်ပေါ်က ကြယ်တွေနဲ့ ဗာလဘုရားအတွက် ယဇ်ပူဇော်သူတွေကိုလည်း  မောင်းထုတ်ပစ်တယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ