၁၇ အာဗြံအသက် ၉၉ နှစ်မှာ သူ့ဆီ ယေဟောဝါ ရောက်လာပြီး “ငါဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ပဲ။ ငါ့ရှေ့မှာ သစ္စာရှိလမ်းစဉ်အတိုင်း လျှောက်လှမ်းပြီး အမှားကင်းအောင် နေပါ။ ၂ မင်းနဲ့ဖွဲ့တဲ့ ပဋိညာဉ်ကို ငါအတည်ဖြစ်စေမယ်။+ မင်းကို သားမြေးတွေ အများကြီးရစေမယ်”+ လို့ပြောတယ်။