-
၂ ဘုရင်များ ၂၀:၈-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ဟေဇကိက “ဒီရောဂါကို ယေဟောဝါဘုရား ပျောက်ကင်းစေမယ်၊ သုံးရက်ကြာရင် ယေဟောဝါရဲ့အိမ်တော်ကို ကျုပ်တက်သွားနိုင်မယ်ဆိုတဲ့ အထောက်အထားများ ရှိသလား”+ လို့မေးတော့၊ ၉ ဟေရှာယက “ယေဟောဝါဟာ ပြောတဲ့အတိုင်း လုပ်ဆောင်မယ်ဆိုတာ မင်းကြီးသိအောင်ပြမယ်။ ယေဟောဝါပေးတဲ့ အထောက်အထားကတော့ လှေကားထစ်ပေါ်က* နေရိပ်ကို ဆယ်ထစ် ရှေ့တိုးစေချင်သလား၊ ဆယ်ထစ် နောက်ဆုတ်စေချင်သလား”+ လို့မေးတယ်။ ၁၀ ဒါနဲ့ ဟေဇကိက “နေရိပ်ဟာ ဆယ်ထစ်ရှေ့တိုးဖို့ လွယ်ပါတယ်။ ဒီတော့ ဆယ်ထစ် နောက်ဆုတ်စေချင်တယ်” လို့ဖြေတယ်။ ၁၁ ဒါနဲ့ ပရောဖက်ဟေရှာယက ယေဟောဝါဆီ ဆုတောင်းလိုက်တဲ့အခါ အာခတ်မင်းရဲ့ လှေကားထစ်တွေပေါ် ကျနေတဲ့ နေရိပ်ဟာ ဆယ်ထစ် နောက်ဆုတ်သွားတယ်။+
-