-
၁ ဘုရင်များ ၈:၁၄-၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ အဲဒီနောက် မင်းကြီးက ရပ်နေတဲ့ အစ္စရေးလူစုကြီးဘက် လှည့်ပြီး ကောင်းချီးပေးတယ်။+ ၁၅ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို ချီးမွမ်းကြ။ ဘုရားက ခမည်းတော်ဒါဝိဒ်ကို ကတိပေးခဲ့ရုံမက အဲဒီအတိုင်း ဖြစ်လာအောင် လုပ်ဆောင်ပေးပြီ။ ၁၆ ‘ငါ့လူမျိုးအစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့နေ့ကစပြီး ငါ့နာမည်တည်စေမယ့်+ အိမ်တော်ကို တည်ဆောက်ဖို့ အစ္စရေးအနွယ်တွေရဲ့ မြို့တစ်မြို့ကို ငါမရွေးချယ်ဖူးဘူး။ ဒါပေမဲ့ အခုတော့ ငါ့လူမျိုးအစ္စရေးတွေကို အုပ်ချုပ်ဖို့ ဒါဝိဒ်ကို ငါရွေးချယ်လိုက်ပြီ’ လို့လည်း ပြောခဲ့တယ်။ ၁၇ ခမည်းတော်ဒါဝိဒ်က အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ နာမည်အတွက် အိမ်တော်ဆောက်ဖို့ ဆန္ဒပြင်းပြခဲ့တယ်။+ ၁၈ ဒါပေမဲ့ ယေဟောဝါဘုရားက ခမည်းတော်ဒါဝိဒ်ကို ‘ငါ့နာမည်အတွက် အိမ်တော်ဆောက်ဖို့ မင်း ဆန္ဒပြင်းပြတယ်။ အဲဒီလိုဆန္ဒပြင်းပြတာ သိပ်ကောင်းတယ်။ ၁၉ ဒါပေမဲ့ အိမ်တော်ကို မင်း မတည်ဆောက်ရဘူး။ မင်းရဲ့ရင်သွေး၊ မင်းရဲ့သားကပဲ ငါ့နာမည်အတွက် အိမ်တော်ကို တည်ဆောက်ရမယ်’+ လို့ပြောခဲ့တယ်။ ၂၀ ယေဟောဝါဘုရားက ကတိတော်အတိုင်း လုပ်ဆောင်ခဲ့ပြီ။ ယေဟောဝါဘုရားရဲ့ ကတိအတိုင်း ခမည်းတော်ဒါဝိဒ်ရဲ့ အရိုက်အရာကို ကျွန်တော်ဆက်ခံပြီး အစ္စရေးရာဇပလ္လင်ပေါ်မှာ ထိုင်နေပြီ။ အဲဒီအပြင် အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါရဲ့ နာမည်အတွက် အိမ်တော်ကို တည်ဆောက်ပြီး၊+ ၂၁ ပဋိညာဉ်သေတ္တာ ထားမယ့်နေရာကို ပြင်ဆင်ပြီးပြီ။ အဲဒီသေတ္တာထဲမှာ ကျောက်ပြားနှစ်ချပ်ရှိတယ်။ ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာပြီး သူတို့နဲ့ ယေဟောဝါဘုရား ဖွဲ့ခဲ့တဲ့ ပဋိညာဉ်အကြောင်း ကျောက်ပြားပေါ်မှာ ရေးထားတယ်”+ လို့ပြောတယ်။
-