ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ဘုရင်များ ၈:၄၄၊ ၄၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၄ “အစ္စရေးတွေဟာ အမိန့်တော်အတိုင်း ရန်သူတွေကို စစ်တိုက်ထွက်တဲ့အခါ+ ကိုယ်တော် ရွေးချယ်တဲ့ မြို့ဘက်၊+ နာမတော်အတွက် ကျွန်တော်ဆောက်တဲ့ အိမ်တော်ဘက်+ မျက်နှာမူပြီး ယေဟောဝါဘုရားဆီ ဆုတောင်းမယ်ဆိုရင်၊+ ၄၅ သူတို့ဆုတောင်းတာ၊ မျက်နှာသာရဖို့ အသနားခံတာကို ကောင်းကင်ကနေ နားထောင်ပြီး သူတို့အတွက် တရားသဖြင့် လုပ်ဆောင်ပေးပါ။

  • ၂ ရာဇဝင်ချုပ် ၁၄:၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၁ ပြီးတော့  အာသမင်းက  “ယေဟောဝါဘုရား၊ ကိုယ်တော်က အင်အားကြီးသူတွေကိုဖြစ်စေ၊ အင်အားနည်းသူတွေကိုဖြစ်စေ ကူညီပေးနိုင်ပါတယ်။+ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော့်ကို အားကိုးတဲ့အတွက် ကူညီပေးပါ။+ ဒီလူစုကြီးကိုတိုက်ဖို့ နာမတော်နဲ့ လာခဲ့ပါပြီ။+ ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ဘုရားသခင်ပါ။ သေမျိုးဖြစ်တဲ့လူက ကိုယ်တော့်ကို အနိုင်မရပါစေနဲ့”+ ဆိုပြီး ယေဟောဝါဘုရားကို ဆုတောင်းတယ်။+

  • ၂ ရာဇဝင်ချုပ် ၂၀:၅၊ ၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅ ယုဒပြည်သားနဲ့ ဂျေရုဆလင်မြို့သားတွေက ယေဟောဝါအိမ်တော်ရဲ့ ရင်ပြင်အသစ်မှာ  ရပ်နေကြတယ်။ ယောရှဖတ်က သူတို့ရှေ့မှာ ရပ်ပြီး၊ ၆ ဆုတောင်းတယ်–

      “ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော်ဟာ ကောင်းကင်မှာ စံမြန်းတဲ့ ဘုရားသခင်ပါ။+ တိုင်းနိုင်ငံရှိသမျှကို အုပ်စိုးတဲ့အရှင်ပါ။+ လက်တော်ဟာ တန်ခိုး၊ အစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့အတွက် ကိုယ်တော့်ကို ဘယ်သူမှ မဆန့်ကျင်နိုင်ပါဘူး။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ