-
၂ ဘုရင်များ ၁၂:၄၊ ၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ ယောရှက ပုရောဟိတ်တွေကို “သန့်ရှင်းတဲ့အလှူအဖြစ် ယေဟောဝါဘုရားရဲ့ အိမ်တော်ဆီ ယူလာတဲ့ ငွေအားလုံးကို စုလိုက်ပါ။+ အဲဒီငွေတွေကတော့ လူတစ်ယောက်စီပေးရတဲ့ အခွန်ငွေ၊+ လူတစ်ယောက်ရဲ့ သတ်မှတ်တန်ဖိုးအဖြစ် ပေးလှူတဲ့ငွေ၊ ယေဟောဝါဘုရားရဲ့ အိမ်တော်အတွက် စေတနာစိတ်နဲ့ လှူဒါန်းတဲ့ငွေတွေပဲ။+ ၅ ပုရောဟိတ်တွေကိုယ်တိုင် အလှူရှင်တွေဆီကနေ ငွေကောက်ခံပြီး အိမ်တော်ပျက်စီးတဲ့ နေရာတွေ ပြုပြင်ရာမှာ အဲဒီငွေကို အသုံးပြုရမယ်”+ လို့မှာတယ်။
-
-
၂ ရာဇဝင်ချုပ် ၃၄:၉၊ ၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ သူတို့က ပုရောဟိတ်မင်း ဟိလခိဆီ လာပြီး ဘုရားသခင့်အိမ်တော်အတွက် ယူလာတဲ့ငွေကို ပေးကြတယ်။ အဲဒီငွေကို မနာရှေ၊ ဧဖရိမ်နဲ့ ကျန်တဲ့အစ္စရေးတွေ၊+ ယုဒနဲ့ ဗင်ယာမိန်အမျိုးသားတွေ၊ ဂျေရုဆလင်မြို့သားတွေဆီကနေ လေဝိအမျိုးသားတံခါးစောင့်တွေ ကောက်ခံထားတာ။ ၁၀ အဲဒီငွေကို ယေဟောဝါရဲ့ အိမ်တော်လုပ်ငန်း ကြီးကြပ်ရသူတွေလက်ထဲ အပ်လိုက်တယ်။ ယေဟောဝါရဲ့အိမ်တော်မှာ အလုပ်လုပ်တဲ့သူတွေက အိမ်တော်ပြုပြင်မွမ်းမံဖို့ အဲဒီငွေကို အသုံးပြုကြတယ်။
-