၁၇ ယေဟောဝါဘုရားသခင်ဟာ ဘုရားတို့ရဲ့ဘုရား+ သခင်တို့ရဲ့သခင် တန်ခိုးကြီးပြီး ရိုသေခန့်ညားဖွယ်ကောင်းတဲ့ ဘုရား၊ မျက်နှာမလိုက်တဲ့အရှင်၊+ တံစိုးလက်ဆောင်ကို လက်မခံတဲ့အရှင် ဖြစ်တယ်။ ၁၈ ဘုရားသခင်က မိဘမဲ့ကလေးနဲ့ မုဆိုးမအတွက် တရားသဖြင့် စီရင်ပေးတယ်။+ တိုင်းတစ်ပါးသားကို ချစ်ပြီး+ စားစရာ၊ ဝတ်စရာ ပေးသနားတယ်။