-
၁ ဘုရင်များ ၁၉:၃၊ ၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ ဧလိယလည်း ကြောက်စိတ်ဝင်လာပြီး အသက်ဘေးကလွတ်ဖို့ ထွက်ပြေးတော့တယ်။+ ယုဒနယ်+ ဗေရရှေဘမြို့ကိုရောက်တော့+ အဲဒီမှာ သူ့နောက်လိုက်ကို ထားရစ်ခဲ့တယ်။ ၄ သူကတော့ တောကန္တာရထဲ တစ်ရက်ခရီး သွားပြီးနောက် ချုံပင်အောက်မှာ ထိုင်ပြီး သေပါရစေလို့ ဆုတောင်းတယ်။ “ယေဟောဝါဘုရား၊ ကျွန်တော့်အသက်ကို ရုပ်သိမ်းလိုက်ပါတော့။+ ကျွန်တော် အသက်မရှင်ချင်တော့လို့ပါ။ ကျွန်တော်ဟာ ဘိုးဘေးတွေနဲ့ ဘာမှမခြားပါဘူး” ဆိုပြီးပြောတယ်။
-
-
ယောန ၄:၂၊ ၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ အဲဒီအခါ ယေဟောဝါဆီ သူဆုတောင်းတာက– “ယေဟောဝါဘုရား၊ ဒီလိုဖြစ်လာမယ်ဆိုတာ နေရင်းပြည်မှာရှိကတည်းက ကျွန်တော်တွေးပူမိသားပဲ။ ဒါကြောင့် တာရှိပြည်ကို+ ချက်ချင်းပြေးခဲ့တာ။ ကိုယ်တော်ဟာ သနားစာနာတတ်ပြီး ကရုဏာရှိတဲ့ဘုရား၊ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့မေတ္တာ ကြီးမားတဲ့ဘုရား၊+ ဘေးဆိုးအတွက် စိတ်မကောင်းဖြစ်တတ်တဲ့ ဘုရားပဲဆိုတာ ကျွန်တော် သိတာပေါ့။ ၃ ယေဟောဝါဘုရား၊ အခု ကျွန်တော့်အသက်ကို နုတ်ယူလိုက်ပါတော့။ အသက်ရှင်နေရတာထက် သေသွားတာကမှ ပိုကောင်းဦးမယ်။”+
-