-
ယောဘ ၂:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ အဲဒီနောက် ဘုရားသခင်ရဲ့သားတွေ*+ ယေဟောဝါရှေ့ အခစားဝင်ရတဲ့နေ့ ရောက်လာတယ်။+ စာတန်လည်း သူတို့နဲ့အတူ ယေဟောဝါရှေ့ကို ဝင်လာတယ်။+
၂ ယေဟောဝါက “ဘယ်ကလာတာလဲ” လို့ မေးတဲ့အခါ စာတန်က “ကမ္ဘာအနှံ့ လှည့်လည်ပြီး လာခဲ့တာ”+ လို့ ယေဟောဝါကို ဖြေတယ်။ ၃ ဒါနဲ့ ယေဟောဝါက “ငါ့ကျွန်ယောဘကို သတိထားမိသလား။ ကမ္ဘာပေါ်မှာ သူ့လို လူတစ်ယောက်မှ မရှိဘူး။ ရိုးဖြောင့်သူ၊ သမာဓိရှိသူ၊+ ဘုရားသခင်ကို ကြောက်ရွံ့သူ၊ မကောင်းမှုကို ရှောင်တဲ့သူ ဖြစ်တယ်။ သူ့ကို အကြောင်းမရှိဘဲ ဒုက္ခပေးဖို့ မင်းတိုက်တွန်းပေမဲ့+ သူကတော့ သမာဓိခိုင်မြဲနေတုန်းပဲ”+ လို့ပြောတယ်။
-