ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ဘုရင်များ ၂၂:၁၈၊ ၁၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၈ ယေဟောဝါကို မေးမြန်းဖို့ စေလွှတ်လိုက်တဲ့ ယုဒဘုရင်ကို ပြန်ပြောလိုက်ပါ။ “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါပြောတာက ‘မင်းကြားရတဲ့စကားတွေနဲ့ ပတ်သက်လို့၊ ၁၉ ငါယေဟောဝါ ပြောမယ်– ဒီမြို့နဲ့ မြို့သားတွေဟာ ထိတ်လန့်စရာ၊ ကျိန်စာတိုက်စရာ ဖြစ်ရမယ်ဆိုတဲ့ ငါ့စီရင်ချက်ကို ကြားတဲ့အခါ မင်း စိတ်ထိခိုက်ပြီး ငါယေဟောဝါရှေ့မှာ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခဲ့တယ်။+ အဝတ်ကို ဆွဲဆုတ်ပြီး+ ငါ့ရှေ့မှာ ငိုကြွေးခဲ့တယ်။ ဒါကို ငါကြားတယ်။

  • ၂ ရာဇဝင်ချုပ် ၃၃:၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ ဘုရားသခင်ဆီ သူ အမြဲဆုတောင်းတယ်။ ဘုရားသခင်က သူအသနားခံတဲ့အခါ ကရုဏာသက်သွားတယ်၊ မျက်နှာသာရဖို့ တောင်းပန်တာကို နားထောင်ပြီး ဂျေရုဆလင်မြို့မှာ ပြန်နန်းထိုင်စေတယ်။+ အဲဒီအခါ ယေဟောဝါဟာ စစ်မှန်တဲ့ဘုရားပဲဆိုတာ မနာရှေ သိသွားတယ်။+

  • ဆာလံ ၂၂:၂၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၄ ဘုရားဟာ ဖိနှိပ်ခံရသူရဲ့ဒုက္ခကို အရေးမစိုက်ဘဲ မနေဘူး၊ မရွံရှာဘူး။+

      သူ့ကို မျက်နှာမလွှဲဘူး။+

      သူအော်ဟစ်အကူအညီတောင်းတဲ့အခါ ကြားတယ်။+

  • ဆာလံ ၃၄:၁၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၈ ယေဟောဝါဟာ စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ရှိတယ်။+

      စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေကို ကယ်တင်တယ်။+

  • ပညာအလိမ္မာ ၂၈:၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ ကိုယ့်အမှားကို ဖုံးကွယ်ထားတဲ့သူက အောင်မြင်မှာ မဟုတ်ဘူး။+

      အမှားကိုဝန်ခံပြီး စွန့်လွှတ်သူကတော့ ကရုဏာ ခံစားရလိမ့်မယ်။+

  • ဟေရှာယ ၅၇:၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ သန့်ရှင်းမြင့်မြတ်တဲ့ နာမည်ကို ပိုင်ဆိုင်ပြီး+

      ထာဝစဉ်အသက်ရှင်တဲ့+ အမြင့်မြတ်ဆုံးအရှင် ပြောတာက–

      “မြင့်တဲ့နေရာ၊ သန့်ရှင်းတဲ့နေရာမှာ ငါစံမြန်းပေမဲ့+ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေ၊ စိတ်နှိမ့်ချသူတွေဆီမှာလည်း ငါနေတယ်။

      စိတ်နှိမ့်ချသူကို အားသစ်လောင်းပေးမယ်။

      ကြေကွဲနေသူတွေကို အားသစ်လောင်းပေးမယ်။+

  • လုကာ ၁၅:၂၂-၂၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ အဲဒီအခါ ဖခင်က ကျွန်တွေကို ‘အကောင်းဆုံးဝတ်လုံကို မြန်မြန်ယူလာပြီး သူ့ကိုဝတ်ပေးကြ။ လက်စွပ်စွပ်ပေးပြီး ဖိနပ်စီးပေးကြ။ ၂၃ ဆူဖြိုးတဲ့ နွားကလေးကို ယူပြီး သတ်ကြ။ စားသောက်ပွဲ လုပ်ကြရအောင်။ ၂၄ ဘာကြောင့်လဲဆိုတော့ ငါ့သားဟာ သေရာကနေ ပြန်ရှင်လာပြီ။+ ပျောက်သွားပြီးမှ ပြန်တွေ့တာ’ လို့ပြောပြီး တပျော်တပါး စားသောက်ကြတယ်။

  • လုကာ ၁၈:၁၃၊ ၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ အခွန်ခံကတော့ ခပ်လှမ်းလှမ်းမှာရပ်ပြီး ကောင်းကင်ကိုတောင် မော့မကြည့်ဝံ့ဘဲ ‘ဘုရားသခင်၊ အပြစ်သားဖြစ်တဲ့ ကျွန်တော့်ကို သနားပါ’+ လို့ ရင်ဘတ်ကိုထုပြီး ဆုတောင်းတယ်။ ၁၄ အဲဒီနောက် အခွန်ခံ အိမ်ပြန်သွားတယ်။ ကျွန်တော် ပြောမယ်။ သူဟာ ဖာရိရှဲထက်ပိုဖြောင့်မတ်တယ်။+ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့သူဟာ နှိမ့်ချခံရပြီး နှိမ့်ချတဲ့သူကတော့ ချီးမြှောက်ခံရလိမ့်မယ်။”+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ