ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဆာလံ ၁၄:၁-၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ မိုက်မဲသူတွေက “ယေဟောဝါ မရှိဘူး”+ လို့ စိတ်ထဲမှာ ပြောတတ်တယ်။

      သူတို့ရဲ့အကျင့်တွေ ယိုယွင်းနေတယ်။

      သူတို့ရဲ့လုပ်ရပ်တွေဟာ ရွံစရာကောင်းတယ်။

      မှန်ရာလုပ်တဲ့သူ တစ်ယောက်မှ မရှိဘူး။+

      ၂ ယေဟောဝါကတော့ လူသားတွေထဲမှာ ထိုးထွင်းဉာဏ်ရှိသူ၊ ယေဟောဝါကိုရှာတဲ့သူ ရှိလေမလားဆိုပြီး

      ကောင်းကင်ကနေ ငုံ့ကြည့်နေတယ်။+

      ၃ သူတို့အားလုံး လမ်းလွဲပြီး+

      အကျင့်ယိုယွင်းနေတယ်။

      မှန်ရာလုပ်တဲ့သူ မရှိဘူး။

      တစ်ယောက်တလေတောင် မရှိဘူး။

      ၄ အမှားလုပ်တဲ့သူတွေ တစ်ယောက်မှ နားမလည်ကြဘူး။

      ငါ့လူတွေကို အစားအစာလို ဝါးမျိုပစ်တယ်။

      ယေဟောဝါဆီ ဆုမတောင်းကြဘူး။

      ၅ ဒါပေမဲ့ ဖြောင့်မတ်သူရဲ့ လူမျိုးဆက်နဲ့အတူ ယေဟောဝါရှိနေလို့

      သူတို့ အကြီးအကျယ် ကြောက်လန့်ရလိမ့်မယ်။+

      ၆ အမှားလုပ်တဲ့ မင်းတို့က နိမ့်ကျသူရဲ့ အကြံအစည်တွေကို ဖျက်ဖို့ ကြိုးစားပေမဲ့

      ယေဟောဝါဟာ သူ့ရဲ့ခိုလှုံရာပဲ။+

      ၇ ဇိအုန်ကနေ အစ္စရေးရဲ့ကယ်တင်ခြင်း ပေါ်ထွက်လာပါစေ။+

      ယေဟောဝါက လူမျိုးတော်ကို သုံ့ပန်းဘဝကနေ ပြန်စုသိမ်းတဲ့အခါ

      ယာကုပ် ရွှင်လန်းပါစေ။ အစ္စရေး ဝမ်းမြောက်ပါစေ။

  • ရောမ ၃:၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ “ဖြောင့်မတ်သူ မရှိဘူး။ တစ်ယောက်တလေတောင် မရှိဘူး။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ