ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၄:၃၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၄ ယေဟောဝါဘုရားက အီဂျစ်ပြည်မှာ တရားစီရင်ချက်၊ အံ့ဖွယ်အမှု၊ ထူးဆန်းတဲ့အရာ၊+ စစ်ပွဲ၊+ အားကြီးတဲ့လက်၊+ တန်ခိုးကြီးတဲ့ လက်ရုံး၊ ကြောက်မက်ဖွယ် လုပ်ရပ်တွေနဲ့+ ခင်ဗျားတို့ကို တခြားလူမျိုးထဲကနေ ခေါ်ထုတ်လာခဲ့တယ်။ ဒါကို ခင်ဗျားတို့ မြင်ခဲ့ကြတာပဲ။ ဘုရားက ဘယ်လူမျိုးကို အဲဒီလို ခေါ်ထုတ်ခဲ့ဖူးလို့လဲ။

  • နေဟမိ ၉:၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ ဖာရောနဲ့ မင်းမှုထမ်းတွေ၊ တိုင်းသူပြည်သားတွေက ကိုယ်တော့်လူမျိုးကို နှိပ်စက်မှန်း+ ကိုယ်တော်သိတဲ့အတွက် သူတို့ရှေ့မှာ အံ့ဖွယ်အမှုတွေ၊ ထူးဆန်းတဲ့အရာတွေ လုပ်ပြခဲ့တယ်။+ ဒီနည်းနဲ့ နာမတော်ကို ဒီနေ့အထိ ထင်ရှားစေခဲ့ပြီ။+

  • ဆာလံ ၁၀၅:၂၇-၃၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၇ မောရှေနဲ့ အာရုန်က သူတို့အလယ်မှာ ထူးဆန်းတဲ့အရာတွေ လုပ်ပြတယ်။

      ဟာမပြည်မှာ အံ့ဖွယ်အမှုတွေ လုပ်ပြတယ်။+

      ၂၈ မှောင်မိုက်ကို ဘုရားစေလွှတ်လိုက်တဲ့အခါ တိုင်းပြည် မှောင်မိုက်သွားတယ်။+

      မောရှေနဲ့ အာရုန်က အမိန့်တော်ကို မလွန်ဆန်ကြဘူး။

      ၂၉ ဘုရားက ရေကို သွေးဖြစ်စေတယ်။

      ငါးတွေကို သေစေတယ်။+

      ၃၀ သူတို့ပြည်မှာ၊ နန်းဆောင်တွေထဲမှာ

      ဖားတွေ အပြည့်ပဲ။+

      ၃၁ ဘုရား အမိန့်ပေးလိုက်တဲ့အခါ

      ယင်ရဲနဲ့ မှက်တွေ တိုင်းပြည်ထဲ ဝင်လာတယ်။+

      ၃၂ မိုးရေအစား မိုးသီးတွေ ရွာကျစေတယ်။

      သူတို့ပြည်အပေါ် လျှပ်စီးလက်စေတယ်။+

      ၃၃ စပျစ်ပင်နဲ့ သဖန်းပင်တွေကို သေစေတယ်။

      တိုင်းပြည်မှာရှိတဲ့ သစ်ပင်တွေကို ချိုးပစ်တယ်။

      ၃၄ ဘုရားအမိန့်ပေးလိုက်တဲ့အခါ အတိုင်းမသိများတဲ့ ကျိုင်းကောင်တွေ၊

      ကျိုင်းကောင်ပေါက်တွေ

      တိုင်းပြည်ထဲ ဝင်လာပြီး၊+

      ၃၅ အပင်ရှိသမျှကို ကိုက်စားပစ်တယ်။

      မြေထွက်သီးနှံတွေကိုလည်း ကိုက်စားပစ်တယ်။

      ၃၆ အဲဒီနောက် တိုင်းပြည်မှာရှိတဲ့ သားဦးတွေ၊

      ရင်သွေးဦးတွေကို တစ်ယောက်မကျန် ကွပ်မျက်တယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ