ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယောရှု ၇:၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ ဒီအကြောင်းကို ခါနန်လူမျိုးတွေ၊ ဒီပြည်သားတွေ ကြားသွားရင် လာဝိုင်းပြီး ကျွန်တော်တို့နာမည်ကို ကမ္ဘာမြေပေါ်မှာ မကျန်ရစ်အောင် ဖျက်ပစ်ပါလိမ့်မယ်။ ကြီးမြတ်တဲ့နာမတော်ကို မထိခိုက်ရလေအောင် ကိုယ်တော် ဘယ်လိုများ လုပ်ပေးမှာလဲ”+ ဆိုပြီး အသနားခံတယ်။

  • ၁ ရှမွေလ ၁၂:၂၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ ယေဟောဝါဘုရားက ခင်ဗျားတို့ကို မိမိလူမျိုးဖြစ်စေဖို့ ဆုံးဖြတ်ထားတယ်။+ ဒါကြောင့် ယေဟောဝါဘုရားက ကြီးမြတ်တဲ့ နာမတော်ကို ထောက်ပြီး+ မိမိလူမျိုးကို စွန့်ပစ်မှာ မဟုတ်ဘူး။+

  • ၂ ရာဇဝင်ချုပ် ၁၄:၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၁ ပြီးတော့  အာသမင်းက  “ယေဟောဝါဘုရား၊ ကိုယ်တော်က အင်အားကြီးသူတွေကိုဖြစ်စေ၊ အင်အားနည်းသူတွေကိုဖြစ်စေ ကူညီပေးနိုင်ပါတယ်။+ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါ၊ ကိုယ်တော့်ကို အားကိုးတဲ့အတွက် ကူညီပေးပါ။+ ဒီလူစုကြီးကိုတိုက်ဖို့ နာမတော်နဲ့ လာခဲ့ပါပြီ။+ ယေဟောဝါဘုရား၊ ကိုယ်တော်ဟာ ကျွန်တော်တို့ရဲ့ ဘုရားသခင်ပါ။ သေမျိုးဖြစ်တဲ့လူက ကိုယ်တော့်ကို အနိုင်မရပါစေနဲ့”+ ဆိုပြီး ယေဟောဝါဘုရားကို ဆုတောင်းတယ်။+

  • ဆာလံ ၁၁၅:၁၊ ၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၁၅ အို ယေဟောဝါ၊ ကိုယ်တော်ရဲ့ ခိုင်မြဲတဲ့မေတ္တာနဲ့ သစ္စာတရားကြောင့်+

      နာမတော်ကိုသာ ဂုဏ်တင်လှည့်ပါ။+

      ကျွန်တော်တို့ကို ဂုဏ်မတင်ပါနဲ့။

      ၂ “သူတို့ရဲ့ ဘုရားသခင်က ဘယ်မှာလဲ” ဆိုပြီး

      လူမျိုးခြားတွေ ဘာလို့ပြောရမှာလဲ။+

  • ဟေရှာယ ၄၈:၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၉ ဒါပေမဲ့ ငါ့နာမည်ကိုထောက်ပြီး ဒေါသကို ငါထိန်းမယ်။+

      ငါရထိုက်တဲ့ ချီးမွမ်းမှုကိုထောက်ပြီး ငါ့ကိုယ်ငါ ချုပ်တည်းမယ်။

      မင်းတို့ကို ပယ်ရှင်းမှာ မဟုတ်ဘူး။+

  • ယေရမိ ၁၄:၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၇ အို ယေဟောဝါ၊ ကျွန်တော်တို့ရဲ့ အမှားတွေက ကျွန်တော်တို့မှားကြောင်း သက်သေထွက်ဆိုနေပေမဲ့ နာမတော်ကိုထောက်ပြီး လုပ်ဆောင်ပေးပါ။+

      ကျွန်တော်တို့ သစ္စာမဲ့ပေါင်းလည်း များလှပါပြီ။+

      ကိုယ်တော့်ကို ပြစ်မှားမိပါပြီ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ