-
ယောဘ ၁၄:၁၃၊ ၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ကိုယ်တော်က ကျွန်တော့်ကို သင်္ချိုင်း* မှာ ဝှက်ထားပေးရင်၊+
အမျက်မပြေမချင်း ဖုံးကွယ်ပေးထားရင်၊
ကျွန်တော့်အတွက် အချိန်သတ်မှတ်ပြီး သတိရပေးရင် သိပ်ကောင်းမှာပဲ။+
၁၄ လူဟာ သေဆုံးသွားရင် အသက်ပြန်ရှင်နိုင်ဦးမလား။+
ကျွန်တော်က လွတ်မြောက်မယ့်အချိန် မရောက်မချင်း
မဖြစ်မနေ ကြုံရမယ့်နေ့တွေ တစ်လျှောက်လုံး စောင့်ဆိုင်းနေပါ့မယ်။+
-
-
တမန်တော် ၁၃:၃၄-၃၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၄ ဘုရားသခင်က သူ့ကို ရှင်ပြန်ထမြောက်စေခဲ့တယ်။ ပုပ်ပျက်တဲ့အဖြစ်ကို ဘယ်တော့မှ ပြန်ရောက်စေမှာ မဟုတ်ဘူး။ ဒီနည်းနဲ့ ‘ဒါဝိဒ်ကို ကတိပေးခဲ့တဲ့ ခိုင်မြဲတဲ့မေတ္တာမျိုး မင်းတို့ကို ပြမယ်။ အဲဒီမေတ္တာဟာ ယုံကြည်စိတ်ချထိုက်တယ်’ ဆိုတဲ့ မိမိရဲ့မိန့်မှာချက် မှန်ကန်ကြောင်း ဖော်ပြခဲ့တယ်။+ ၃၅ ဆာလံနောက်တစ်ခန်းမှာလည်း ‘ကိုယ်တော်က သစ္စာစောင့်သိသူကို ပုပ်ပျက်သွားတဲ့အဖြစ်မျိုး တွေ့ကြုံခွင့်ပြုမှာ မဟုတ်ဘူး’ လို့ရေးထားတယ်။+ ၃၆ တစ်သက်တာလုံး ဘုရားသခင်အတွက် အမှုဆောင်ခဲ့တဲ့ ဒါဝိဒ်ဟာ သေခြင်းမှာ အိပ်ပျော်သွားပြီးနောက် ဘိုးဘေးတွေနဲ့အတူ သင်္ဂြိုဟ်ခံခဲ့ရတယ်၊ ပုပ်ပျက်တဲ့အဖြစ်ကို တွေ့ကြုံခဲ့ရတယ်။+ ၃၇ ဘုရားသခင် ရှင်ပြန်ထမြောက်စေခဲ့သူကတော့ ပုပ်ပျက်တဲ့အဖြစ်မျိုး မတွေ့ကြုံခဲ့ရဘူး။+
-