-
ယောရှု ၁:၇၊ ၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ “ရဲစွမ်းသတ္တိ ရှိပါ။ ငါ့ကျွန်မောရှေ မှာကြားခဲ့တဲ့ ပညတ်တရားကို ဂရုတစိုက် လိုက်နာပါ။ ဘယ်ညာ မလွဲသွားနဲ့။+ ဒါမှ အရာရာကို ဉာဏ်ပညာရှိရှိ လုပ်ဆောင် နိုင်မယ်။+ ၈ ဒီပညတ်ကျမ်းမှာပါတဲ့ အကြောင်းတွေကို မပြောဘဲမနေနဲ့။+ အဲဒီမှာ ရေးထားသမျှကို ဂရုတစိုက် လိုက်နာနိုင်ဖို့ နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်ပါ။+ ဒါဆိုရင် ဘဝလမ်းခရီး အောင်မြင်ပြီး ဉာဏ်ပညာရှိရှိ လုပ်ဆောင်နိုင်မယ်။+
-
-
ဆာလံ ၁၁၉:၁၀၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀၀ အမိန့်တော်တွေကို စောင့်ထိန်းလို့
အသက်ကြီးသူတွေထက် သိနားလည်နိုင်စွမ်းနဲ့ လုပ်ဆောင်နိုင်တာပါ။
-
-
၂ တိမောသေ ၃:၁၄၊ ၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ မင်းကတော့ သင်ယူထားတဲ့အရာတွေ၊ လက်ခံယုံကြည်ထားတဲ့ အရာတွေအတိုင်း ဆက်လုပ်ဆောင်နေပါ။+ အဲဒါတွေကို ဘယ်သူတွေဆီက သင်ယူခဲ့မှန်း မင်းသိပါတယ်။ ၁၅ သမ္မာကျမ်းစာကို နို့စို့အရွယ်ကတည်းက+ မင်းသိရှိခဲ့တယ်။+ အဲဒီကျမ်းစာဟာ ဉာဏ်ပညာရှိစေနိုင်တယ်။ ခရစ်တော်ယေရှုကို မင်းယုံကြည်တဲ့အတွက် ကယ်တင်ခြင်းရနိုင်အောင် အဲဒီဉာဏ်ပညာက ကူညီပေးတယ်။+
-