ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၁၅:၇၊ ၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇ “ယေဟောဝါဘုရားပေးတဲ့ ပြည်ထဲက မြို့တစ်မြို့မှာ ကိုယ့်ညီအစ်ကိုတစ်ယောက် ဆင်းရဲနေတယ်ဆိုရင် သူ့အပေါ် အကြင်နာ မကင်းမဲ့ရဘူး။ မတွန့်တိုရဘူး။+ ၈ သူ့ကို ရက်ရက်ရောရော ပေးကမ်းရမယ်။+ သူလိုအပ်တာ၊ သူ့မှာ မရှိတာတွေကို ချေးငှားပေးရမယ်။

  • ဆာလံ ၄၁:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၁ နိမ့်ကျသူကို စာနာမှုပြတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+

      ဘေးဆိုးကြုံရချိန်မှာ ယေဟောဝါ ကယ်တင်လိမ့်မယ်။

  • ပညာအလိမ္မာ ၁၉:၁၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ နိမ့်ကျသူကို မျက်နှာသာပေးတဲ့သူဟာ ယေဟောဝါကို ချေးငှားပေးတဲ့သူပဲ။+

      သူ့လုပ်ရပ်အတွက် ဘုရား ပြန်ဆပ်ပေးလိမ့်မယ်။+

  • လုကာ ၆:၃၄၊ ၃၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၄ ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ချေးငှားပေးရင် ဘာထူးခြားလို့လဲ။+ အပြစ်သားတွေတောင် ကျေးဇူးဆပ်ခံချင်လို့ အချင်းချင်း ချေးငှားတတ်တာပဲ။ ၃၅ ခင်ဗျားတို့ကတော့ ရန်သူတွေကို မေတ္တာထားမြဲထားပါ။ အမြဲကောင်းမှုပြုပါ။ ပြန်ရမယ်လို့ မမျှော်လင့်ဘဲ အမြဲချေးငှားပေးပါ။+ အဲဒီလိုလုပ်ရင် ခင်ဗျားတို့ရမယ့် ဆုဟာ ကြီးမြတ်လိမ့်မယ်။ အမြင့်မြတ်ဆုံးအရှင်ရဲ့ သားတွေ ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားက ကျေးဇူးမသိတတ်သူတွေ၊ လူဆိုးတွေကို ကျေးဇူးပြုတဲ့အရှင် ဖြစ်လို့ပဲ။+

  • တမန်တော် ၂၀:၃၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၅ ဒီနည်းနဲ့ ခင်ဗျားတို့လည်း အလုပ်ကြိုးစားပြီး+ အားနည်းသူတွေကို ထောက်မပေးဖို့၊ ‘ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်’+ ဆိုတဲ့ သခင်ယေရှုရဲ့စကားကို အမြဲအမှတ်ရနေဖို့ အရာရာမှာ ကျွန်တော် ပုံနမူနာပြခဲ့တယ်” လို့ပြောတယ်။

  • ဟီဘရူး ၁၃:၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ ဒါ့အပြင် ကောင်းမှုပြုဖို့၊ ကိုယ့်မှာရှိတာကို သူတစ်ပါးကို ဝေမျှဖို့ မမေ့ပါနဲ့။+ ဘာလို့လဲဆိုတော့ အဲဒီလိုပူဇော်သက္ကာတွေကို ဘုရားသခင် နှစ်သက်တယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ