ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၂၁:၇-၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇ မြည်းမနဲ့ မြည်းကလေးကို ဆွဲလာပြီး သူတို့ရဲ့ ဝတ်ရုံကို မြည်းကျောပေါ် ခင်းပေးတယ်။ ယေရှုက မြည်းကလေးကို စီးလာတယ်။+ ၈ လူအများစုက သူတို့ရဲ့ ဝတ်ရုံတွေကို လမ်းပေါ် ဖြန့်ခင်းပေးတယ်။+ တချို့က သစ်ခက်တွေ ခုတ်ပြီး ခင်းပေးတယ်။ ၉ ရှေ့နောက်လိုက်ပါလာတဲ့ လူအုပ်က “ဘုရားသခင်၊ ဒါဝိဒ်ရဲ့ သားကို ကယ်တင်ပေးပါ။+ ယေဟောဝါရဲ့* နာမည်နဲ့ ရောက်လာသူ ကောင်းချီး ခံစားရပါစေ။+ ကောင်းကင်မှာ စံမြန်းတဲ့အရှင်၊ ဒါဝိဒ်ရဲ့ သားကို ကယ်တင်ပေးပါ”+ လို့ ကြွေးကြော်ကြတယ်။

  • မဿဲ ၂၃:၃၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၉ ငါပြောမယ်။ ‘ယေဟောဝါရဲ့* နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ’+ လို့ မင်း မပြောမချင်း အခုကစပြီး ငါ့ကို လုံးဝ မြင်ရမှာ မဟုတ်ဘူး။”

  • မာကု ၁၁:၇-၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇ တပည့်တွေက မြည်းကလေးကို+ ယေရှုဆီ ဆွဲလာပြီး သူတို့ရဲ့ဝတ်ရုံကို မြည်းကျောပေါ် ခင်းပေးကြတယ်။ ယေရှုက မြည်းကလေးကို စီးလာတယ်။+ ၈ လူအများကလည်း သူတို့ရဲ့ဝတ်ရုံတွေကို လမ်းပေါ် ဖြန့်ခင်းကြတယ်။ တချို့က လမ်းဘေးက သစ်ခက်တွေကို ခုတ်ပြီး လမ်းပေါ်ခင်းကြတယ်။+ ၉ အရှေ့အနောက်လိုက်ပါလာတဲ့ လူအုပ်က “ဘုရားသခင်၊ သူ့ကို ကယ်တင်ပါ။+ ယေဟောဝါရဲ့* နာမည်နဲ့ ရောက်လာသူ ကောင်းချီးခံစားရပါစေ။+ ၁၀ တည်ထောင်တော့မယ့် အဖဒါဝိဒ်ရဲ့နိုင်ငံ+ ကောင်းချီးခံစားရပါစေ။ ကောင်းကင်မှာ စံမြန်းတဲ့အရှင်၊ သူ့ကို ကယ်တင်ပါ” ဆိုပြီး ကြွေးကြော်ကြတယ်။

  • လုကာ ၁၉:၃၇၊ ၃၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၇ သံလွင်တောင် အဆင်းလမ်းနားကို ရောက်လာတဲ့အခါ တပည့်အတော်များများက သူတို့မြင်ခဲ့တဲ့ အံ့ဖွယ်လုပ်ရပ်တွေကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ဘုရားသခင်ကို အကျယ်ကြီး အခုလိုချီးမွမ်းကြတယ်– ၃၈ “ယေဟောဝါရဲ့* နာမည်နဲ့ ရောက်လာတဲ့ဘုရင် ကောင်းချီးခံစားရပါစေ။ ကောင်းကင်မှာ ငြိမ်သက်ခြင်းရှိပါစေ။ ကောင်းကင်မှာစံမြန်းတဲ့ ဘုရားကို ဂုဏ်တင်ချီးမွမ်းကြပါစေ။”+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ