၁၈ သူနန်းထိုင်တဲ့အခါ လေဝိအနွယ် ပုရောဟိတ်တွေ သိမ်းဆည်းထားတဲ့ ဒီပညတ်ကျမ်းကိုယူပြီး ကိုယ်တိုင် တစ်စောင်ကူးရေးရမယ်။+
၁၉ “ဘုရင်က အဲဒီကျမ်းလိပ်ကို ကိုယ်နဲ့မကွာ ဆောင်ထားပြီး တစ်သက်လုံး ဖတ်ရမယ်။+ ဒါမှ ယေဟောဝါဘုရားကို ကြောက်ရွံ့ရိုသေတတ်လာပြီး ကျမ်းလိပ်မှာပါတဲ့ စကားတွေ၊ စည်းမျဉ်းတွေကို လိုက်နာနိုင်မယ်။+