ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဆာလံ ၁၅:၁-၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ အို ယေဟောဝါ၊ တဲတော်မှာ ဘယ်သူ တည်းခိုခွင့်ရမလဲ။

      သန့်ရှင်းတဲ့တောင်ပေါ်မှာ ဘယ်သူ နေခွင့်ရမလဲ။+

      ၂ အမှားကင်းအောင်နေတဲ့သူ၊+

      မှန်ရာလုပ်တဲ့သူ၊+

      ဟုတ်တိုင်းမှန်ရာ ပြောတဲ့သူပါ။+

      ၃ သူက သူတစ်ပါးအကြောင်း သွားပုပ်လေလွင့် မပြောဘူး။+

      လူလူချင်းအပေါ် မကောင်းတာ ဘာမှမလုပ်ဘူး။+

      မိတ်ဆွေတွေအကြောင်း မကောင်းသတင်း မလွှင့်တတ်ဘူး။+

      ၄ ယုတ်ညံ့သူကို ရှောင်ခွာတယ်။+

      ယေဟောဝါကို ကြောက်ရွံ့သူတွေကိုတော့ ဂုဏ်တင်တယ်။

      ကိုယ့်အကျိုး ပျက်မယ်ဆိုရင်တောင် ကတိတည်တတ်တယ်။+

      ၅ ငွေချေးပေးတဲ့အခါ အတိုးမယူဘူး။+

      အပြစ်မဲ့သူကို ဒုက္ခပေးဖို့ သူ့ဆီ လာဘ်ထိုးလို့ မရဘူး။+

      သူလိုလူဟာ ဘယ်တော့မှ တုန်လှုပ်ရမှာ မဟုတ်ဘူး။+

  • ဆာလံ ၂၇:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄ ယေဟောဝါဆီမှာ ငါဆုပန်ထားတာ တစ်ခုပဲရှိတယ်။

      ငါတောင့်တတဲ့ အဲဒီဆုကတော့

      ယေဟောဝါရဲ့အိမ်တော်မှာ အသက်ထက်ဆုံး နေထိုင်ခွင့်ရဖို့ပါပဲ။+

      အဲဒီလိုသာဆိုရင် ယေဟောဝါရဲ့ကောင်းမြတ်ခြင်းကို ငါမြင်တွေ့နိုင်မယ်။

      ဗိမာန်တော်ကိုလည်း တန်ဖိုးထားစိတ်နဲ့ ကြည့်နိုင်မယ်။+

  • ဆာလံ ၆၅:၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄ တံတိုင်းတော်ထဲမှာနေဖို့

      ကိုယ်တော်ရွေးချယ်ပြီး ဖိတ်ခေါ်ထားတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။+

      အိမ်တော်ဖြစ်တဲ့ သန့်ရှင်းတဲ့

      ဗိမာန်တော်မှာ+ ခံစားရတဲ့ ကောင်းမြတ်ခြင်းကြောင့်

      ကျွန်တော်တို့ ကျေနပ်ရလိမ့်မယ်။+

  • ဆာလံ ၁၂၂:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂၂ “ယေဟောဝါရဲ့ အိမ်တော်ကို သွားကြစို့” လို့

      ပြောကြတဲ့အခါ ငါပျော်လိုက်တာ။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ