၁၁ တောထဲမှာ အီဂျစ်လူတစ်ယောက်ကို သူတို့တွေ့တဲ့အခါ ဒါဝိဒ်ဆီ ခေါ်လာတယ်။ သူ့ကို စားစရာ၊ သောက်စရာတွေ ပေးတယ်။ ၁၂ သဖန်းသီးပျဉ် တစ်ချပ်၊ စပျစ်သီးပျဉ် နှစ်ချပ်ကိုလည်း ပေးတယ်။ သုံးရက်၊ သုံးညလုံးလုံး မစား မသောက်ခဲ့ရတဲ့ အဲဒီလူဟာ အဲဒါတွေကို စားပြီးနောက် အားအင်ပြည့်လာတယ်။