-
၁ ဘုရင်များ ၂၁:၂၀၊ ၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ အဲဒီအခါ အာဟပ်မင်းက “ရန်သူကြီး၊+ မင်း ငါ့ကို ရှာတွေ့ပြီပေါ့” လို့မေးတော့ ဧလိယက “ဟုတ်တယ်၊ ရှာတွေ့ပြီ။ ဘုရားသခင် ပြောတာက ‘မင်းဟာ ငါယေဟောဝါရှေ့မှာ မကောင်းတာတွေလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အတွက်၊+ ၂၁ မင်းအပေါ် ငါဘေးဆိုးကျရောက်စေပြီး မင်းကို ရှင်းထုတ်မယ်။ အစ္စရေးပြည်က ခိုကိုးရာမဲ့သူနဲ့ နိမ့်ကျသူအပါအဝင် အာဟပ်အမျိုးထဲက ယောက်ျားမှန်သမျှကို ငါပယ်ရှင်းမယ်။+
-
-
၂ ဘုရင်များ ၁၀:၁၀၊ ၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ အာဟပ်အမျိုးနဲ့ပတ်သက်ပြီး ယေဟောဝါဘုရား ပြောခဲ့တဲ့ ယေဟောဝါရဲ့စကား တစ်ခွန်းမကျန် ပြည့်စုံလာတယ်ဆိုတာ+ သိထားကြပါ။ ယေဟောဝါက မိမိရဲ့ကျွန် ဧလိယကတစ်ဆင့် ပြောခဲ့တဲ့အတိုင်း လုပ်ဆောင်ခဲ့ပြီ”+ လို့ပြောတယ်။ ၁၁ ယေဟုက ယေဇရေလမြို့မှာ ကျန်နေသေးတဲ့ အာဟပ်ရဲ့အမျိုးတွေ၊ အာဟပ်နဲ့ပတ်သက်တဲ့ မြို့မိမြို့ဖတွေ၊ အသိအကျွမ်းတွေ၊ ပုရောဟိတ်တွေကိုလည်း+ တစ်ယောက်မကျန် ကွပ်မျက်တယ်။+
-