-
ထွက်မြောက်ရာ ၂၀:၄၊ ၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ “အထက်မိုးကောင်းကင်ပေါ်က၊ အောက်အရပ်မြေကြီးပေါ်က၊ မြေအောက် ရေထဲက အရာတစ်ခုခုနဲ့ ပုံသဏ္ဌာန်တူတာကိုဖြစ်စေ၊ ရုပ်တုကိုဖြစ်စေ မလုပ်နဲ့။+ ၅ အဲဒါတွေကို ဦးမချနဲ့။ ဝတ်မပြုနဲ့။+ မင်းတို့ရဲ့ဘုရားသခင် ငါယေဟောဝါဟာ ငါတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ဘုရား၊+ ငါ့ကိုမုန်းတဲ့သူဆိုရင် သူ့ရဲ့သားမြေးမြစ်တွေအထိ ဒဏ်ခတ်တဲ့ဘုရား၊
-
-
ဟဗက္ကုတ် ၂:၁၈၊ ၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ လူထွင်းထားတဲ့ ရုပ်တုဟာ ဘာများအကျိုးပေးလို့လဲ။
လူသွန်းလုပ်တဲ့ ရုပ်တုနဲ့ အလိမ်အညာဆရာက ဘာများ အကျိုးပေးလို့လဲ။
သွန်းလုပ်တဲ့သူက အသုံးမဝင်တဲ့ ရုပ်တုကို ဘယ်လို ယုံကြည်ကိုးစားနိုင်မလဲ။
အဲဒီရုပ်တုက စကားမှ မပြောတတ်တာ။+
၁၉ သစ်သားတုံးကို “နိုးထပါတော့” လို့ပြောတဲ့သူ၊
စကားမပြောတတ်တဲ့ ကျောက်တုံးကို “နိုးထပါတော့၊ သွန်သင်ပေးပါတော့” လို့ပြောတဲ့သူဟာ အဖြစ်ဆိုးကြုံရလိမ့်မယ်။
ကြည့်လိုက်ပါ။ ရွှေငွေတွေနဲ့ မွမ်းမံထားပေမဲ့+ အဲဒီရုပ်တုတွေဟာ အသက်မဲ့နေတယ်။+
-