ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၃၂:၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ ယေဟောဝါက “ဒီလူတွေ တော်တော်ခေါင်းမာမှန်း* ငါသိတယ်။+

  • ၂ ဘုရင်များ ၁၇:၁၃၊ ၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ ယေဟောဝါက ပရောဖက်တွေ၊ စိတ်အာရုံမြင်ရသူတွေကတစ်ဆင့်+ အစ္စရေးနဲ့ယုဒလူတွေကို “မင်းတို့ရဲ့ ဆိုးညစ်တဲ့လမ်းစဉ်ကို စွန့်လွှတ်ကြ။+ ဘိုးဘေးတွေကို ငါမိန့်မှာခဲ့တဲ့၊ ငါ့ကျွန် ပရောဖက်တွေကတစ်ဆင့် ပေးခဲ့တဲ့ ပညတ်ချက်တွေ၊ ဥပဒေတွေ၊ ပညတ်ကျမ်းမှာ ရေးထားတာတွေကို လိုက်နာကြပါ” ဆိုပြီး မပြတ်သတိပေးတယ်။ ၁၄ ဒါပေမဲ့ သူတို့ နားမထောင်ဘူး။ ယေဟောဝါဘုရားကို မယုံကြည်ခဲ့တဲ့ ဘိုးဘေးတွေလို ခေါင်းမာနေတုန်းပဲ။+

  • ၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၅ ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါဟာ မိမိနေထိုင်ရာအရပ်နဲ့ လူမျိုးတော်ကို သနားညှာတာတဲ့အတွက် တမန်တွေလွှတ်ပြီး သူတို့ကို အမြဲသတိပေးတယ်။ ထပ်တလဲလဲ သတိပေးတယ်။ ၁၆ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ဘုရားသခင် စေလွှတ်တဲ့ တမန်တွေကို လှောင်ပြောင်တယ်။+ ကိုယ်တော့်စကားကို မထီလေးစားလုပ်ပြီး+ ပရောဖက်တွေကို ကဲ့ရဲ့တယ်။+ နောက်ဆုံး သူတို့ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်ရတဲ့အထိ၊+ သူတို့ နာလန်မထူနိုင်တော့တဲ့အထိ ဖြစ်သွားတယ်။

  • ဆာလံ ၇၈:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ ဒါမှ ဘိုးဘေးတွေလို သူတို့မဖြစ်ကြမှာ။

      ဘိုးဘေးတွေဟာ ခေါင်းမာပြီး ပုန်ကန်တတ်တဲ့ လူမျိုးဆက်၊+

      စိတ်မတည်ငြိမ်တဲ့ လူမျိုးဆက်၊+

      ဘုရားသခင်အပေါ် သစ္စာမရှိတဲ့ လူမျိုးဆက်ဖြစ်ခဲ့တယ်။

  • ယေဇကျေလ ၃:၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇ အစ္စရေးအမျိုးကတော့ ငါ့စကားကို နားမထောင်တဲ့အတွက် မင်းပြောတာကိုလည်း နားထောင်မှာ မဟုတ်ဘူး။+ အစ္စရေးတစ်မျိုးလုံးဟာ ခေါင်းမာပြီး အကြင်နာကင်းမဲ့ကြတယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ