-
ဝတ်ပြုရာ ၃:၁၄-၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ ယေဟောဝါအတွက် မီးရှို့ပူဇော်ဖို့ ဝမ်းတွင်းအဆီလွှာ၊ အူမှာကပ်နေတဲ့အဆီ၊+ ၁၅ ခါးအတွင်းပိုင်းမှာရှိတဲ့ ကျောက်ကပ်နှစ်ခုနဲ့ ကျောက်ကပ်ပေါ်က အဆီတွေကို ပေးရမယ်။ ကျောက်ကပ်တွေနဲ့အတူ အသည်းပေါ်က အဆီလွှာလည်း ပါတယ်။ ၁၆ ပုရောဟိတ်က အဲဒါတွေကို အစားအစာအဖြစ် ပူဇော်ရာပလ္လင်ပေါ်မှာ မီးရှို့ရမယ်။ ဒါဟာ မွှေးကြိုင်တဲ့ ရနံ့အဖြစ် မီးရှို့ဆက်သတဲ့အလှူပဲ။ အဲဒီအဆီအားလုံး ယေဟောဝါအတွက် ဖြစ်ရမယ်။+
-