-
မာကု ၇:၃၂-၃၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၂ အဲဒီမှာ နားမကြား၊ စကားမပြောနိုင်တဲ့ လူတစ်ယောက်ကို ယေရှုဆီ ခေါ်လာပြီး+ သူ့အပေါ်မှာ လက်တင်ဖို့ အသနားခံကြတယ်။ ၃၃ ယေရှုက သူ့ကို လူအုပ်ထဲကနေ သီးသန့်ခေါ်ထုတ်သွားပြီး သူ့နားနှစ်ဖက်ထဲ လက်ညှိုးကို သွင်းလိုက်တယ်။ အဲဒီနောက် တံတွေးထွေးပြီး သူ့လျှာကို တို့တယ်။+ ၃၄ ကောင်းကင်ကို မော့ကြည့်ရင်း အသက်ပြင်းပြင်းရှူပြီး “ဧဖသ” လို့ပြောတယ်။ “ပွင့်စေ” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ၃၅ အဲဒီအချိန်မှာပဲ အဲဒီလူ နားကြားပြီး+ စကားပြောနိုင်လာတယ်။
-