-
၂ ရာဇဝင်ချုပ် ၃၄:၂၀၊ ၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ အဲဒီနောက် ဟိလခိ၊ ရှာဖန်ရဲ့သား အဟိကံ၊+ မိက္ခာရဲ့သား အာဗဒုန်၊ စာရေးတော်ရှာဖန်၊ မင်းမှုထမ်း အသာယတို့ကို၊ ၂၁ “အခုတွေ့တဲ့ ကျမ်းလိပ်ထဲမှာပါတဲ့ စကားတွေနဲ့ပတ်သက်လို့ ငါ့အတွက်၊ အစ္စရေးနဲ့ယုဒပြည်မှာ ကျန်နေသေးသူတွေအတွက် ယေဟောဝါဘုရားကို သွားမေးမြန်းပါ။ ဘိုးဘေးတွေက ယေဟောဝါရဲ့စကားအတိုင်း မလုပ်ဆောင်ခဲ့ဘူး။ ဒီကျမ်းလိပ်မှာပါတဲ့ စကားတွေကို မလိုက်နာခဲ့ဘူး။ ဒါကြောင့် ငါတို့ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်တော့မှာပဲ”+ လို့အမိန့်ပေးတယ်။
-
-
ယေရမိ ၃၉:၁၃၊ ၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ဒါကြောင့် ကိုယ်ရံတော်တပ်မှူး နေဗုဇာရဒန်၊ ရာဗသာရိတ် နေဗုရှာဇဗန်၊ ရာမဂ် နေဂဲရှရေဇာနဲ့ ဗာဗုလုန်အရာရှိတွေက လူလွှတ်ပြီး၊ ၁၄ ယေရမိကို အစောင့်ရင်ပြင်ကနေ ခေါ်ထုတ်တယ်။+ အဲဒီနောက် ရှာဖန်ရဲ့မြေး၊+ အဟိကံရဲ့သား+ ဂေဒလိဆီမှာ+ အပ်ပြီး ဂေဒလိရဲ့အိမ်ကို ခေါ်သွားခိုင်းတယ်။ ဒါကြောင့် ယေရမိက ပြည်သူပြည်သားတွေနဲ့အတူ နေထိုင်ရတယ်။
-