၄၃ အို ယာကုပ်၊ အို အစ္စရေး၊
မင်းကိုဖန်ဆင်းတဲ့အရှင်၊ မင်းကိုပုံသွင်းတဲ့အရှင်+ ယေဟောဝါပြောတယ်–
“မကြောက်နဲ့။ မင်းကို ငါပြန်ဝယ်လိုက်ပြီ။+
နာမည်တပ်ပြီး ခေါ်လိုက်ပြီ။
မင်းကို ငါပိုင်တယ်။
၂ မင်း ရေထဲ ဖြတ်လျှောက်တဲ့အခါ မင်းနဲ့အတူ ငါရှိမယ်။+
မြစ်ကို ဖြတ်ကူးတဲ့အခါ မင်းကို ရေလွှမ်းမှာ မဟုတ်ဘူး။+
မီးထဲ ဖြတ်လျှောက်တဲ့အခါ မင်းကို မီးလောင်မှာ မဟုတ်ဘူး။
မီးဟပ်မှာ မဟုတ်ဘူး။