၄ ဗာဗုလုန်ဘုရင်ကို မင်းတို့ ကဲ့ရဲ့ပြောင်လှောင်ကြမှာက–
“သူများကို မတရားခိုင်းစေခဲ့သူ ဇာတ်သိမ်းသွားပြီကိုး။
ဖိနှိပ်မှုကလည်း အဆုံးတိုင်ပြီကိုး။+
၅ ယေဟောဝါဘုရားက လူဆိုးတွေရဲ့ ကြိမ်လုံးကို၊
အုပ်စိုးရှင်တွေရဲ့ ရာဇလှံတံကို ချိုးပစ်လိုက်ပြီ။+
၆ သူတို့က လူတွေကို ဒေါသတကြီးနဲ့ တရစပ် ရိုက်နှက်ခဲ့တယ်။+
တခြားလူမျိုးတွေကို ဒေါသတကြီး နှိမ်နင်းပြီး မနားတမ်း နှိပ်စက်ခဲ့တယ်။+