၄ အဲဒီနောက် ကောင်းကင်ကနေ အသံနောက်တစ်သံ ထွက်ပေါ်လာပြီး “ငါ့လူတို့၊ သူ့ရဲ့အပြစ်တွေမှာ မပါချင်ဘူး၊ သူခံရမယ့်ကပ်ဘေးတွေကို မခံချင်ဘူးဆိုရင်+ သူ့ဆီကနေ ထွက်သွားကြ။+ ၅ သူ့ရဲ့အပြစ်တွေ များလွန်းလို့ ကောင်းကင်အထိ ရောက်နေပြီ။+ သူလုပ်ခဲ့တဲ့ မတရားမှုတွေအတွက် သူ့ကို ဘုရားသခင် တရားစီရင်တော့မယ်။+