ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဆာလံ ၁၃၆:၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅ မိုးကောင်းကင်ကို လက်ရာမြောက်အောင် ဖန်ဆင်းတယ်။+

      ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်။

  • ပညာအလိမ္မာ ၃:၁၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၉ ယေဟောဝါက ကမ္ဘာမြေကို ဉာဏ်ပညာနဲ့ အုတ်မြစ်ချခဲ့တယ်။+

      ကောင်းကင်ကို ပိုင်းခြားသိမြင်မှုနဲ့ အခိုင်အမာတည်ခဲ့တယ်။+

  • ဟေရှာယ ၄၀:၂၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ ကမ္ဘာလုံးရဲ့အထက်မှာ စံမြန်းတဲ့အရှင်တစ်ပါး ရှိတယ်။+

      ကမ္ဘာမြေပေါ် နေထိုင်သူတွေဟာ ဘုရားရဲ့အမြင်မှာ နှံကောင်တွေလိုပဲ။

      ဘုရားက မိုးကောင်းကင်ကို ပိတ်ကျဲတစ်စလို ဖြန့်ထားတယ်။

      နေစရာ ရွက်ဖျင်တဲလို ဖြန့်ထားတယ်။+

  • ယေရမိ ၁၀:၁၂-၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ ဘုရားသခင်ဟာ ကမ္ဘာမြေကို တန်ခိုးနဲ့ဖန်ဆင်းတဲ့အရှင်၊

      ကမ္ဘာမြေကို ဉာဏ်ပညာနဲ့ အခိုင်အမာတည်စေတဲ့အရှင်၊+

      မိုးကောင်းကင်ကို သိနားလည်နိုင်စွမ်းနဲ့ ဖြန့်မိုးတဲ့အရှင်ပဲ။+

      ၁၃ ဘုရား အသံလွှင့်လိုက်တဲ့အခါ ကောင်းကင်ပေါ်က ရေတွေ ဆူပွက်ကုန်တယ်။+

      ကမ္ဘာမြေအစွန်အဖျားကနေ မိုးတိမ်တွေ တက်လာစေတယ်။+

      မိုးနဲ့အတူ လျှပ်စီးတွေ လက်စေတယ်။*

      ဘဏ္ဍာတိုက်တွေထဲကနေ လေကို ခေါ်ထုတ်လာတယ်။+

      ၁၄ လူတွေက စဉ်းစားဉာဏ်မရှိဘဲ၊ ဘာမှမသိဘဲ လုပ်နေကြတယ်။

      ပန်းထိမ်သမားက ရုပ်တုကြောင့် အရှက်ကွဲရလိမ့်မယ်။+

      သူလုပ်တဲ့ရုပ်တုဟာ မဟုတ်မမှန်တဲ့အရာ ဖြစ်နေတာကိုး။

      အဲဒီရုပ်တုတွေမှာ အသက်စွမ်းအားမှ မရှိတာ။+

      ၁၅ ရုပ်တုတွေဟာ လှည့်စားမှုပဲ။ လှောင်ပြောင်စရာပဲ။+

      စစ်ဆေးမယ့်နေ့ ရောက်တဲ့အခါ ပျက်စီးသွားလိမ့်မယ်။

      ၁၆ ယာကုပ်ရဲ့ဝေစုဖြစ်တဲ့ ဘုရားသခင်ကတော့ အဲဒီရုပ်တုတွေနဲ့ မတူဘူး။

      ဘုရားသခင်ဟာ အရာအားလုံးကို ပုံသွင်းတဲ့အရှင်ပဲ။

      အစ္စရေးဟာ ဘုရားပိုင်တဲ့ တောင်ဝှေးပဲ။+

      နာမတော်ဟာ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါလို့ ခေါ်တယ်။+

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ