-
ယေရမိ ၂၃:၇၊ ၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ယေဟောဝါ ပြောတာက– “‘အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့အရှင်၊ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ကျိန်ဆိုတယ်’ ဆိုပြီး မပြောရတော့မယ့်နေ့တွေ ရောက်တော့မယ်။+ ၈ အဲဒီအစား ‘အစ္စရေးအမျိုးရဲ့ သားမြေးတွေကို မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ၊ သူတို့ တကွဲတပြားရောက်သွားတဲ့ ပြည်တွေကနေ ခေါ်ထုတ်ပြီး နေရင်းပြည်ဆီ ပြန်ပို့ဆောင်ပေးတဲ့အရှင်၊ အသက်ရှင်နေတဲ့ဘုရား ယေဟောဝါကို တိုင်တည်ကျိန်ဆိုတယ်’ ဆိုပြီးတော့ပဲ ပြောကြတော့မယ်။ နေရင်းပြည်မှာ သူတို့ ပြန်နေထိုင်ရလိမ့်မယ်။”+
-