-
၂ ဘုရင်များ ၂၄:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ယေခေါနိကို+ ဗာဗုလုန်ဆီ ဖမ်းခေါ်သွားတယ်။+ မယ်တော်နဲ့ မိဖုရားတွေ၊ နန်းတွင်းအရာရှိတွေ၊ တိုင်းပြည်ရဲ့ အထင်ကရပုဂ္ဂိုလ်တွေကိုလည်း ဂျေရုဆလင်မြို့ကနေ ဖမ်းခေါ်သွားတယ်။ ၁၆ စစ်သည် ၇,၀၀၀၊ လက်မှုပညာသည်နဲ့ ပန်းပဲဆရာ* ၁,၀၀၀ ကို ပြည်နှင်ခံအဖြစ် ဖမ်းခေါ်သွားတယ်။ သူတို့အားလုံးဟာ ခွန်အားကြီးပြီး စစ်ရေးကျွမ်းကျင်သူတွေပဲ။
-
-
ယေရမိ ၂၉:၁၊ ၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၉ ဗာဗုလုန်ကို နေဗုခဒ်နေဇာ ဖမ်းခေါ်သွားတဲ့ ပြည်နှင်ခံတွေထဲက အကြီးအကဲတွေ၊ ပုရောဟိတ်တွေ၊ ပရောဖက်တွေနဲ့ လူအားလုံးဆီကို ပရောဖက်ယေရမိက ဂျေရုဆလင်ကနေ စာရေးပို့လိုက်တယ်။ ၂ ဘုရင်ယေခေါနိ၊+ မယ်တော်ကြီး၊+ နန်းတွင်းအရာရှိတွေ၊ ယုဒနဲ့ဂျေရုဆလင်ရဲ့ မင်းညီမင်းသားတွေ၊ လက်မှုပညာသည်တွေ၊ ပန်းပဲဆရာတွေ* ဂျေရုဆလင်ကနေ ထွက်သွားပြီးနောက်+ ရေးပို့လိုက်တာ ဖြစ်တယ်။
-