၁၁ ရှာဖန်ရဲ့မြေး၊ ဂေမရိရဲ့သား မိက္ခာယက စာလိပ်မှာပါတဲ့ ယေဟောဝါရဲ့စကားတွေကို ကြားတဲ့အခါ၊ ၁၂ နန်းတော်မှာရှိတဲ့ စာရေးတော်ရဲ့အခန်းဆီ ဆင်းသွားတယ်။ အဲဒီမှာ စာရေးတော် ဧလိရှမာ၊+ ရှေမာယရဲ့သား ဒေလာယ၊ အာခဗော်ရဲ့သား+ ဧလနာသန်၊+ ရှာဖန်ရဲ့သား ဂေမရိ၊ ဟာနနိရဲ့သား ဇေဒကိနဲ့ မင်းညီမင်းသားတွေ ထိုင်နေတယ်။